နေ့စဥ်သတင်း

ရှမ်းပြည်တွင် မူးယစ်ဆေးချက် စခန်းများ ဆက်တိုက် အဖမ်းပြနေသည့် စစ်ကောင်စီ PNO ပိုင် မူးယစ်ဆေးချက်စက်ရုံကိုမူ မျက်နှာလွှဲထား

မဲခေါင် 18 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၈ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းမြောက်ရှိမိုင်းရယ်နှင့် သီပေါမြို့နယ်များအတွင်း မူးယစ်ဆေးချက်စခန်းများအား ဝင်ရောက် ရှင်းလင်းပြီး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းမိကြောင်း စစ်ကောင်စီက ဆက် တိုက် ထုတ်ပြန်လာသော်လည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ PNO နှင့်ဆက်နွှယ်နေသော မူးယစ်ဆေး ထုတ်လုပ်မှုများကိုမူ မျက်နှာလွှဲ မသိယောင်ဆောင်နေသည်ကို တွေ့ရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း မူးယစ် ဆေးချက် စက်ရုံ ကြီးတစ်ခု ရှိနေပြီး ယင်းထုတ်လုပ်မှုတွင် PNO ထိပ်တန်းခေါင်းဆောင်များ ကိုယ်တိုင် ပါဝင် ပတ်သက်နေကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံများထံမှ သိရသည်။ ယင်းစက်ရုံသည် ပင်လောင်းမြို့နယ်၊ လုံးနဂါးပတ်ကျေးရွာ၏ အနောက်တောင်ဘက် တောအတွင်းတည်ရှိပြီး လွန်ခဲ့သည့် ၄ နှစ်ကျော်ခန့်ကတည်းက

မဲခေါင်၊ ဇန်နဝါရီ ၁၈

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းမြောက်ရှိမိုင်းရယ်နှင့် သီပေါမြို့နယ်များအတွင်း မူးယစ်ဆေးချက်စခန်းများအား ဝင်ရောက် ရှင်းလင်းပြီး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းမိကြောင်း စစ်ကောင်စီက ဆက် တိုက် ထုတ်ပြန်လာသော်လည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ PNO နှင့်ဆက်နွှယ်နေသော မူးယစ်ဆေး ထုတ်လုပ်မှုများကိုမူ မျက်နှာလွှဲ မသိယောင်ဆောင်နေသည်ကို တွေ့ရသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း မူးယစ် ဆေးချက် စက်ရုံ ကြီးတစ်ခု ရှိနေပြီး ယင်းထုတ်လုပ်မှုတွင် PNO ထိပ်တန်းခေါင်းဆောင်များ ကိုယ်တိုင် ပါဝင် ပတ်သက်နေကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံများထံမှ သိရသည်။

ယင်းစက်ရုံသည် ပင်လောင်းမြို့နယ်၊ လုံးနဂါးပတ်ကျေးရွာ၏ အနောက်တောင်ဘက် တောအတွင်းတည်ရှိပြီး လွန်ခဲ့သည့် ၄ နှစ်ကျော်ခန့်ကတည်းက တည်ထောင်ကာ လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းစက်ရုံသည် ပင်လောင်းမြို့နယ်၊ လုံးနဂါးပတ်ကျေးရွာ၏ အနောက်တောင်ဘက် တောအတွင်း တည်ရှိပြီး လွန်ခဲ့သည့် ၄ နှစ်ကျော်ခန့်ကတည်းက တည်ဆောက်ကာ လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းစက်ရုံကို ဦးအောင်ခမ်းထီရဲ့သားဖြစ်သူ ခွန်အောင်ကျော်က ဦးဆောင်လုပ်ကိုင်နေပြီး PNO ဥက္ကဋ္ဌ ခွန်စံလွင် နှင့် ဖြူစင်ကုမ္ပဏီပိုင်ရှင် ဦးငွေစိုးတို့ ရှယ်ယာရှင်ကြီးများအဖြစ် ပါဝင်ပတ်သက်နေကြောင်းသိရသည်။ တောင်ကြီးမြို့အထွက်၊ ၆မိုင်အနီးရှိ TBC ဝန်းထဲတွင်လည်း ဖြူစင်ကုမ္ပဏီပိုင် WY ဆေးပြားစက်ရုံ ရှိပြီး PNO ကကာကွယ်ပေးထားသည်။

