နေ့စဥ်သတင်း

ကြူကုတ်ပန်ဆိုင်းတွင် MNDAA တစ်အိမ်တစ်ယောက် စစ်မှုထမ်းခေါ်

မဲခေါင် 16 May - 2026
မဲခေါင်၊ မေ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကြူကုတ်ပန်ဆိုင်းမြို့တွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က တစ်အိမ်တစ်ယောက် စစ်မှုလာထမ်းရန် ဖိအားပေးလုပ် ဆောင်နေသည်ဟု မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။ MNDAA က သတ်မှတ်ထားသည့် စစ်မှုထမ်းအကျုံးဝင်သူများအနေဖြင့် အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ စစ်မှုမထမ်းပါက နေအိမ်ကို ချိပ်ပိတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။ ကြူကုတ်ပန်ဆိုင်းမြို့တွင် နေထိုင်သူများအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပါက တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမည်ဟု MNDAAက သတ်မှတ်ထားခြင်းဖြစ်ပြီး လက်တွေ့တွင် အသက် ၁၈ နှစ်မပြည့်သေးသူများကိုပါ တပ်သားသစ်စုဆောင်းနေသည်ဟုလည်း မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ယောကျာ်းလေးရော မိန်းကလေးရော သူတို့သတ်မှတ်ချက်အတိုင်း သွားရတယ်။ မသွားတဲ့ အိမ်တွေကိုလည်း

မဲခေါင်၊ မေ ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကြူကုတ်ပန်ဆိုင်းမြို့တွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က တစ်အိမ်တစ်ယောက် စစ်မှုလာထမ်းရန် ဖိအားပေးလုပ် ဆောင်နေသည်ဟု မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

MNDAA က သတ်မှတ်ထားသည့် စစ်မှုထမ်းအကျုံးဝင်သူများအနေဖြင့် အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ စစ်မှုမထမ်းပါက နေအိမ်ကို ချိပ်ပိတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

ကြူကုတ်ပန်ဆိုင်းမြို့တွင် နေထိုင်သူများအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပါက တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမည်ဟု MNDAAက သတ်မှတ်ထားခြင်းဖြစ်ပြီး လက်တွေ့တွင် အသက် ၁၈ နှစ်မပြည့်သေးသူများကိုပါ တပ်သားသစ်စုဆောင်းနေသည်ဟုလည်း မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ယောကျာ်းလေးရော မိန်းကလေးရော သူတို့သတ်မှတ်ချက်အတိုင်း သွားရတယ်။ မသွားတဲ့ အိမ်တွေကိုလည်း ချိပ်ပိတ်ပြီး သိမ်းတာတွေ စလုပ်နေပြီ။ဒါပေမယ့် တရုတ်တွေ တော်တော်များများကတော့ ပြေးတဲ့လူတွေကလည်း ပြေးကြတယ်။ ပိုက်ဆံရှိတဲ့လူတွေကျတော့ လူတွေငှားပြီး အစားထိုးသွားတာပေါ့။ အရင်တခေါက်လည်း ခေါ်ပြီးပြီ၊ အခုက တခါထပ်ခေါ်တာပေါ့။ ပြောတာကျတော့ အသက် ၁၈ နှစ်လို့ ပြောပေမယ့် လက်တွေ့မှာက အသက်မပြည့်လည်း သွားရတယ် “ ဟု ပန်ဆိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က မူဆယ်မြို့နယ် ပန်ဆိုင်းဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့၏ သက်ဆိုင်ရာ လူမျိုးများကိုသာ အဓိကထားပြီး တပ်သားသစ် စုဆောင်းကြသော်လည်း လက်ရှိတွင် MNDAA က လူမျိုးတိုင်းကို စစ်သားစုဆောင်းနေသည်ဟုလည်း နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။

“ပန်ဆိုင်းမြို့ကို ကိုးကန့်က ထိန်းချုပ်ပြီးနောက်ပိုင်း လူမျိုးတိုင်းကို တပ်သားသစ် စုဆောင်းတယ်။ ရှမ်းတွေကော ပလောင်တွေကော အကုန်ခေါ်တယ်။ ပန်ဆိုင်းမှာနေပြီး တခြားအဖွဲ့မှာ စစ်မှုထမ်းပြီဆိုလည်း မရဘူး သူတို့သတ်မှတ်ချက်ထဲ အကျုံးမဝင်ဘူး။ သူတို့တပ်ဖွဲ့မှာ စစ်မှုထမ်းမှရမယ်တဲ့”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

MNDAA သည် လက်ရှိတွင် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း၌ တပ်သားသစ်.စုဆောင်းမှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး စစ်သင်တန်းများကိုလည်း အဆက်မပြတ် ဖွင့်လှစ်သင်ကြားနေသည်။

မေ ၉ ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးစီး၊ မုံးဟွမ်ဒေသ၌လည်း တအာင်းတပ်ဖွဲ့ – TNLA ထံ စစ်မှုထမ်းနေသည့်သူများကို MNDAAသို့ ဘက်ပြောင်းစစ်မှုထမ်းရန် နှင့် မပြောင်းပါက ကိုးကန့်ထိန်းချုပ်နယ်မြေမှ တစ်မိသားစုလုံး ထွက်ခွာသွားရန် MNDAA က ဖိအားပေးခဲ့သည်။

ထို့ပြင် ကိုးကန့်တပ်ဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ဟိုဖျက်ကျေးရွာအုပ်စုတွင်လည်း တစ်ရွာ ၁၀ ယောက် လကုန် နောက်ဆုံးထားပြီး စစ်မှုထမ်းလာရမည်ဟု ကျေးရွာအုပ်ရေးမှူးများမှ တဆင့် တပ်သားသစ်တောင်းဆိုထားသည်။

MNDAA သည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်တွင် မုံးကိုးမြို့၊ ပန်စီတိုင်ကျေးရွာ၌ စစ်မှုလာမထမ်းဘဲ ထွက် ပြေးသည်ဟုဆိုကာ ပြည်သူတစ်ဦး၏ နေအိမ်နှင့်တောင်ယာများကို သိမ်းယူပြီး မိသားစုဝင်များကို ကျေးရွာအတွင်းမှ နှင်ထုတ်ခဲ့သည်။
‎‎
MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်းတွင် ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီးထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများ ပြုလုပ်နေသည်။

#MeKongNews
#ကြူကုတ်ပန်ဆိုင်း
#MNDAA
#စစ်မှုထမ်းခေါ်
#မူဆယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now