နေ့စဥ်သတင်း

မဲခေါင်မြစ်နှင့်နီးရာ အထူးဒေသ-၄ နမ့်ပန်းတွင် မြေရှားသတ္တုတူးဖော်မှု လုပ်ကွက် ၃၀ ကျော်အထိ ရှိလာ

မဲခေါင် 20 Apr - 2026
မဲခေါင်၊ ဧပြီ ၂၀ မဲခေါင်မြစ်ဆိပ်ကိမ်းတည်ရှိပြီး မဲခေါင်မြစ်နှင့် နီးကပ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်ရာ အထူးဒေသ – ၄ အတွင်းရှိ နမ့်ပန်းဒေသတွင် မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်ပေါင်း ၃၀ ကျော်အထိ တိုးချဲ့လာနေကြောင်း လုပ်ကိုင်နေသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ အထူးဒေသ-၄၊ နမ့်ပန်းဒေသအတွင်း လက်ရှိတွင် သတ္တုလုပ်ကွက် ၃၀ ကျော်ရှိနေပြီး မဲခေါင်မြစ်နှင့် မနီးမဝေးဖြစ်သည့် နမ့်ပန်း-မိုင်းဆော လမ်းခွဲ တဝိုက်တွင်လည်း သတ္တုတူးဖော်သည့် နေရာ ၅ နေရာခန့်ရှိကြောင်း မြေရှားလုပ်ကိုင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အထူးဒေသ-၄ တွင် မြေရှားသတ္တုလုပ်ကွက်များ များပြားလာသည်မှာ စစ်တပ်အာဏာသိမ်းပြီး ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင်ဖြစ်ကြောင်း၊

မဲခေါင်၊ ဧပြီ ၂၀

မဲခေါင်မြစ်ဆိပ်ကိမ်းတည်ရှိပြီး မဲခေါင်မြစ်နှင့် နီးကပ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်ရာ အထူးဒေသ – ၄ အတွင်းရှိ နမ့်ပန်းဒေသတွင် မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်ပေါင်း ၃၀ ကျော်အထိ တိုးချဲ့လာနေကြောင်း လုပ်ကိုင်နေသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အထူးဒေသ-၄၊ နမ့်ပန်းဒေသအတွင်း လက်ရှိတွင် သတ္တုလုပ်ကွက် ၃၀ ကျော်ရှိနေပြီး မဲခေါင်မြစ်နှင့် မနီးမဝေးဖြစ်သည့် နမ့်ပန်း-မိုင်းဆော လမ်းခွဲ တဝိုက်တွင်လည်း သတ္တုတူးဖော်သည့် နေရာ ၅ နေရာခန့်ရှိကြောင်း မြေရှားလုပ်ကိုင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အထူးဒေသ-၄ တွင် မြေရှားသတ္တုလုပ်ကွက်များ များပြားလာသည်မှာ စစ်တပ်အာဏာသိမ်းပြီး ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင်ဖြစ်ကြောင်း၊ တစ်နှစ်ထက် တစ်နှစ်များပြားလာခြင်းဖြစ်ပြီး ပိုင်ရှင်များမှာ တရုတ်လူမျိုးများ ဖြစ်ကြောင်း ယင်းနီးစပ်သူက ပြောသည်။

“သူဌေးတွေက တရုတ်လူမျိုးတွေပါ။ ၂၀၂၂ လောက်ကစပြီး တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ နောက်ပြီး မိုးရာသီမှာဆို ရေကြီးတာ၊ တောင်ပြိုတာတွေ ခဏခဏ ဖြစ်လာနေပြီ” ဟု ၎င်းကပြောသည်။

မြေရှား သတ္တုတွင်းများ အများဆုံး တည်ရှိရာ နေရာမှာ ကျိုင်းခမ်းဒိုင်နယ်၊ ဝမ်လောက်ရွာနှင့် ပါဆန်းဒိုင်နယ်အတွင်းရှိ ပါဆန်းအောက်ကျေးရွာတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မြေရှားသတ္တုလုပ်ကွက်များတွင် အလုပ်သမားများကို တရုတ်သူဌေးများမှ လကုန်ရက် လုပ်ခလစာမရှင်းပေးသည့် ဖြစ်ရပ်များလည်း ရှိပြီး ယင်းကိစ္စများကို အထူးဒေသ-၄ ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လည်း ရဲက ဖြေရှင်းပေးခြင်းမရှိကြောင်း အလုပ်သမားများနှင့် နီးစပ်သူများထံမှ သိရသည်။

ကချင်ပြည်နယ်ရှိ မြေရှားလုပ်ကွက်အချို့ ပိတ်လိုက်ရပြီးနောက် အထူးဒေသ-၄ တွင် မြေရှားလုပ်ကွက်များ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်း အထူးဒေသ-၄ အတွင်း၌ မိုင်းလားဒေသ၊ ဆီလူးဒေသနှင့် နမ့်ပန်းဒေသတို့ပါဝင်ပြီး နမ့်ပန်းဒေသမှာ မဲခေါင်မြစ်ကမ်းတွင် တည်ရှိကာ အထူးဒေသ-၄ ၏ အရေးပါသည့် ဆွတ်လွေဆိပ်ကမ်းတည်ရှိရာ ဒေသလည်းဖြစ်သည်။

မဲခေါင်မြစ်ထဲတွင် လူကို အန္တရာယ်ပေးသည့် အာဆင်းနစ်ဓာတ်ပမာဏမှာ ၉ဆကျော် များပြားနေပြီး အထူးသဖြင့် ထိုင်း-မြန်မာ-လာအို ၃နိုင်ငံဆုံရာ ရွှေတြိဂံဒေသတွင် အများဆုံးဖြစ်ကြောင်း ထိုင်းပညာရှင်များက ဧပြီလလယ်အတွင်း သတိပေးချက် ထုတ်ပြန်ထားသည်။

#MeKongNews
#မိုင်းလား
#အထူးဒေသ၄
#နမ့်ပန်းဒေသ
#မြေရှားသတ္တု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now