နေ့စဥ်သတင်း

ပင်းတယတွင် စလော့ဂိမ်းစွဲနေသည့် ကျောင်းဆရာမ လုယက်မှု ကျုးလွန်ရင်း ဓားဖြင့်ထိုးသဖြင့် သားအမိနှစ်ဦး သေဆုံး

မဲခေါင် 21 May - 2026
မဲခေါင်၊ မေ ၂၁ ပင်းတယတွင် စလော့ဂိမ်းစွဲနေသည့် မူလတန်းပြ ကျောင်းဆရာမတစ်ဦးက လုယက်မှု ကျူးလွန်ခဲ့ရာမှ ဓားဖြင့်ထိုးသဖြင့် သားအမိနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေ ၁၉ ရက်၊ ညပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ကျားကုန်းအုပ်စု၊ ဘုရားဖြူ ( အ.မ.က) ကျောင်းမှ မူလတန်းပြကျောင်းဆရာ မနုနုထွေးက တစ်ရွာတည်းနေ ဒေါ်မြကြည်၏ အိမ်အတွင်း လုယက်ရန်အကြံအစည်ဖြင့် ကျုးကျော်ဝင်ရောက်ပြီး အိမ်ရှင်သားအမိအား ဓားဖြင့်တိုက်ခိုက်ရန်ပြုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ ထိုစဉ် အော်ဟစ်သံများကြားသဖြင့် အိမ်ရှင်၏ ဆွေမျိုးများက လာရောက်ခဲ့ရာ မနုနုထွေးက ဓားဖြင့်တိုက်ခိုက် မှုကြောင့် အိမ်ရှင်ဒေါ်မြကြည်တွင် ဝဲဘက်ဝမ်းဗိုက်အောက်ခြေ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ လဲကျနေပြီး

မဲခေါင်၊ မေ ၂၁

ပင်းတယတွင် စလော့ဂိမ်းစွဲနေသည့် မူလတန်းပြ ကျောင်းဆရာမတစ်ဦးက လုယက်မှု ကျူးလွန်ခဲ့ရာမှ ဓားဖြင့်ထိုးသဖြင့် သားအမိနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၁၉ ရက်၊ ညပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ကျားကုန်းအုပ်စု၊ ဘုရားဖြူ ( အ.မ.က) ကျောင်းမှ မူလတန်းပြကျောင်းဆရာ မနုနုထွေးက တစ်ရွာတည်းနေ ဒေါ်မြကြည်၏ အိမ်အတွင်း လုယက်ရန်အကြံအစည်ဖြင့် ကျုးကျော်ဝင်ရောက်ပြီး အိမ်ရှင်သားအမိအား ဓားဖြင့်တိုက်ခိုက်ရန်ပြုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထိုစဉ် အော်ဟစ်သံများကြားသဖြင့် အိမ်ရှင်၏ ဆွေမျိုးများက လာရောက်ခဲ့ရာ မနုနုထွေးက ဓားဖြင့်တိုက်ခိုက် မှုကြောင့် အိမ်ရှင်ဒေါ်မြကြည်တွင် ဝဲဘက်ဝမ်းဗိုက်အောက်ခြေ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ လဲကျနေပြီး သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မီးအို(ခ) စန်းစန်းအေးမှာ ညာဘက်ရင်အောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်ပေါင်ရင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်ပေါင်အလယ် ပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိထားသည်ကို တွေ့မြင်ကြရပြီး မနုနုထွေးအား ဝိုင်းဝန်းဖမ်းဆီးကာ လက်မှဓားကို လုယူခဲ့ကြရကြောင်း သိရသည်။

“အော်သံကြားလို့ သွားကြည့်တဲ့အချိန်မှာ သားအမိနှစ်ယောက်လုံး သွေးအိုင်ထဲလဲနေတာ တွေ့ရတယ်။ ရွာကလူတွေလည်း အကုန် ထိတ်လန့်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူနှစ်ဦးအား မြင်းမူးကျေးရွာ ပရဟိတယာဉ်ဖြင့် ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း သားအမိ ၂ ဦးမှာ ယမန်နေ့ မေ ၂၀ ရက် တွင် ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူက စလော့ဂိမ်းအရမ်းဆော့တယ်လို့ ရွာမှာလည်း သိထားကြတယ်။ ငွေကြေးအခက်အခဲတွေ ရှိနေတယ်လို့လည်း ကြားထားရတယ်။ ဒေါ်မြကြည်တို့အိမ်လည်း မိန်းကလေးနှစ်ယောက်ပဲ နေတော့ အဲ့ဆရာမလည်း တစ်ဦးတည်း ဓားပြဝင်တိုက်ခဲ့တာ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူ မူလတန်းပြဆရာမ မနုနုထွေးအား ပင်းတယရဲစခန်းက စစ်ဆေးခဲ့ရာ ၎င်းသည် အွန်လိုင်းလောင်းကစားဂိမ်းအား အလွန်အကျွံ ကစားသူဖြစ်ပြီး ငွေကြေးလိုအပ်နေသဖြင့် ဒေါ်မြကြည်၏ နေအိမ်တွင် အမျိုးသမီးများသာ နေထိုင်သည်ကို အခွင့်ကောင်းယူ၍ ပစ္စည်းများ ရယူရန် လာရောက်စဉ် ဒေါ်မြကြည်နှင့် မီးအို (ခ) စန်းစန်းအေးတို့မှ ခုခံသဖြင့် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“ဒီဘက်မှာ အွန်လိုင်း လောင်းကစားတာ ထိန်းမနိုင်လောက်အောင ဖြစ်နေတာ။ ခုလို မိန်းမက လူသတ်လုယက်တာသာမကဘူး၊ မိသားစုတွေအထဲလည်း ပြဿနာတွေ ဖြစ်နေကြတာ။ ဒါကို ဘယ်လိုတားမြစ် ထိန်းသိမ်းကြမလဲ”ဟု ဒေသခံတစ်ဦးက မေးခွန်းထုတ်သည်။

လက်ရှိတွင် မနုနုထွေးအား ပင်းတယမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၄၅၈၊ ၃၂၆ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ပင်းတယမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနှင့် လောင်းကစားမှုများ ပိုမိုများပြားလာပြီး ဒေသခံပြည်သူများ အကျင့်စာရိတ္တ ပျက်ပြားကာ ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ပင်းတယ
#စလော့ဂိမ်း
#ကျောင်းဆရာမ
#လုယက်မှု
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now