နေ့စဥ်သတင်း

စစ်ကောင်စီ လွတ်ငြိမ်း ရှမ်းပြည် အကျဉ်းထောင်များမှ ၄၀၀ ကျော် ပါဝင်၊ နိုင်ကျဉ်းပါဝင်မှု အလွန်နည်း

မဲခေါင် 4 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၄ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆,၁၃၄ ဦးကို ပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရှမ်းပြည်ရှိ ထောင်များမှ ၄၆၀ ကျော် ပါဝင်ကြောင်း သိရသည်။ မဲခေါင်သတင်းဌာနက ရရှိထားသည့် စာရင်းများအရ ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများမှာ ညောင်ရွှေ (တောင်လေးလုံး) အကျဉ်းထောင်မှ အကျဉ်းသား ၆၉ ဦး၊ အကျဉ်းသူ ၂၀ ဦး (စုစုပေါင်း ၈၉ ဦး)၊ ကျိုင်းတုံအကျဉ်းထောင်: အကျဉ်းသား ၂၇ ဦး၊ အကျဉ်းသူ ၁၀

မဲခေါင်၊ ဇန်နဝါရီ ၄

ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆,၁၃၄ ဦးကို ပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရှမ်းပြည်ရှိ ထောင်များမှ ၄၆၀ ကျော် ပါဝင်ကြောင်း သိရသည်။

မဲခေါင်သတင်းဌာနက ရရှိထားသည့် စာရင်းများအရ ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများမှာ ညောင်ရွှေ (တောင်လေးလုံး) အကျဉ်းထောင်မှ အကျဉ်းသား ၆၉ ဦး၊ အကျဉ်းသူ ၂၀ ဦး (စုစုပေါင်း ၈၉ ဦး)၊ ကျိုင်းတုံအကျဉ်းထောင်: အကျဉ်းသား ၂၇ ဦး၊ အကျဉ်းသူ ၁၀ ဦး (စုစုပေါင်း ၃၇ ဦး)နှင့် လားရှိုးအကျဉ်းထောင်: အကျဉ်းသား ၈၆ ဦး၊ အကျဉ်းသူ ၁ ဦး (စုစုပေါင်း ၈၇ ဦး) တို့ဖြစ်ပြီး ကျန်ရှိသူများမှာ မိုင်းဆတ်အကျဉ်းထောင်၊ တောင်ကြီးအချုပ်ထောင်၊ ထီးခမ်းနှင့် ဘန်းကန်အလုပ်စခန်းတို့မှ ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်သူ ၄၆၀ ကျော်ထဲတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ အလွန်နည်းကြောင်း ရှမ်းပြည်နိုင်ကျဉ်းအသိုင်းအဝိုင်းမှ သိရသည်။

“လွတ်လာတဲ့သူတွေထဲမှာ ပြစ်ဒဏ်တစ်ဝက်ကျော် ကျခံပြီးသားသူတွေနဲ့ ကျန်ရှိတဲ့ပြစ်ဒဏ် ၂ နှစ်အောက်သမားတွေ ပါတယ်။ ၆ ပုံ ၁ ပုံ လျှော့ရက်နဲ့လည်း ပါတာပေါ့။ ဒါပေမဲ့ ညောင်ရွှေထောင်လိုမျိုး နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော်ရှိနေတဲ့ နေရာမှာတော့ တစ်ယောက်မှ မလွတ်ဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။

ယခု လွတ်ငြိမ်းခွင့်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းများအက်ဥပဒေ၊ မူးယစ်ဆေးဝါး၊ လက်နက်မှု၊ လူသတ်မှုနှင့် မုဒိန်းမှု အပါအဝင် ပြစ်မှုကြီး (၁၃) မျိုးမှအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးခံရသူ စုစုပေါင်း ၃၀,၂၁၆ ဦး ရှိခဲ့ကြောင်း သိရသည်။

#MeKongNews
#လွတ်လပ်ရေးနေ့
#နိုင်ငံရေးအကျဉ်းသား
#လွတ်ငြိမ်း
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now