မဲခေါင်၊ မေ ၁၂
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP ၏ အမြဲတမ်း ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ခွန်းရီမာန်ထူးသည် မေ ၁၀ ရက် ညနေ ၅ နာရီ ၅၄ မိနစ်ခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း KNPP က မေ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
KNPP ၏ ထုတ်ပြန်ချက်အရ ၎င်းအား ဂူသွင်းသဂြိုဟ်ခြင်း အခမ်းအနားကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် မနက်ဖြန် မေ ၁၃ ရက် နံနက် ၁၁ နာရီခန့်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် ခွန်းရီမာန်ထူးသည် KNPP ၏ အမြဲတမ်း ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ပါတီလုပ်ငန်းများနှင့် ကရင်နီ အမျိုးသားရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် နောက်ဆုံးအကြိမ် ဂါရဝပြုနိုင်ရန် ရပ်နီးရပ်ဝေးမှ မိဘဆွေမျိုးသားချင်းများနှင့် မိတ်သဟာအပေါင်းများအား အကြောင်းကြားထားကြောင်းလည်း သိရသည်။
#MeKongNews
#KNPP
#ခွန်းရီမာန်ထူး
#ကွယ်လွန်
#သဂြိုဟ်








