နေ့စဥ်သတင်း

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း အထိမ်းအမှတ် Blue Shirt Campaign ပြုလုပ်မည်

မဲခေါင် 10 Apr - 2026
မဲခေါင်၊ ဧပြီ ၁၀ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့သည် လာမည့် ဧပြီ ၂၁ ရက်တွင် ၁၂ နှစ် ပြည့်ပြီဖြစ်၍ ယနေ့ ဧပြီ ၁၀ ရက်မှ ၂၁ ရက်အထိ ၁၂ ရက်တာအကျဥ်းစံ အပြာရောင်ထောင်ဝတ်စုံဝတ် လှုပ်ရှားမှု Blue Shirt Campaign ကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုက အွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည်ဟု နိုင်ငံရေးအဖွဲ့အစည်း ၃၀ က ထုတ်ပြန်သည်။ ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တကွ နိုင်ငံရေးအကျဉ်းသားများအား လုံးဝ လွတ်မြောက်ရေးနှင့် အရေးတော်ပုံ

မဲခေါင်၊ ဧပြီ ၁၀

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့သည် လာမည့် ဧပြီ ၂၁ ရက်တွင် ၁၂ နှစ် ပြည့်ပြီဖြစ်၍ ယနေ့ ဧပြီ ၁၀ ရက်မှ ၂၁ ရက်အထိ ၁၂ ရက်တာအကျဥ်းစံ အပြာရောင်ထောင်ဝတ်စုံဝတ် လှုပ်ရှားမှု Blue Shirt Campaign ကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုက အွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည်ဟု နိုင်ငံရေးအဖွဲ့အစည်း ၃၀ က ထုတ်ပြန်သည်။

ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တကွ နိုင်ငံရေးအကျဉ်းသားများအား လုံးဝ လွတ်မြောက်ရေးနှင့် အရေးတော်ပုံ အောင်နိုင်ရေးအတွက် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးသည် ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ရာ ယင်းလှုပ်ရှားမှုတွင် ပြည်သူလူထုအားလုံး အနေဖြင့် တစ်ခဲနက် ပါဝင်ကြရန် ၎င်းအဖွဲ့အစည်းများက အလေးအနက် တိုက်တွန်းသည်။

ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုအားလုံးမှ အကျဉ်းထောင်များအတွင်း မတရား ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်၍ ရိုက်ကူးထားသည့်ပုံ (သို့မဟုတ်) ဗွီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မျှဝေခြင်း၊ မျှဝေရာတွင် ကမ်ပိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့်အတူ သတ်မှတ်ထားသည်များ အသုံးပြုခြင်း၊ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်များအား ဖိတ်ခေါ်၍ ကမ်ပိန်းတွင် ပါဝင်စေခြင်းတို့ဖြင့် ပူးပေါင်း ပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အမှန်တော့ စစ်အာဏာရှင် ရှိနေသ၍ ပြည်သူအားလုံးဟာ အကျဥ်းသားတွေပါ။ အကျဥ်းထောင်ထဲနဲ့ အပြင်ပဲ ကွာပါတယ်၊ အာဏာရှင် စနစ်နဲ့ စစ်အုပ်စုကို တွန်းလှန်ရိုက်ချိုးနိုင်မှသာ လွတ်မြောက်ကျမှာပါ။ ဆရာဦးဝင်းတင်ဟာ သူအသက်ရှင်စဥ်ကနေ ကွယ်လွန်သည်အထိ မလွတ်မြောက်သေးဘူးလို့ ခံယူရင်း Blue Shirt ဝတ် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေး သူရဲကောင်းပါ” ဟု အထက်မြန်မာပြည် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

ယင်းတိုက်တွန်းနှိုးဆော်ချက်ကို ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)၊ နွေဦးတမာန် -နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (NOTM)၊ ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့)၊ မြန်မာ့အကျဉ်းထောင်သက်သေ (MPW)၊ နိုင်ငံရေးအကျဉ်းသားများ တရားမျှတမှုကွန်ရက် (JNPP)၊ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ ပဲခူးယူနစ်ဖက်ဒရယ်အင်အားစု (BUFF)၊ Politics for Women Myanmar၊Loveurcontent Entertainment၊ အမျိုးသမီးမဟာမိတ်အင်အားစု (WAB)၊ New Myanmar Foundation (NMF)၊ Women Lead Resource Center (WLRC)၊ Magway Region Human Rights Network (MHRN)၊ Youth Empowerment (YE)၊ Generation Wave၊ သမိုင်းသယ်ဆောင်သူများ၊ Yangon Deaf Group (YDG)၊ မြန်မာနိုင်ငံ သူနာပြု သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (SULMNMTS)၊ သူနာပြုသင်တန်းကျောင်းမန္တလေးကျောင်းသားများသမဂ္ဂ (NTS_MDYSU)၊ Anti-junta Forces Coordination Committee – Mandalay၊ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီ၊ People Movement Platform Myanmar၊ Burma Fact Check Community (FNCC)၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ Defend Myanmar Democracy – DMD၊India For Myanmar (I4M)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)တို့က ပူး​ပေါင်းပါဝင် တိုက်တွန်း နှိုးဆော်ကြခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် မတရား စစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီ ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် မတရား အာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့် ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၈၅၄ ဦးရှိရာ ယင်းဖမ်းဆီးခံရသူများ အနက်မှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ ၁၄၃၁၉ ဦးနှင့် အတည်ပြုရန် လိုအပ်ဆဲ ၇၈၈၉ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်က ဆိုသည်။

#MeKongNews
#ဟံသာဝတီ
#ဦးဝင်းတင်
#ကွယ်လွန်ခြင်း
#BlueShirtCampaign

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now