နေ့စဥ်သတင်း

တရုတ်များ တစ်ရှုးငှက်ပျော စိုက်ရန် သိန္နီဒေသခံ စိုက်ပျိုးမြေများကို MNDAA ခြိမ်းခြောက် သိမ်းယူနေ

မဲခေါင် 4 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၄ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး – သိန္နီလမ်းပေါ်ရှိ မိုင်းလီကျေးရွာတွင် အိမ်ထောင်စု ၂၇ စု ပိုင်ဆိုင်သည့် မြေယာဧက ၁၀၀ ခန့်ကို MNDAA က တရုတ်နိုင်ငံသား တစ်ရှုးငှက်ပျော လုပ်ငန်းရှင်များကို ခေါ်လာပြီး ခြိမ်းခြောက် သိမ်းယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က MNDAA သိမ်းယူခဲ့သည့် မြေယာအများစုမှာ လားရှိုး – သိန္နီ လမ်းမဘေးတွင်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဆောင်းသီးနှံများကို အလျင်အမြန် ရှင်းလင်းပြီး အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းကြောင့် မြေရှင် တောင်သူများနှင့် MNDAA တပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၄

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး – သိန္နီလမ်းပေါ်ရှိ မိုင်းလီကျေးရွာတွင် အိမ်ထောင်စု ၂၇ စု ပိုင်ဆိုင်သည့် မြေယာဧက ၁၀၀ ခန့်ကို MNDAA က တရုတ်နိုင်ငံသား တစ်ရှုးငှက်ပျော လုပ်ငန်းရှင်များကို ခေါ်လာပြီး ခြိမ်းခြောက် သိမ်းယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က MNDAA သိမ်းယူခဲ့သည့် မြေယာအများစုမှာ လားရှိုး – သိန္နီ လမ်းမဘေးတွင်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဆောင်းသီးနှံများကို အလျင်အမြန် ရှင်းလင်းပြီး အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းကြောင့် မြေရှင် တောင်သူများနှင့် MNDAA တပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သော်လည်း သေနတ်ဖောက်၍ ခြိမ်းခြောက်သောကြောင့် ဒေသခံများမှာ အားမတန် မာန်လျှော့ခဲ့ကြရသည်ဟု သိရသည်။

“ကျေနပ်တာတော့ လုံးဝမရှိဘူး။ သူတို့ရုံးကို တိုင်ပေမဲ့လည်း ဘာမှလုပ်ပေးမယ် မထင်ဘူး။ ကူညီ ကယ်တင်ပေးမယ့်သူလည်း မရှိဘူး။ အခုက မြေမရှိရင် ရွာပျက်ပြီး ပြောင်းရမလို ဖြစ်နေတာ။ သူတို့က လူတွေကိုပါ မနေနိုင်အောင် လုပ်နေတာ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

စစ်ကောင်စီက သိန္နီမြို့ကို ပြန်လည် တောင်းဆိုထားသကဲ့သို့ MNDAA အနေဖြင့် တရုတ်နိုင်ငံသားများ အခြေချ စီးပွားရှာနိုင်ရန် ဒေသခံများ၏ လယ်ယာမြေများကို ယခုလို နည်းလမ်းမျိုးဖြင့် သိမ်းယူနေသဖြင့် ဒေသခံများ ဒုက္ခရောက်နေကြရကြောင်း သိရသည်။

ထို့အတူ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စုတွင်လည်း MNDAA က ရွှေတူးရန် စီစဉ်နေမှုကို ကန့်ကွက်သည့် ဒေသခံ ပြည်သူများအား ဖမ်းဆီးထားပြီး ရိုက်နှက် နှိပ်စက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် MNDAA က လယ်ပိုင်ရှင်များကို အသိမပေးသလို ခွင့်လည်းမတောင်းခဲ့ဘဲ နမ့်ပေါင်ကျေးရွာအုပ်စု၊ ဝမ်စယ်ကျေးရွာမှ ဒေသခံပြည်သူများ ပိုင်သည့် လယ်မြေများပေါ်တွင် ရွှေတူးရန် တရုတ် လုပ်ငန်းရှင်များကို ခေါ်လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

လားရှိုးမြို့ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် MNDAA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယမန်နှစ် ဧပြီ ၂၁ ရက်တွင် တရုတ်၏ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လည် ပေးအပ်လိုက်ရသည်။

ထိုနောက်ပိုင်း လားရှိုးမြို့တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး သန္နီမြို့ကိုလည်း ပြန်လည် ပေးအပ်ရန် စစ်ကောင်စီက အစဉ်တစိုက် တောင်းဆိုနေခဲ့ရာ MNDAA က ငြင်းဆန်ထားသည်။

လတ်တလောတွင် MNDAA ထိန်းချုပ်နယ်မြေများ၌ တရုတ် စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာနေပြီး တစ်ရှုးငှက်ပျောစိုက်ခင်းများ ပိုမိုများပြားလာကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လက်ရှိတွင် MNDAA က ကိုးကန့်ဒေသကို အထူးဒေသ – ၁ အဖြစ် သတ်မှတ်ကာ ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးနှင့် လောက်ကိုင် စသည့် ခရိုင် ၄ ခုဖြင့် အုပ်ချုပ်နေသည်။

#MeKongnews
#တရုတ်
#တစ်ရှုးငှက်ပျော
#သိန္နီဒေသခံ
#စိုက်ပျိုးမြေ
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now