နေ့စဥ်သတင်း

နမ့်ခမ်းမြို့အနီးတွင် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်၊ အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိ

မဲခေါင် 31 May - 2026
မဲခေါင်၊ မေ ၃၁ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က အလွန်ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ကောင်းတပ်ရွာသည် နမ့်ခမ်းမြို့နှင့် ကပ်လျက်တည်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး ယခုပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိမှုများပြားသည့်အပြင်၊ ဝန်းကျင်ရှိ ပြည်သူနေအိမ်အချို့ပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “ပေါက်ကွဲမှုက အရမ်းပြင်းထန်တယ်ဗျ။ မြို့ထဲက အိမ်တွေတောင် တုန်ခါသွားတယ်။ ထိခိုက်မှု များပြားနိုင်လို့ အခုအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ခုက ပြောသည်။ ယင်းပေါက်ကွဲမှုဖြစ်ပွားခြင်းကို TNLA ဘက်ကလည်း အတည်ပြု

မဲခေါင်၊ မေ ၃၁

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က အလွန်ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ကောင်းတပ်ရွာသည် နမ့်ခမ်းမြို့နှင့် ကပ်လျက်တည်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး ယခုပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိမှုများပြားသည့်အပြင်၊ ဝန်းကျင်ရှိ ပြည်သူနေအိမ်အချို့ပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲမှုက အရမ်းပြင်းထန်တယ်ဗျ။ မြို့ထဲက အိမ်တွေတောင် တုန်ခါသွားတယ်။ ထိခိုက်မှု များပြားနိုင်လို့ အခုအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားခြင်းကို TNLA ဘက်ကလည်း အတည်ပြု သတင်းထုတ်ပြန်ထားပြီး၊ နောက်ဆက်တွဲဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောဆိုထားသည်။

“ပြည်သူလူထုအနေနဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှုတွေ မဖြစ်ကြဖို့၊ လူမှုကွန်ရက်ပေါ်က အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို ထပ်ဆင့်မျှဝေတာမျိုး မလုပ်ကြဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ကြဖို့ အသိပေးချင်ပါတယ်” ဟု TNLA က ထုတ်ပြန်ထားသည်။

ထို့ပြင် လက်ရှိတွင် လူမှုကွန်ရက်၌ လေယာဉ်ဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ကောလာဟလများ ပျံ့နှံ့နေသော်လည်း၊ ယင်းမှာ မဟုတ်မှန်ဘဲ သတင်းအမှားသာဖြစ်ကြောင်း နမ့်ခမ်းမြို့မှ သတင်းရင်းမြစ်တစ်ခုက အတည်ပြုသည်။

“လေယာဉ်နဲ့ ကြဲတယ်ဆိုတာ သတင်းအမှားပါ။ ပေါက်ကွဲမှုအစစ်အမှန် ဖြစ်ပွားခဲ့တာပါ။ ယမ်းတွေ သိုလှောင်ထားတဲ့နေရာ ပေါက်ကွဲတာဖြစ်မယ်လို့ ထင်တယ်။ ပေါက်ကွဲတဲ့အသံက ဘယ်လောက်တောင် ကျယ်လဲဆိုရင် မူဆယ်မြို့ကနေတောင် ကြားရတယ်လို့ ဟိုဘက်က မိတ်ဆွေတွေက လှမ်းပြောလာကြတယ်” ဟု ၎င်းက ဆိုသည်။

ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မြေပြင်စုံစမ်းစစ်ဆေးမှုများ ပြီးစီးပါက တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု TNLA ဘက်က ပြောကြားထားသည်။

#MeKongNews
#နမ့်ခမ်း
#ကောင်းတပ်ရွာ
#ပေါက်ကွဲမှု
#လက်နက်တိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now