နေ့စဥ်သတင်း

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မုံးကိုးမြို့နယ်အတွင်းရှိ တအာင်းလူမျိုး ၂၀၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က အဓမ္မ တပ်သားသစ် စုဆောင်း

မဲခေါင် 21 Apr - 2026
မဲခေါင် ၊ ဧပြီ ၂၁ မုံးကိုးမြို့နယ်ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ – MNDAA သည် ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်းတွင် မြို့နယ်အတွင်းရှိ တအာင်းလူမျိုး ၂၀၀ ကျော်ကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။ မုံးကိုးမြို့နယ်သည် ယခင်တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ လှုပ်ရှားခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးပြီးနောက် မုံးကိုးမြို့ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့က အဓိက လှုပ်ရှားခဲ့ပြီး ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ အဓမ္မတပ်သားသစ် စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။ မုံးကိုးဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းမေးမြန်းမှုအရ မုံးကိုးမြို့နယ်အတွင်းရှိ တရုတ် – မြန်မာနယ်စပ်တွင် တည်ရှိသည့် တအာင်းကျေးရွာများရှိ ဒေသခံများကို ကိုးကန့်တပ်ဖွဲ့က အဓမ္မတပ်သားသစ်စုဆောင်းသွားသည်မှာ ၁၀၂၇ စစ်ဆင်ရေးအပြီးမှ ၂၀၂၆

မဲခေါင် ၊ ဧပြီ ၂၁

မုံးကိုးမြို့နယ်ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ – MNDAA သည် ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်းတွင် မြို့နယ်အတွင်းရှိ တအာင်းလူမျိုး ၂၀၀ ကျော်ကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။

မုံးကိုးမြို့နယ်သည် ယခင်တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ လှုပ်ရှားခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးပြီးနောက် မုံးကိုးမြို့ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့က အဓိက လှုပ်ရှားခဲ့ပြီး ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ အဓမ္မတပ်သားသစ် စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။

မုံးကိုးဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းမေးမြန်းမှုအရ မုံးကိုးမြို့နယ်အတွင်းရှိ တရုတ် – မြန်မာနယ်စပ်တွင် တည်ရှိသည့် တအာင်းကျေးရွာများရှိ ဒေသခံများကို ကိုးကန့်တပ်ဖွဲ့က အဓမ္မတပ်သားသစ်စုဆောင်းသွားသည်မှာ ၁၀၂၇ စစ်ဆင်ရေးအပြီးမှ ၂၀၂၆ မတ်အထိ ၂၀၀ ဦးကျော်ရှိပြီ ဖြစ်သည်။

“အရင်က မုံးကိုးမှာ မြောက်ပိုင်းအဖွဲ့တွေ အတူတူလှုပ်ရှားကြတာ။ အဲ့ဒီအချိန် ကိုးကန့်က အားမကောင်းသေးတော့ တအာင်းရွာတွေ ကချင်ရွာတွေကို သူတို့ စစ်သားစုဆောင်းတာတွေ မလုပ်ဘူး၊ ကိုးကန့်တရုတ်ကိုပဲ အဓိက ပြန်စုကြတာပေါ့။ ၁၀၂၇ နောက်ပိုင်း မုံးကိုးကို သိမ်းပြီးတဲ့နောက် အင်အားကောင်းလာတော့ အရင်က သဘောတူထားကြတဲ့ တခြားလူမျိုးရွာကို တပ်သားမစုဆောင်းဘူးဆိုတာကိုလည်း မလိုက်နာတော့ဘူး၊ အင်အားသုံးပြီး တအာင်းရွာတွေကိုပါ ပေါ်တင် စုဆောင်းလာတယ်။ ရွာကြီးတွေဆို တရွာကို ၃၀ ကျော်သွားရတယ်” ဟု မုံးကိုးဒေသခံတစ်ဦးက မဲခေါင်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မုံးကိုးမြို့နယ်တွင် နမ့်ဝါ၊ နမ့်ဟာ ၊ မာန်ကောင်း၊ ပန်စီတိုင်း၊ ရှောက်ရွှေကျင်၊ မန်ခါ၊ ခိုတောင်၊ ဖောင်ဆိုင်၊ ဖာငပ် ကျေးရွာများသည် တအာင်းကျေးရွာများဖြစ်ပြီး မုံးကိုးမြို့ပေါ်တွင်လည်း တအာင်းလူမျိုးအများအပြား နေထိုင်လျက်ရှိသည်။

