နေ့စဥ်သတင်း

ရွေးကောက်ပွဲဥပဒေကို လက်နက်သဖွယ် စစ်‌ကောင်စီ အသုံးပြုနေ

မဲခေါင် 22 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၂ စစ်ကောင်စီ ထုတ်ပြန်သည့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ရိုက်ချိုးဖောက်နေပြီး ယင်းကိုလက်နက်သဖွယ် အသုံးပြုနေကြောင်း မြန်မာအင်တာနက်ပရောဂျက်က ထုတ်ပြန်သည်။ ၂၀၂၅ ရွေးကောက်ပွဲတွင် စနစ် ၂ မျိုးဖြင့် ရောနှော ကျင်းပမည်ဖြစ်‌ကြောင်း စစ်ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲကို ဟန့်တား နှောင့်ယှက်ဖျက်ဆီးလျှင် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း နှင့် သေဒဏ်အထိ ချမှတ်ခံရမည့် “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကိုလည်း ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေကို စတင်ထုတ်ပြန်သည့် ဇူလိုင် ၂၉ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ၃ လတာအတွင်း ယင်းဥပဒေဖြင့် လူဦးရေ ၉၀

မဲခေါင်၊ နိုဝင်ဘာ ၂၂

စစ်ကောင်စီ ထုတ်ပြန်သည့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ရိုက်ချိုးဖောက်နေပြီး ယင်းကိုလက်နက်သဖွယ် အသုံးပြုနေကြောင်း မြန်မာအင်တာနက်ပရောဂျက်က ထုတ်ပြန်သည်။

၂၀၂၅ ရွေးကောက်ပွဲတွင် စနစ် ၂ မျိုးဖြင့် ရောနှော ကျင်းပမည်ဖြစ်‌ကြောင်း စစ်ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲကို ဟန့်တား နှောင့်ယှက်ဖျက်ဆီးလျှင် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း နှင့် သေဒဏ်အထိ ချမှတ်ခံရမည့် “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကိုလည်း ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေကို စတင်ထုတ်ပြန်သည့် ဇူလိုင် ၂၉ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ၃ လတာအတွင်း ယင်းဥပဒေဖြင့် လူဦးရေ ၉၀ နီးပါး ဖမ်းဆီးအရေးယူခံခဲ့ရကြောင်း မြန်မာအင်တာနက်ပရောဂျက်၏ မှတ်တမ်းအရ သိရသည်။

အဖမ်းခံရသူ အများစုသည် လူမှုကွန်ရက်၌ ပို့စ်တင်၍ထုတ်ဖော်ပြောဆိုခြင်း၊ တင်ထားသောပို့စ်အား တုံ့ပြန်ခြင်းများမှတစ်ဆင့် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အရေးယူမှုများကို မြန်မာအင်တာနက်ပရောဂျက်က အမည်နှင့်တကွ မှတ်တမ်းတင်ခဲ့ရာတွင် စုစုပေါင်း ၃၂ ဦးရှိပြီး အမျိုးသား ၂၉ ဦး နှင့် အမျိုးသမီး ၃ ဦးဖြစ်ကာ ရန်ကုန်တိုင်းမှ ၁၄ ဦး၊ ကရင်နီပြည်နယ်မှ ၅ ဦး၊ ရှမ်းပြည်မှ ၂ ဦး၊ ပဲခူးတိုင်းမှတစ်ဦး၊ ဧရာဝတီတိုင်းမှ ၂ ဦး၊ ကရင်ပြည်နယ်မှ ၂ ဦး၊ မွန်ပြည်နယ်မှတစ်ဦးနှင့် မြို့နယ်အတည်မပြုနိုင် သေးသူ ၅ ဦးပါဝင်ကြောင်း တွေ့ရသည်။

ထိုသို့ အခြေအနေများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ဥပဒေလက်နက်ဖြင့် ဖိနှိပ်ကန့်သတ်ခြင်းဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲအပေါ် အများပြည်သူ၏ သဘောထားများကို ထုတ်ဖော်ခွင့်မပေးဘဲ နှုတ်ပိတ်နေစေရန် ခြိမ်းခြောက်နေသော အားထုတ်မှုဖြစ်သည်ဟု မြန်မာအင်တာနက်ပရောဂျက်က ဆိုသည်။

#MeKongNews
#စစ်ကောင်စီ
#ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ
#မြန်မာအင်တာနက်ပရောဂျက်
#ဖမ်းဆီးအရေးယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now