စက်ရုံကို ဦးစီးနေသူ မူးယစ်ချက်စခန်း လုံခြုံရေးတာဝန်ခံမှာ ဗိုလ်ကြီးပဲပြုတ် (ခေါ်) ဗိုလ်ကြီး နိုင်ဦး ဟု သိရပြီး ယခင်က အထူးရဲ အဖြစ် တာဝန်ထမ်းဆောင်ဖူးကြောင်း သတင်းရင်းမြစ်များဆီက သိရသည်။

ဖြူစင်ကုမ္ပဏီ ပိုင်ရှင် ဦးငွေစိုး မိခင်ဖြစ်သူ ကျောင်းဆရာမသည် ဦးအောင်ခမ်းထီနှင့် မိသားစုသဖွယ် ရင်းနှီးသူဖြစ်ကာ ဦးအောင်ခမ်းထီက ခွန်အောင်ကျော် နှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် ကိုယ်စားပြုအနိုင်ရရှိခဲ့သူ PNO ပါတီ ဗဟိုအလုပ်အမှုဆောင် နန်းရီရီဝင်း (ခ) နန်းလုံခမ်း တို့ အပါအဝင် ၎င်း၏သားသမီးများအား အနီးကပ်စာသင်ကြားပေးခဲ့သူဖြစ်သည်။

ခွန်အောင်ကျော်သည် ပအိုဝ်းပြည်သူ့စစ် (PNA) ၏ ဗျူဟာမှူးတစ်ဦးဖြစ်ပြီး၊ မူးယစ်ဆေးချက်စက်ရုံရှိရာ ပင်လောင်းနယ်မြေမှာ ပအိုဝ်းပြည်သူ့စစ်(PNA)နယ်မြေ၊ စန္ဒာခမ်း(ပင်လောင်းနယ်)တိုင်းမှူး၏ လက်အောက်တွင် ရှိနေကြောင်း သိရသည်။

စစ်ကောင်စီသည် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP နယ်မြေအတွင်းရှိ မူးယစ်ဆေးချက်စက်ရုံများကို ဝင်ရောက် ရှင်းလင်းမှုများ ပြုလုပ်နေသော်လည်း၊ ၎င်း၏လက်အောက်ခံ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် PNO/PNA တို့၏ မူးယစ်ဆေးချက်စက်ရုံကိုမူ ယခုအချိန်ထိ တစ်စုံတရာ အရေးယူရှင်းလင်းမှု မရှိသေးခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေး ချက်သည့် စခန်းများ ထပ်မံ သိမ်းဆည်းမိကြောင်း စစ် ကောင်စီ ဝါဒဖြန့်သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၁၆ ရက်နံနက်၇ နာရီခွဲတွင် မိုင်းရယ်မြို့နယ် မန်ဖြန်ကျေးရွာ၏ အနောက်မြောက်ဘက် ၁၅ ကီ လို မီတာခန့်၌ အဆောက်အဦးများ တွေ့သဖြင့် သွားရောက် ရှင်းလင်းရာမှ ယင်းကဲ့သို့ တွေ့ရှိခြင်း ဖြစ်သည်ဟု သတင်း တွင် ဖော်ပြသည်။

ယင်းမတိုင်မီတွင်လည်း မိုင်းရယ်ဒေသတွင် မူးယစ်ဆေးချက် စခန်းများကို ရှင်းလင်း သိမ်းဆည်းမိကြောင်း စစ်ကောင်စီက ဆက်တိုက်ဆိုသလို ထုတ်ပြန်နေခဲ့ပြီး ယင်းနေရာမှာ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးထုတ်လုပ်သည့် ပင်ရင်းနေရာ ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယင်းဒေသ တစ်ဝိုက်အားလည်း မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ် ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်နေသည့် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာသည် စစ်ကောင်စီတပ်၊ လက်အောက်ခံ ပြည်သူ့စစ်နှင့် SSPP တို့ သွားလာ လှုပ်ရှားသည့် ဒေသလည်း ဖြစ်သည်။

