နေ့စဥ်သတင်း

တာချီလိတ်ရှိ မြစ်ချောင်းများတွင် ရေအရည်အသွေးတိုင်း၊ အမှန်အတိုင်းထုတ်ပြန်ပေးရန် ပြည်သူများလိုလား

မဲခေါင် 23 Apr - 2026
မဲခေါင်၊ ဧပြီ ၂၃ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ချောင်းများဖြစ်သည့် မယ်ဆိုင်ချောင်း၊ မယ်ခေါင်ချောင်း၊ မယ်ဟုတ်ချောင်း၊ မယ်ဟောက်ချောင်းနှင့် မဲခေါင်မြစ်တို့တွင် ရေအရည်အသွေးတိုင်းတာခြင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဧပြီလ ၂၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရေအရည်အသွေးတိုင်းတာခြင်းကို တိုင်းတာအမှတ် ၆ မှတ် သတ်မှတ်ကာ ပြုလုပ်ခဲ့ပြီး တိုင်းတာအမှတ် (၃)တွင်မူ ရေခမ်းခြောက်နေသည့်အတွက် တိုင်းတာနိုင်ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခုတိုင်းပြီးတော့ တောင်ကြီးကို နမူနာပို့မယ်။ ပြီးရင် ရလဒ်ကို အများပြည်သူသိအောင် ကြေညာမယ်လို့ ပြောသွားတယ်။ ပြီးခဲ့တဲ့ရက်က ထိုင်းက မဲခေါင်မြစ်ထဲတိုင်းတာ အာဆင်းနစ်က ၉ ဆများနေတယ်။ မြန်မာဘက်ကတော့ အားလုံးကောင်းပါသည်လို့ အဖြေထွက်လာရင် ရယ်စရာပေါ့ဗျာ။ ပညာသင်ထားတာ

မဲခေါင်၊ ဧပြီ ၂၃

တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ချောင်းများဖြစ်သည့် မယ်ဆိုင်ချောင်း၊ မယ်ခေါင်ချောင်း၊ မယ်ဟုတ်ချောင်း၊ မယ်ဟောက်ချောင်းနှင့် မဲခေါင်မြစ်တို့တွင် ရေအရည်အသွေးတိုင်းတာခြင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဧပြီလ ၂၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေအရည်အသွေးတိုင်းတာခြင်းကို တိုင်းတာအမှတ် ၆ မှတ် သတ်မှတ်ကာ ပြုလုပ်ခဲ့ပြီး တိုင်းတာအမှတ် (၃)တွင်မူ ရေခမ်းခြောက်နေသည့်အတွက် တိုင်းတာနိုင်ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုတိုင်းပြီးတော့ တောင်ကြီးကို နမူနာပို့မယ်။ ပြီးရင် ရလဒ်ကို အများပြည်သူသိအောင် ကြေညာမယ်လို့ ပြောသွားတယ်။ ပြီးခဲ့တဲ့ရက်က ထိုင်းက မဲခေါင်မြစ်ထဲတိုင်းတာ အာဆင်းနစ်က ၉ ဆများနေတယ်။ မြန်မာဘက်ကတော့ အားလုံးကောင်းပါသည်လို့ အဖြေထွက်လာရင် ရယ်စရာပေါ့ဗျာ။ ပညာသင်ထားတာ လိမ်ဖို့မဟုတ်ဘူးဆိုတာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကလူတွေ သိစေချင်တယ်” ဟု ၎င်းက ပြောသည်။

ရေအရည်အသွေးတိုင်းတာရာတွင် တိုင်းတာ အမှတ်(၁) ကို လွယ်တော်ခမ်း‌ကျေးရွာအုပ်စုရှိ လွယ်တော်ခမ်းတံတားအနီး မယ်ဆိုင်‌ချောင်း၊ တိုင်းတာအမှတ်(၂) ကို မယ်ခေါင်ရပ်ကွက်အတွင်းရှိ ချစ်ကြည်ရေးတံတားအမှတ် -၂ အနီး မယ်ဆိုင်ချောင်း၊ တိုင်းတာအမှတ် (၃)မှာ တိုင်းတာနိုင်ခြင်းမရှိ၊ တိုင်းတာအမှတ် (၄)ကို ဆေခမ်းရပ်ကွက်ရှိ ဦးထွန်းအောင် တံတားအနီး မယ်ဟုတ်ချောင်း၊ တိုင်းတာအမှတ် (၅)ကို တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စုရှိ ပါရာဒိုက်ဟိုတယ်အနီး မယ်ဟောက်ချောင်းနှင့် မဲခေါင်မြစ်ဆုံမှတ်၊ တိုင်းတာအမှတ်(၆)ကို မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိမ်ကမ်းအနီး မဲခေါင်မြစ်တို့ကို တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတစ်ခုတွင် မြစ်ချောင်းများ၏ အရည်အသွေးမှာ များစွာအရေးကြီးပြီး ဒေသလူထု၏ အသက်အိုးအိမ်နှင့် သက်ဆိုင်သည့်အတွက် မှန်ကန်စွာနှင့် မြန်ဆန်စွာ ထုတ်ပြန်ပေးစေချင်ကြောင်း တာချီလိတ်မြို့ခံတစ်ဦးကလည်း ပြောသည်။

“ထိုင်းဘက်မှာဆို သူတို့ပြည်သူအတွက် စိုးရိမ်ပြီး အမြဲတမ်း တိုင်းတာထုတ်ပြန်ပေးတယ်။ ထိုင်းပညာရှင်တွေဟာ ပညာရှင်ပီသစွာ ကောင်းရင် ကောင်းတယ်၊ မကောင်းရင် မကောင်းဘူးပြောတယ်။ ကျနော်တို့ဘက်လည်း အဲ့လိုပဲ ဖြစ်စေချင်တယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ တာချီလိတ်မြို့နယ်အတွင်း မြစ်ချောင်းများမှ ရေအရေအသွေး တိုင်းတားမှု ရလဒ်ထုတ်ပြန်မည့်ရက်ကိုမူ မသိရသေးပေ။

#MeKongNews
#တာချီလိတ်
#ရေအရည်အသွေး
#ပတ်ဝန်းကျင်ထိန်းသိမ်းရေး
#မဲခေါင်မြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now