နေ့စဥ်သတင်း

တာချီလိတ်မှ ထောပတ်သီးများ ထိုင်းဘက်မှ အဝင်မခံသဖြင့် ကုန်သည်များ အရှုံးကြီး၊ လမ်းဘေးတွင် အခမဲ့ ဝေပေးနေရ

မဲခေါင် 9 Mar - 2026
မဲခေါင်၊ မတ် ၉ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံဘက်မှ အဝင်မခံတော့သဖြင့် တင်ပို့သူကုန်သည်များ အမြောက်အမြား အရှုံးပေါ်နေကြောင်း ကုန်သည်များထံမှ သိရသည်။ ယင်းထောပတ်သီးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း မတ်လဆန်းပိုင်းမှစ၍ ထိုင်းအကောက်ခွန်ဌာနက တင်သွင်းမှုကို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။ “ထိုင်းက ရုတ်တရက်ကြီး ပိတ်လိုက်တာ။ အရင်ကတည်းက ထောပတ်သီးက တရားဝင်လမ်းကြောင်းမဟုတ်ဘဲ နယ်စပ်ကနေ ပို့နေရတာဆိုတော့ ပုံမှန်ရောင်းရမယ်အထင်နဲ့ သယ်လာကြတာ။ အခုလို ပိတ်လိုက်တော့ အရမ်းနစ်နာကုန်ကြတာပေါ့” ဟု တာချီလိတ်ရှိ ထောပတ်သီးကုန်သည်တစ်ဦးက ပြောသည်။ ၂၅ ကီလိုဂရမ်ပါ ထောပတ်သီးတစ်ဖာလျှင် အရင်းဈေး ကျပ် ၂ သိန်းခွဲ (တစ်ကီလိုလျှင်

မဲခေါင်၊ မတ် ၉

တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံဘက်မှ အဝင်မခံတော့သဖြင့် တင်ပို့သူကုန်သည်များ အမြောက်အမြား အရှုံးပေါ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

ယင်းထောပတ်သီးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း မတ်လဆန်းပိုင်းမှစ၍ ထိုင်းအကောက်ခွန်ဌာနက တင်သွင်းမှုကို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

“ထိုင်းက ရုတ်တရက်ကြီး ပိတ်လိုက်တာ။ အရင်ကတည်းက ထောပတ်သီးက တရားဝင်လမ်းကြောင်းမဟုတ်ဘဲ နယ်စပ်ကနေ ပို့နေရတာဆိုတော့ ပုံမှန်ရောင်းရမယ်အထင်နဲ့ သယ်လာကြတာ။ အခုလို ပိတ်လိုက်တော့ အရမ်းနစ်နာကုန်ကြတာပေါ့” ဟု တာချီလိတ်ရှိ ထောပတ်သီးကုန်သည်တစ်ဦးက ပြောသည်။

၂၅ ကီလိုဂရမ်ပါ ထောပတ်သီးတစ်ဖာလျှင် အရင်းဈေး ကျပ် ၂ သိန်းခွဲ (တစ်ကီလိုလျှင် ကျပ် တစ်သောင်းခန့်) ရှိသော်လည်း၊ ယခုအခါ တာချီလိတ်၌ တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၁၀ ဘတ် (ကျပ် တစ်ထောင်ကျော်) ဖြင့်သာ ပြန်လည်ရောင်းချနေရကြောင်း၊ အချို့ကုန်သည်များမှာ ရောင်းမထွက်တော့သဖြင့် အလကားပေးဝေခြင်းနှင့် စွန့်ပစ်ခြင်းများပါ ပြုလုပ်နေကြရကြောင်း သိရသည်။

“အလကားပေးဖို့တောင် အသီးတွေပျက်ကုန်တော့ စွန့်ပစ်ရတာ၊ အရမ်းရှုံးနေပြီ” ဟု ထောပတ်သီးကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ ဆေးရုံဟောင်းရှေ့၌ ထောပတ်သီးကုန်စည်ဒိုင်တစ်ခုက အချိန် ၄,၀၀၀ ကျော်ရှိသော ထောပတ်သီးများကို အများပြည်သူထံ အခမဲ့ ပေးဝေခဲ့သလို အခြားကုန်သည်တစ်ဦးကလည်း အထားမခံသဖြင့် စွန့်ပစ်ရသည့် ထောပတ်သီးများ တန်ချိန်ဆယ်ချီရှိနေပြီဖြစ်ကြောင်း ပြောသည်။

ထောပတ်သီးအမျိုးအစားများမှာ Hass နှင့် Both 7 စသည်ဖြင့်ရှိကြပြီး Hass မှာ ပြည်ပဈေးကွက်ဝင်သီးနှံဖြစ်ရာ ပြီးခဲ့သည့် ဇန်နဝါရီလက တစ်ကီလိုလျှင် ဘတ် ၁၀၀ အထိ ဈေးရရှိခဲ့သော်လည်း၊ လက်ရှိတွင် ထိုင်းဘက်က အဝယ်မရှိတော့သဖြင့် ဈေးကွက်ပျက်သွားပြီ ဖြစ်သည်။

စိုက်ပျိုးရေးပညာရှင်တစ်ဦးကမူ “လက်ရှိ ကုန်သည်ပွဲစားတွေ အထိနာနေတာကနေ နောက်ပိုင်းမှာ စိုက်ပျိုးတဲ့ခြံတွေဆီကိုပါ ဂယက်ရိုက်လာမှာပါ။ အရှုံးများတော့ နောက်ရာသီမှာ အဝယ်ကျသွားနိုင်တယ်” ဟု မဲခေါင်သို့ ပြောသည်။

ထောပတ်သီးကို ရှမ်းပြည်နယ်အတွင်းရှိ ပင်းတယ၊ ဟိုပုံး၊ ညောင်ရွှေ၊ အောင်ပန်းနှင့် ပြင်ဦးလွင်မြို့တို့တွင် အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#ထောပတ်သီး
#ထိုင်းနိုင်ငံ
#နယ်စပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now