SSPP ကမူ တရားမဝင်လုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့နှင့် မသက်ဆိုင်ဟု ငြင်းဆိုထားပြီး ပါဝင်ပတ်သက် သူများကိုလည်း အရေးယူမည်ဟု ဆိုထားသည်။

ယင်းဒေသ၌ မူးယစ်ဆေးချက် စခန်းများအား အဆက်မပြတ် အဖမ်းပြနေသော်လည်း ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် PNO ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင် ပတ်သက်နေသည့် မူးယစ်ဆေးထုတ်လုပ်နေမှုများအား စစ်ကောင်စီက မသိကျိုးကျွံ ပြုနေခြင်းမှာ မေးခွန်းထုတ်စရာလည်း ဖြစ်လာ နေသည်။

ယင်းမတိုင်မီ အောင်ခမ်းထီသားနှင့် နေဝင်းထွန်း ဦးဆောင်ပြီး ပင်လောင်းတွင် မူးယစ်ဆေး ထုတ်နေသည့် သတင်းကို မဲခေါင်က  ဇန်နဝါရီ ၄ ရက်တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ PNO – ပြည်သူ့စစ်၏ ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းနှင့် အောင်ခမ်းထီ၏သား ခွန်အောင်ကျော်တို့ ဦးဆောင်ကာ ပင်လောင်းမြို့နယ်အတွင်း PNO က မူးယစ်ဆေးဝါး ထုတ်လုပ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရခြင်းဖြစ်သည်။

PNO သည် လုံးနဂါးပတ်ကျေးရွာ အနောက်ဘက်ရှိ တောတွင်း တစ်နေရာနှင့် မွေးပြင် ကျေးရွာအုပ်စု ပေါင်းလောင်း တောတွင်း နေရာများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

PNO ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးစီးကာ ဟွမ်ဖီးဟု ခေါ်သည့် မူးယစ်ဆေး နံပါတ် ၃ ကို ထုတ်လုပ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“အဲဒီ လုံးနဂါးပတ် အနောက်ဘက် နေရာက နေဝင်းထွန်းနဲ့ အောင်ကျော်ရဲ့ ပစ္စည်းတွေ ချက်လုပ်တဲ့နေရာ သူတို့က နာမည်ခံတာပေါ့၊ သူဌေးတွေက အရင်းအနှီး စိုက်ပြီး ပေါင်းလုပ်တာ။ ချက်တဲ့နေရာကို ကြီးကြပ်ပြီး လုပ်တာကတော့ သူတို့ တပည့်ဖြစ်တဲ့ ဗိုလ်ကြီးပဲပြုတ် ခေါ် ခွန်နိုင်ဦးက ဦးဆောင်ပြီး ကြီးကြပ်လုပ်တာ”ဟု မဲခေါင် သတင်းရင်းမြစ်က ပြောသည်။

ယင်းနေရာတွင် PNO က မူးယစ်ဆေး ထုတ်နေသည်မှာ ၄ နှစ်ရှိပြီ ဖြစ်ပြီး နေဝင်းထွန်းနှင့် ခွန်အောင်ကျော်က တာဝန်ခံပေး ခြင်းကြောင့် ရှယ်ယာထည့်သည့် သူဌေးလည်း များပြားနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

“PNO မှာ ပါဝါ အကြီးဆုံးလို့ ပြောလို့ရတဲ့ သူတွေက တာဝန်ခံတော့ ရှယ်ယာထည့်ကြတာ များတာပေါ့။ တောင် ကြီးက သူဌေးတွေရော တရုတ်တွေရော ရှယ်ယာတွေ ထည့်ကြတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ခွန်အောင်ကျော် အမည်ဖြင့် သယ်ယူဖြန့်ချိသည့် မူးယစ်ဆေးဝါးများကို PNO အချင်းချင်း ဖမ်းမိသော်လည်း ပြန်လွှတ်ပေးရသည်လည်း ရှိကြောင်း သိရသည်။

