နေ့စဥ်သတင်း

ကွတ်ခိုင်တွင် လက်နက်ကြီးကျည် ပေါက်ကွဲရာမှ ၂ ဦး သေဆုံး

မဲခေါင် 2 May - 2026
မဲခေါင်၊ မေ ၂ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုတင်ကျေးရွာတွင် လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲပြီး လူငယ် ၂ ဦး သေဆုံးသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ မေ ၁ ရက် နံနက် ၁၀ နာရီအချိန်အတွင် ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း အသက် ၁၈ နှစ်အရွယ် မိုင်းအိုက်မောက်နှင့် အသက် ၂၂နှစ်အရွယ် မိုင်းအိုက်လဝ ဆိုသူ ၂ ဦးသည် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခြင်း ဖြစ်သည်။ “သူတို့က ရွာပြင်မှာ လက်နက်ကြီးကျည်တွေ့လို့ ကောက်လာတာတဲ့၊ အဲ့ဒါအိမ်ထဲရောက်တော့ ကိုင်ကြည့်ရင်းနဲ့ အိမ်ထဲမှာပဲ ကွဲသွားတာ၊ ၂ယောက်လုံး သေသွားတယ်။ အိမ်လည်း

မဲခေါင်၊ မေ ၂

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုတင်ကျေးရွာတွင် လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲပြီး လူငယ် ၂ ဦး သေဆုံးသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မေ ၁ ရက် နံနက် ၁၀ နာရီအချိန်အတွင် ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း အသက် ၁၈ နှစ်အရွယ် မိုင်းအိုက်မောက်နှင့် အသက် ၂၂နှစ်အရွယ် မိုင်းအိုက်လဝ ဆိုသူ ၂ ဦးသည် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခြင်း ဖြစ်သည်။

“သူတို့က ရွာပြင်မှာ လက်နက်ကြီးကျည်တွေ့လို့ ကောက်လာတာတဲ့၊ အဲ့ဒါအိမ်ထဲရောက်တော့ ကိုင်ကြည့်ရင်းနဲ့ အိမ်ထဲမှာပဲ ကွဲသွားတာ၊ ၂ယောက်လုံး သေသွားတယ်။ အိမ်လည်း ပျက်သွားတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းလက်နက်ကြီးသည် ၈၀ မမအမျိုးအစား မပေါက်ကွဲသေးသည့် လက်နက်ကြီး အမျိုးအစား ဖြစ်ပြီး ကျေးရွာအပြင်ဘက်မှ ကောက်ယူလာခဲ့ခြင်း ဖြစ်သည်ဟု TNLA ပြန်ကြားရေးက ဆိုသည်။

အခြားသတင်းအရင်းအမြစ်အရ သေဆုံးသူမိုင်းအိုက်လဝ၏ အိမ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ထပ်မံတွေ့ရှိသဖြင့် MNDAA တပ်ဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် လူငယ် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကိုမူ ဒေသခံပြည်သူများမှ ဝိုင်းဝန်းကူညီကာ မီးသင်္ဂြိုဟ်ပေးခဲ့သည်။

ဧပြီ ၃၀ ရက်တွင်လည်း လားရှိုးမြို့နယ<် နမ့်ဗေဒါကျေးရွာအနီးတွင် တိုက်ပွဲကျန် လက်ပစ်ဗုံးတလုံးကို တွေ့ရှိ့ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သေးသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသများနှင့် ကျေး ရွာအနီးပတ်ဝန်းကျင်များတွင် မပေါက်ကွဲသေးသော စစ်လက်ကျန်ပစ္စည်းများ ကျန်ရှိနေတတ်သဖြင့် ပြည်သူလူထုများအနေဖြင့် တွေ့ရှိပါက မိမိတို့သဘောဖြင့် ကောက်ယူကိုင်တွယ်ခြင်း၊ နေအိမ်သို့ သယ်ဆောင်လာခြင်းနှင့် စမ်းသပ်ဆော့ကစားခြင်းများ လုံးဝမပြုလုပ်ကြရန် အထူးသတိပြုရန် လိုအပ်သည်။

ယင်းပစ္စည်းများ တွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ ချက်ချင်း သတင်းပေးအကြောင်းကြား၍ စနစ်တကျ ဖယ်ရှား ရှင်းလင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် PSLF/TNLA သတင်းနှင့်ပြန်ကြာရေးဌာနက တိုက်တွန်းထားသည်။

#MeKongNews
#ကွတ်ခိုင်
#လက်နက်ကြီးကျည်
#ပေါက်ကွဲ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now