နေ့စဥ်သတင်း

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်တွင် တစ်အိမ် ၅ သိန်းကျပ် အနည်းဆုံး PNO ဆက်ကြေးကောက်

မဲခေါင် 23 Apr - 2026
မဲခေါင်၊ ဧပြီ ၂၂ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တစ်အိမ် ၅ သိန်းကျပ် အနည်းဆုံး ဆက်ကြေးကောက်ခံခဲ့သည်ဟု ဒေသခံများကပြောသည်။ ယင်းဆက်ကြေးများကို စစ်အသုံးစရိတ်အတွက် ဟုဆိုကာ ဧပြီ ဒုတိယပတ်တွင် PNO ပြည်သူ့စစ်က ကောက်ခံခဲ့ခြင်းဖြစ်ပြီး မထည့်နိုင်သည့် ပြည်သူများလည်း ရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူတို့စားဖို့ ထမင်းလည်း နေ့တိုင်း ချက်ပို့ပေးရတယ်။ ဒေသခံတွေက စီးပွားရေးလည်း ကောင်းတာမဟုတ်ဘူး။ နောင်ထောဝ်က စစ်ပွဲဒဏ် အများကြီးခံရတာ၊ တချို့တွေဆို နေအိမ်မီးရှို့ခံရလို့ အိမ်တောင် ပြန်မဆောက်နိုင်သေးဘူး။ အခုလို တစ်အိမ် ၅ သိန်းတောင်းတာကျ ရက်စက်လွန်းတယ်” ဟု ၎င်းဒေသခံအမျိုးသားက

မဲခေါင်၊ ဧပြီ ၂၂

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က တစ်အိမ် ၅ သိန်းကျပ် အနည်းဆုံး ဆက်ကြေးကောက်ခံခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းဆက်ကြေးများကို စစ်အသုံးစရိတ်အတွက် ဟုဆိုကာ ဧပြီ ဒုတိယပတ်တွင် PNO ပြည်သူ့စစ်က ကောက်ခံခဲ့ခြင်းဖြစ်ပြီး မထည့်နိုင်သည့် ပြည်သူများလည်း ရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့စားဖို့ ထမင်းလည်း နေ့တိုင်း ချက်ပို့ပေးရတယ်။ ဒေသခံတွေက စီးပွားရေးလည်း ကောင်းတာမဟုတ်ဘူး။ နောင်ထောဝ်က စစ်ပွဲဒဏ် အများကြီးခံရတာ၊ တချို့တွေဆို နေအိမ်မီးရှို့ခံရလို့ အိမ်တောင် ပြန်မဆောက်နိုင်သေးဘူး။ အခုလို တစ်အိမ် ၅ သိန်းတောင်းတာကျ ရက်စက်လွန်းတယ်” ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

ထို့ပြင် PNO သည် စစ်အသုံး စရိတ် တစ်အိမ် ၅ သိန်းကျပ်အပြင် ပြည်ပတွင် သွားရောက် အလုပ်လုပ်သူရှိသည့် အိမ်များကိုမူ အမျိုးသားတစ်ဦးလျှင် ၂ သိန်းကျပ် နှင့် အမျိုးသမီးတစ်ဦးလျှင် ကျပ်တစ်သိန်းခွဲပါ ဆက်ကြေးတောင်းခဲ့သည်ဟု နောင်ထောဝ်ဒေသခံများက ပြောသည်။

PNO က ယင်းကဲ့သို့ ဆက်ကြေး ကောက်ခံမှုအပေါ် အချို့ပြည်သူများမှာ ထည့်နိုင်ခြင်း မရှိသေးသဖြင့် ကျေးရွာမှ အပယ်ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။

“ကျမတို့က ပွန်ချောင်းအရှေ့ဘက်ကနေ စစ်ရှောင်ရင်း နောင်ထောဝ်မှာ အခြေချကြတာ။ စားဖို့သောက်ဖို့တောင်မှ နေ့စားလိုက်ရမှ အဆင်ပြေတာလေ PNO ကောက်တဲ့ငွေကို ထည့်ဖို့ကျ ကျမတို့ အခြေအနေက မတတ်နိုင်ဘူး၊ သူများဆီ သွားချေးငှားလည်း ပြန်မပေးနိုင်ဘူးလို့ ထင်တာလားမသိဘူး မချေးပေးကြဘူး။ သူများပယ်မှာလည်း ကြောက်ရတယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခင်နှစ်တွင်လည်း PNO က နောင်ထောဝ် ကျေးရွာသားများအား စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ခေါ်ယူမှုများ ပြုလုပ်ခဲ့သေးသည်။

ယခုကဲ့သို့ စစ်ဘေးဒဏ်ကြောင့် ပြည်သူများ လူမှုစီးပွား ခက်ခဲနေချိန်တွင် PNO က မကြာခဏ ဆက်ကြေး ကောက်နေခြင်းသည် ပြည်သူများအတွက် ကြီးလေးသည့် ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေပြီး လူထုကို ပိုမိုကျပ်တည်းစေကြောင်း ဒေသခံများကပြောသည်။

#MeKongNews
#ဆီဆိုင်
#နောင်ထောဝ်
#PNO
#ဆက်ကြေးကောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now