အင်လေးတောင်ပိုင်း၊ ညောင်ရွှေမြို့နှင့် ပင်လောင်းကို ဆက်သွယ်ထားသည့် မှော်ဘီတံတားတွင်လည်း ခွန် အောင် ကျော်၏ မူးယစ်ဆေးများကို မကြာခဏ ဖမ်းမိသော်လည်း ပြန်လွှတ်ပေးခဲ့ရကြောင်း PNO မှ ဗိုလ်မှူးဖေက ပြော သည်။

ဗိုလ်မှူးဖေသည် ယမန်နှစ် နိုဝင်ဘာလ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီ ဖြစ်ပြီး ခွန်အောင်ကျော်ပိုင် မူးယစ်ဆေးဝါးများ ဖမ်းမိမှုကို မသေဆုံးခင်က မဲခေါင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကာ ယင်းအကြောင်းအရာများကို ၎င်းအသက်ရှင် နေသမျှ ထုတ်ဖော် ရေးသားခြင်းမပြုရန် တောင်းဆိုခဲ့သဖြင့် ယင်းဖြစ်ရပ်များကို မဲခေါင်သတင်းဌာနက ယခင်တွင် မဖော်ပြခဲ့ခြင်း ဖြစ်သည်။

“၂၀၂၁ မှာ ငါတို့ တစ်ခါ ဖမ်းမိတာဆို ကား ၂ စီး အပြည့်လေ၊ ကားလည်းရ ပစ္စည်းရဆိုတော့ အပိုင်ပဲဆိုပြီး လုပ် နေတာ။ ပြီးတော့ အောင်ကျော်က ဖုန်းဆက်လာပြီး အဲဒါ သူ့ပစ္စည်း ထိရဲထိကြည့် ရဲတွေတောင် မထိရဲတာ မင်း တို့က ဘာကောင်လဲလို့ ပြောလာတော့ ပြန်လွှတ် ပေးရတာပေါ့ကွာ။ သူက အဘအောင်ခမ်းထီရဲ့ သားလေ မလုပ် ရဲဘူး”ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မူးယစ်ဆေး ပြဿနာများကြောင့် ဗိုလ်မှူးဖေကို နောက်ပိုင်းတွင် PNO က ရာထူး ချခဲ့သော်လည်း ကရင်နီနယ်စပ်၌ တိုက်ပွဲဖြစ်ချိန်တွင် ၎င်းအား ရာထူး ပြန်ပေးခဲ့သည်။

ထို့ပြင် ပင်လောင်း အနောက်ဘက်ခြမ်း မွေးပြင် ကျေးရွာအုပ်စုရှိ ပေါင်းလောင်းဒေသ တောတွင်းတွင်လည်း သတ္တုတူးသည်ဟု အကြောင်းပြကာ နေဝင်းထွန်း တပ်ဖွဲ့များက မူးယစ်ဆေး ထုတ်နေကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

“မွေးပြင်ဒေသက သွားလာရခက်ခဲပြီး တောနက်တွေနဲ့ ပြည့်တဲ့ဒေသတွေ အရင်တုန်းက သဘာဝ သစ်မွေးပင်တွေ ဆိုလည်း နေဝင်းထွန်းတို့ အလကား ယူခဲ့ကြတာ။ နောက်တော့ သတ္တုတူးတယ် အကြောင်းပြပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ကြတယ်။‌ သူတို့ ဘိန်းချက်တဲ့ နေရာကို ဒေသခံတွေ သွားလို့မရဘူး။ ဒီဘက် တောင်ပေါ် ဒေသ တွေ က လည်း ယာမဆေးပြားတွေ ရောက်လာတာက နေဝင်းထွန်းလူတွေပဲ ယူလာတာ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ယင်းဒေသထွက် ဘိန်းမဲများကို PNO က ပြန်လည်ဝယ်ယူရာတွင်လည်း ငွေအပြည့် မပေးဘဲ တစ်ချို့ တ ဝက်ကို ယာမဆေးပြားဖြင့် ပေးချေကြသည်ဟု မွေးပြင်အုပ်စုရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မဲခေါင်၏ ခိုင်လုံသော သတင်းရင်းမြစ်များနှင့် ဒေသခံ ဘိန်းစိုက်တောင်သူများ၏ ထုတ်ဖော် ပြောကြားချက်အရ ယင်းဒေသတွင် မူးယစ်ဆေးထုတ်လုပ်မှုကို အဓိကဝင်ငွေရလမ်းအဖြစ် PNO ကလုပ်ကိုင်နေသည်ကို အထင် အရှား တွေ့နေရသည်။

