မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း ယမန်နေ့ ညနေပိုင်းက ဟွန်ဒါစက်လှေ တိမ်းမှောက်ရာမှ ကလေးတစ်ဦး အပါအဝင် ၂ ဦး သေဆုံးကြောင်း သိရသည်။
“၂ယောက်စလုံး ဆယ်ရပေမယ့် ဆုံးကုန်တယ်။ ကလေးက ဒီညနေပဲ သင်္ဂြိုဟ်တယ်။ မြေနီကုန်းရွာက တစ်ယောက်လည်း ဆုံးတယ်။ ညောင်ရွှေဆေးရုံကို သယ်သွားတယ်”ဟု နန်းပန် ဒေသခံတစ်ဦးက ယနေ့ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပြောသည်။
အင်းလေးတောင်ဘက်၊ နန်းပန်ရွာမှ စက်လှေဖြင့် တစ်နာရီခန့် မောင်းရသည့် ညောင်ရွှေ အနောက်ဘက်ကမ်း မြေနီကုန်းရွာသို့ လူလာခေါ်ရာမှ ယခုကဲ့သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဖြစ်စဥ်တွင် လှေပေါ်ပါ လူ ၅ ဦးအနက်မှ ၃ ဦးသာ ဆယ်နိုင်ခဲ့ပြီး ၅ နှစ်အရွယ် ကလေးတစ်ဦးနှင့်၂၁ နှစ် အရွယ် လူငယ်တစ်ဦးတို့ ပျောက်ဆုံးနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကလေးတစ်ဦးသာ သေဆုံးလျှက် ဆယ်ယူနိုင်ခဲ့ပြီး လူငယ်မှာ ပျောက်ဆုံးနေရာမှ ပြန်လည်တွေ့ရှိသော်လည်း သေဆုံးသွားပြီဖြစ်သည်။
#MeKongNews
#အင်းလေးကန်
#စက်လှေမှောက်
#၂ဦးသေ
#နန်းပန်
မှတ်ချက်-ပုံဟောင်း








