နေ့စဥ်သတင်း

ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြောင်း TNLA သဝဏ်လွှာပေးပို့မှု တအာင်းပြည်သူလူထု၏ နိုင်ငံရေးမျှော်မှန်းချက်နှင့် လုံးဝ ဆန့်ကျင်ဟု TCSN ထုတ်ပြန်

မဲခေါင် 17 Apr - 2026
မဲခေါင် ၊ ဧပြီ ၁၇ ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး -PSLF/TNLA မှ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခြင်းသည် တအာင်းပြည်သူလူထုတို့၏ နိုင်ငံရေးမျှော်မှန်းချက်၊ ရပ်တည် ချက်နှင့် လုံးဝ ဆန့်ကျင်နေသည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက် – TCSN က သဘောထား ထုတ်ဖော်လိုက်သည်။ သမ္မတဖြစ်လာသည့် အာဏာ သိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား ကြိုဆိုကြောင်းနှင့် အပစ်ခတ်ရပ်စဲရေး ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ဧပြီ ၁၅ ရက်တွင် TNLA က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည့်အပေါ် TCSNက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်လာခြင်း ဖြစ်သည်။ “PSLF/TNLA ခေါင်းဆောင်များမှ ရင်ဆိုင်နေရသော စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကို ကိုယ်ချင်းစာနာ

မဲခေါင် ၊ ဧပြီ ၁၇

ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး -PSLF/TNLA မှ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခြင်းသည် တအာင်းပြည်သူလူထုတို့၏ နိုင်ငံရေးမျှော်မှန်းချက်၊ ရပ်တည် ချက်နှင့် လုံးဝ ဆန့်ကျင်နေသည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက် – TCSN က သဘောထား ထုတ်ဖော်လိုက်သည်။

သမ္မတဖြစ်လာသည့် အာဏာ သိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား ကြိုဆိုကြောင်းနှင့် အပစ်ခတ်ရပ်စဲရေး ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ဧပြီ ၁၅ ရက်တွင် TNLA က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည့်အပေါ် TCSNက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်လာခြင်း ဖြစ်သည်။

“PSLF/TNLA ခေါင်းဆောင်များမှ ရင်ဆိုင်နေရသော စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကို ကိုယ်ချင်းစာနာ နားလည်ပေးနိုင်သော်လည်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အား ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခြင်းသည် PSLF/TNLA ၏ အခြေ အနေအရ နိုင်ငံရေး ရပ်တည်ချက်သာဖြစ်ပြီး TCSN နှင့် ပြည်သူများ၏ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ကြောင်း အတိအလင်းပြောကြားလိုပါသည်” ဟု TSCN က ဆိုသည်။

ထို့ကြောင့် TNLA အနေဖြင့် အကြမ်းဖက် မင်းအောင်လှိုင်အဖွဲ့များနှင့် ပူးပေါင်းဆက်သွယ်ခြင်းနှင့် ဂုဏ်ပြုခြင်းကိစ္စရပ်များကို ချက်ချင်း ရပ်တန့်ပေးပါရန်၊ ပြည်သူများနှင့် ယုံကြည်မှုများကို ပြန်လည် တည်ဆောက်ပြီး မတူကွဲပြားမှုများမှ ငြိမ်းချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း တည် ဆောက်သွားရန် TSCN က ထုတ်ပြန်ချက်တွင် တောင်းဆိုသည်။

ထို့ပြင် TNLA အနေဖြင့် တအာင်းဒေသတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် CDM များ၊ တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသည့် ရဲဘော်များနှင့် ဒဏ်ရာရနေသည့် ရဲဘော်များအပါအဝင် ပြည်သူလူထု၏ မျက်နှာများကို ထောက်ထားပြီး တော်လှန်ရေးလမ်းကြောင်းပေါ်တွင် မားမား မတ်မတ် ပြန်လည် ရပ်တည်ပေးရန်လည်း TSCN က ဆိုသည်။

ဦးမင်းအောင်လှိုင်သည် ၎င်းသမ္မတဖြစ်ရေးအတွက် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးနှိပ်စက်၊ ထောင်ထဲထည့်ခြင်း၊ တအာင်းပြည်သူလူထုများ အပါအဝင် မြန်မာနိုင်ငံရှိ အပြစ်မဲ့ ပြည်သူများအား နိုင်ငံအနှံ့အပြားတွင် သတ်ဖြတ်နေခြင်း၊ လေယာဉ်ဖြင့် နေ့စဉ်မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး ကလေးငယ်များ အပါအဝင် အမျိုးသမီးများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီး ဆုံးရှုံးစေခဲ့သည်ဟု TCSNကထုတ်ပြန်ချက်တွင် ပြောသည်။

#MeKongNews
#ဦးမင်းအောင်လှိုင်
#ဂုဏ်ပြု
#TNLA
#TCSN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now