ထို့ပြင် ပင်လောင်းမြို့နယ်တွင် PNO က ဘိန်းခွန် တစ်အိမ် ကျပ် ၄ သိန်းထပ်မံ‌ ကောက်ခံကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ရှမ်းတောင်၊ လိန်းညာ ကျေးရွာအုပ်စုရှိ လိန်းညာရွာ၊ တောင်လေးရွာ၊ တခါးယာဉ်ရွာ၊ ထိဗိ ကျေးရွာတို့တွင် ယမန်နှစ် ဒီဇင် ဘာ၂၈ ရက်က ကျေးရွာအသီးသီးရှိ ရွာသူကြီးအိမ်တွင် အစည်းအဝေးခေါ်ကောက်ခံခြင်းဖြစ်ပြီး မ ထည့် သောသူများ၏ ဘိန်းခင်းကို ဖျက်ဆီးမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။

“ကောက်တာကလည်း ငါတို့အတွက် မဟုတ်ဘူး၊ ပင်လောင်းက ရဲတွေ မူးယစ်မှုတွေ တောင်းလို့ ကောက်တာ။ သူတို့ ဒီလို တောင်းတာကလည်း နင်တို့ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်နိုင်ဖို့ သူတို့က တောင်းတာ။ တကယ်လို့ မ ထည့်ဘူးဆိုရင် ပြည်နယ်ကရဲတွေ စစ်သားတွေ လာဖျက်တဲ့ အချိန်ကျရင် ပိုက်ဆံမထည့်တဲ့ သူရဲ့ခြံနဲ့ နေအိမ် ကိုပြ မယ်ဆိုပြီး ခြိမ်းခြောက်ပြီးတော့ကို ကောက်သွားတာ”ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

လိန်းညာကျေး ရွာအုပ်စုတွင် ယမန်နှစ်ဩဂုတ်လ ဘိန်းစတင် စိုက်ပျိုးချိန်တွင် တစ်အိမ်ကျပ် ၂ သိန်းကို ပအိုဝ်း PNO က တစ်နှစ်စာဟုဆိုကာ ကောက်ခံပြီးပြီ ဖြစ်သော်လည်း မကြာသေးခင်တွင် ကျပ် ၄ သိန်း ထပ်မံ ကောက်ခံ သောကြောင့် ဒေသခံ တောင်သူများ အခက်ခဲ ဖြစ်ကြရသည် ဆိုသည်။

လိန်းညာ ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် အိမ်ခြေ ၃ ထောင်ကျော်ရှိပြီး ဘိန်းစိုက်ပျိုးမှုကို အဓိက လုပ်ကိုင်ကာ ပင်လောင်း တစ်မြို့နယ်လုံး ဘိန်းအရည်အသွေးကောင်း ထွက်သော ကျေးရွာလည်း ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ မူးယစ်ဆေးများ ထုတ်လုပ်နေမှုကို PNO က ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေသော်လည်း စစ်ကောင်စီက ထိရောက်စွာ အရေးယူခြင်းမရှိသည့် အပြင် လက်အောက်ခံ တပ်ဖွဲ့များကလည်း ဆက်ကြေးယူပြီး အကာအကွယ် ပေးနေကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရှမ်းမြောက်တွင် မူးယစ်ဆေးချက်စခန်းများအား အင်တိုက်အားတိုက် အဖမ်းပြနေသကဲ့သို့ PNO ထိန်းချုပ်နယ်မြေ ၌ မူးယစ်ဆေး ထုတ်လုပ်နေမှုကို စစ်ကောင်စီက ဝင်ရောက်ရှင်းလင်းခြင်း ရှိ၊ မရှိကိုလည်း စောင့်ကြည့်ရ မည်ဖြစ်သည်။

#MeKongNews
#နေဝင်းထွန်း
#ဦးအောင်ခမ်းထီ
#မိုင်းရယ်
#မူးယစ်ဆေးချက်
#စစ်ကောင်စီ
#ပင်လောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now