နေ့စဥ်သတင်း

ကျိုင်းတုံတွင် ပိုက်ဆံအိတ်နှင့် ဖုန်းများ အကြမ်းဖက် လုယက်မှု ဆက်တိုက်ဖြစ်နေ

မဲခေါင် 1 May - 2026
မဲခေါင်၊ မေ ၁ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြည်သူများ၏ ပိုက်ဆံအိတ်နှင့် ဖုန်းများကို လုယက်မှု ဆက် တိုက် ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဧပြီ ၃၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ မြို့သစ်ရပ်ရှိ ချယ်ရီအလှပြင်ဆိုင်အတွင်းသို့ ဆိုင်ကယ်နှင့်.ရောက်လာသူ အမျိုးသား၂ ဦးက ဆိုင်ရှိအမျိုးသမီး၂ ဦးထံမှ ဖုန်းများကို အကြမ်းဖက် လုယက်ယူဆောင်သွားကြောင်း ဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။ “ဆိုင်ကလူတွေ အလှူသွားနေတာ။ ဆိုင်မှာ အမျိုး သမီး၂ ယောက်ပဲရှိတဲ့အချိန် ဆိုင်ထဲဝင်လာပြီး အကြမ်းဖက် လုပြေးတာ၊ CCTV ပြန်ကြည့်တော့ သင်္ကြန်ရှေ့က အိမ်ဆိုင်အတွင်း

မဲခေါင်၊ မေ ၁

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြည်သူများ၏ ပိုက်ဆံအိတ်နှင့် ဖုန်းများကို လုယက်မှု ဆက် တိုက် ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဧပြီ ၃၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ မြို့သစ်ရပ်ရှိ ချယ်ရီအလှပြင်ဆိုင်အတွင်းသို့ ဆိုင်ကယ်နှင့်.ရောက်လာသူ အမျိုးသား၂ ဦးက ဆိုင်ရှိအမျိုးသမီး၂ ဦးထံမှ ဖုန်းများကို အကြမ်းဖက် လုယက်ယူဆောင်သွားကြောင်း ဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။

“ဆိုင်ကလူတွေ အလှူသွားနေတာ။ ဆိုင်မှာ အမျိုး သမီး၂ ယောက်ပဲရှိတဲ့အချိန် ဆိုင်ထဲဝင်လာပြီး အကြမ်းဖက် လုပြေးတာ၊ CCTV ပြန်ကြည့်တော့ သင်္ကြန်ရှေ့က အိမ်ဆိုင်အတွင်း ဆိုင်ကယ်ဝင်ခိုးသွားတဲ့ ၂ ယောက်နဲ့ အတူတူပဲ။ လုခံရသူတွေကတော့ ကြောက်ပြီး ငိုနေကြတယ်။ ရဲတော့တိုင်ထားတယ် ပြောတယ်”ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အကြမ်းဖက် လုယက်ခံရသဖြင့် ပါသွားသည့် ဖုန်းများမှာ iPhone 16 ပန်းရောင်နှင့် iPhone 13 နက်ပြာရောင် တစ်လုံးတို့ဖြစ်ကြပြီး၂ လုံးပေါင်းတန်ဖိုး ကျပ်သိန်း ၅၀ ခန့် ရှိမည်ဖြစ်ကာ ဖုန်းပေါင်ခြင်း၊ Lock လာဖြည်ခြင်း၊ ဖုန်းလာရောင်းခြင်းများရှိပါက အကြောင်းကြားပေးကြပါရန် ပိုင်ရှင်များက မေတ္တာရပ်ခံထားသည်။

သင်္ကြန်မတိုင်မီ ခိုးခံရသူ ဆိုင်ကယ်မှာ လိုင်စင်ပါ အနီနှင့်အရောင် 125i ဖြစ်ပြီး ကျပ်သိန်း ၅၀ ကျော်တန်သည်ဟု ဆိုသည်။

“သူခိုးတွေက တစ်ရက်တစ်ခါ ခုလို သိန်း ၅၀ လောက်ရနေတာ။ အဖမ်းမခံရတာတွေကြောင့်ကောင်းတာ လုပ်မစားတော့ဘူး။ ခိုးရရင်ရ မရရင်လုတာ အကြမ်းဖက်တာ အသက်ရန်ရှာတာတွေ လုပ်လာကြတာ”ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ယမန်နေ့ ည ၆ နာရီခွဲတွင်လည်း ကျိုင်းတုံမြို့၊ စွန်တောင်းကုန်း အတက်နားတွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီး ၂ ဦးကို အမျိုးသား၂ ဦးက ဆိုင်ကယ်ကို ခြေထောက်ဖြင့်ကန်၍ လဲအောင်လုပ်ပြီး ပိုက်ဆံအိတ် လုယက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

“ယောင်္ကျားလေး ၂ ယောက်ဆိုင်ကယ်နဲ့ အစ်မတို့ဆိုင်ကယ်နား ကပ်လာပြီး လက်ထဲကိုင်ထားတဲ့ပိုက်ဆံအိတ်ကို လုသွားပါတယ်။ ဆိုင်ကယ်ကိုလည်း ခြေထောက်နဲ့ ကန်ပေါ့၊ လူလည်း ဒဏ်ရာရသွားပါတယ်၊ အစ်မတို့က ၂ ယောက်စီးတော့ ရှေ့ကမောင်းတဲ့တစ်ယောက် တော်တော်နာသွားပါတယ်။ အစ်မကတော့ အတင်းထပြီး ‘သူခိုး သူခိုး’ ကျမပိုက်ဆံအိတ် လာလုနေတယ်လို့ အော်ပြီးပြေးလိုက်ပါတယ်။ အဲ့နားတစ်ဝိုက်လူတွေ ထွက်လာလို့ ဆိုင်ကယ်ပါ မသွားဘူးပေါ့”ဟု လုယက်ခံရသူတစ်ဦးက ဆိုသည်။

အလားတူ ဧပြီ ၂၉ ရက်၊ ညနေ ၅ နာရီကျော်ခန့်တွင် မူးယစ်၀င်းနှင့်ယန္တယား၀င်းကြားလမ်းတွင်လည်းပိုက်ဆံအိတ် အလုခံရကြောင်း သိရသည်။

“အဲ့နားဆို SP ရဲတွေ ရုံးနေရာနား တော်တော်ကို ကြောက်စရာကောင်းပြီ။ ဘယ်မှာလဲ ကျမတို့အတွက် လုံခြုံရေး”ဟု အလုခံရသူက မေးခွန်းထုတ်ထားသည်။

ကျိုင်းတုံမြို့သည် ရှမ်းပြည်အရှေ့ပိုင်း၏ မြို့တော်ဖြစ်သလို ပြည်နယ်ခွဲအဆင့်နှင့် တြိဂံတိုင်းစစ်ဌာချုပ် ရှိသော်လည်း နေ့စဥ်ရက်ဆက် လုယက်မှုများ ဖြစ်ပွားနေသဖြင့် ပြည်သူများ လုံခြုံမှုမရှိဖြစ်နေသည့်အပေါ် ပြည်သူများက ဝေဖန်နေကြသည်။

#MeKongNews
#ကျိုင်းတုံ
#ပိုက်ဆံအိတ်
#ဖုန်းများ
#အကြမ်းဖက်
#လုယက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now