နေ့စဥ်သတင်း

ရွာငံတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူ သတ်ဖြတ်ခံရ

မဲခေါင် 21 May - 2026
မဲခေါင်၊ မေ ၂၁ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူတစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေ ၁၈ ရက် ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရွာငံမြို့နယ် မြိုင်ဘုန်းကြီးကျောင်းအနီး၌ နေထိုင်သူ အောင်ကြီးကို လာရောက် ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် ဘုန်းကြီးကျောင်းရှေ့အနီး၌ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံများ၏ ပြောကြားချက်အရ သေဆုံးသူ အောင်ကြီးသည် မြိုင်ကျေးရွာသားတစ်ဦးဖြစ်ပြီး ဘုန်းကြီးကျောင်းတွင် ညစဉ် စောင့်ကြပ်နေထိုင်ပေးသူတစ်ဦးဖြစ်ကာ စစ်ကောင်စီဘက်သို့ လုံခြုံရေးဆိုင်ရာ သတင်းပေးနေသူတစ်ဦးဟု ဒေသအတွင်း လူသိများကြောင်း သိရသည်။ “ညပိုင်းမှာ လူ ၅ ယောက်လောက် ရောက်လာပြီး

မဲခေါင်၊ မေ ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူတစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၁၈ ရက် ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရွာငံမြို့နယ် မြိုင်ဘုန်းကြီးကျောင်းအနီး၌ နေထိုင်သူ အောင်ကြီးကို လာရောက် ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် ဘုန်းကြီးကျောင်းရှေ့အနီး၌ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ သေဆုံးသူ အောင်ကြီးသည် မြိုင်ကျေးရွာသားတစ်ဦးဖြစ်ပြီး ဘုန်းကြီးကျောင်းတွင် ညစဉ် စောင့်ကြပ်နေထိုင်ပေးသူတစ်ဦးဖြစ်ကာ စစ်ကောင်စီဘက်သို့ လုံခြုံရေးဆိုင်ရာ သတင်းပေးနေသူတစ်ဦးဟု ဒေသအတွင်း လူသိများကြောင်း သိရသည်။

“ညပိုင်းမှာ လူ ၅ ယောက်လောက် ရောက်လာပြီး ခေါ်သွားတာပါ။ နောက်မနက်ကျတော့ ဘုန်းကြီးကျောင်းရှေ့မှာ သေဆုံးလျက် ပြန်တွေ့ရတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဘုန်းကြီးကျောင်းအရှေ့တွင် မှောက်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ရပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဖြစ်စဉ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးသော်လည်း လက်ရှိတွင် စစ်ကောင်စီဘက်က ကျေးရွာအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေ ၁၃ ရက်တွင်လည်း ရွာငံမြို့ ဈေးတန်းရပ်ကွက်၊ မြနန္ဒာလမ်း၌ နေထိုင်သည့် ဦးဆန်းလွင်ထူးနှင့် ဇနီးဖြစ်သူ ဒေါ်ဆွေအိမ်သီ (ခ) မစန်းထူးတို့ကို အမည်မသိ လူ ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးဟု ယူဆခံရသူများကို ရှင်းလင်းသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေး မကျေနပ်မှုများနှင့် အငြိုးအတေးများကြောင့် သာမန် အရပ်သားများကိုပါ ပစ်မှတ်ထား သတ်ဖြတ်မှုများ ရှိလာနေသဖြင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

#MeKongNews
#ရွာငံ
#စစ်ကောင်စီသတင်းပေး
#နာမည်ထွက်
#သတ်ဖြတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now