ထိုတအာင်းကျေးရွာများကို တစ်ရွာလျှင် အနည်းဆုံး ၂၀ ဦးမှ ၃၀ ဦးအထိ ကိုးကန့်တပ်ဖွဲ့က စစ်မှုထမ်းခိုင်းခဲ့ပြီး အချို့အိမ်ခြေများသည့် ကျေးရွာ ၆ ရွာထက်မနည်းမှာ ၃၀ ဦးကျော်အထိ ကိုးကန့်တပ်ဖွဲ့မှ အဓမ္မစစ်သားစုဆောင်းခဲ့သည်။

“တအာင်းရွာတွေက ရွာကြီးတွေများတယ် တချို့ရွာတွေဆို အယောက် ၃၀ ကျော် ကိုးကန့်တပ်ထဲ အဓမ္မစုဆောင်းခံရတယ်။ ညီအစ်ကို မောင်နှစ်မ နှစ်ယောက်ရှိရင် တယောက်က မသွားမနေရ သွားရတယ်။ ကိုးကန့်ဖြစ်လို့ ကိုးကန့်တပ်ထဲ သွားရတာ တအာင်းဖြစ်လို့ တအာင်းတပ်ထဲသွားရတာ ကချင်ဖြစ်လို့ ကချင်တပ်ထဲသွားရတာက အမျိုးသားရေးလို့ နားလည်ပေးလို့ ရသေးတယ်၊ အခု ကိုးကန့်တွေ လုပ်တာက တခြားလူမျိုးတွေကိုပါ သူတို့တပ်ထဲကို အဓမ္မစုဆောင်းနေတာပေါ့ဗျာ”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မတ် ၁၄ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်နှင့် တအာင်းတပ် ပဋိက္ခအတွင်း မုံးကိုးမြို့နယ်အတွင်းရှိ တအာင်းတပ်ဖွဲ့များကို ကိုးကန့်တပ်က နှင်ထုတ်ပြီးသည့်နောက် ကိုးကန့်တပ်ဖွဲ့၏ တပ်သားသစ်စု ဆောင်းမှုမှာ ပိုမိုဆိုးရွားလာသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

“အရင်က တအာင်းတပ်လည်း ရှိတော့ တအာင်းရွာတိုင်းကို ထင်တိုင်းကြဲပြီး စုဆောင်းတာမျိုး သိပ်မလုပ်ဘူး။ သူတို့ပိုအားကောင်းတဲ့ နေရာမှာပဲ လုပ်ကြတယ်။ အခုနောက်ပိုင်းက သာမန်အရပ်သား မပြောနဲ့ တအာင်းတပ်ဖွဲ့ဝင်ဟောင်းတွေ လက်ရှိတအာင်းတပ်ဖွဲ့ဝင် ဖြစ်နေဆဲ သူတွေကိုပါ ကိုးကန့်က အကုန်ဆွဲတယ်။ ရွာတွေမှာဆိုလည်း သင်တန်းက မတက်ရသေးဘူး ယူနီဖောင်းအရင်ပေးပြီး စာရင်းသွင်း စုဆောင်းတာတွေပါ လုပ်လာတယ်”ဟု ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းတွင်ပင် မုံးကိုးမြို့နယ်အတွင်းရှိ တအာင်းတပ်ဖွဲ့ဝင် ၉ ဦးကို ကိုးကန့်တပ်က ဖမ်းဆီးပြီးသည့်နောက် ၅ ဦးကိုသာ ပြန်လွတ်ပေးပြီး ၄ ဦးကိုမူ ကိုးကန့်တပ်ဖွဲ့ထဲသို့ အဓမ္မစုဆောင်းသွားခဲ့သည်၊

မုံးကိုးမြို့နယ်အတွင်းရှိ တအာင်းကျေးရွာများသည် ကိုးကန့်တပ်ဖွဲ့က စေခိုင်းသည့်အတိုင်း စစ်မှုထမ်းခြင်းမပြုပါက နေအိမ်ကိုသိမ်းပြီး ရွာမှနှင်ထုတ်မည်ဟုလည်း ခြိမ်းခြောက်လျက်ရှိသဖြင့် လူငယ်အများအပြားမှာ တရုတ်ဘက်သို့ တရားမဝင် ထွက်ပြေးနေရသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

#MeKongNews
#၁၀၂၇
#မုံးကိုး
#တအာင်းလူမျိုး
#ကိုးကန့်တပ်ဖွဲ့
#တပ်သားသစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now