နေ့စဥ်သတင်း

တီကျစ်ဒေသ အဆိပ်သင့်မှု ပိုမိုဆိုးရွားလာနေ

မဲခေါင် 17 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၇ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံက ထွက်သည့်ပြာနှင့် မီးခိုးများကြောင့် ရှမ်းပြည်တောင်ပိုင်း၊ တီကျစ်ဒေသ၌ လူနှင့်ပတ်ဝန်းကျင် အဆိပ်သင့်မှု ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများက ပြောသည်။ စစ်တပ် အာဏာမသိမ်းခင်ကပင် လူနှင့်ပတ်ဝန်းကျင် ထိခိုက်မှုဆိုးရွားခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိကာလတွင် ပိုမိုဆိုးရွားလာနေကြောင်း ၎င်းတို့က မဲခေါင်သို့ ပြောသည်။ “အရင်ထဲက ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေ ထိခိုက်နေတာ။ အခုက အခြား အသက်အရွယ်ပိုင်းတွေပါ ထိခိုက်လာပြီ။ အရင်က တစ်ယောက်နှစ်ယောက် သေနေတာကနေ အခုကာလမှာ တစ်ပတ်ကို ၃၊ ၄ယောက်သေလာကြတာ” ဟု တီကျစ်အလယ်ပိုင်းရပ်နေ ဒေသခံတစ်ဦးက ပြောသည်။ ပို၍သိသာလာခြင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် တီကျစ်ဒေသတွင် ကျောက်မီးသွေးစက်ရုံနှင့် ကျောက်မီးသွေးမိုင်းတွင်းများ၏

မဲခေါင်၊ နိုဝင်ဘာ ၁၇

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံက ထွက်သည့်ပြာနှင့် မီးခိုးများကြောင့် ရှမ်းပြည်တောင်ပိုင်း၊ တီကျစ်ဒေသ၌ လူနှင့်ပတ်ဝန်းကျင် အဆိပ်သင့်မှု ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများက ပြောသည်။

စစ်တပ် အာဏာမသိမ်းခင်ကပင် လူနှင့်ပတ်ဝန်းကျင် ထိခိုက်မှုဆိုးရွားခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိကာလတွင် ပိုမိုဆိုးရွားလာနေကြောင်း ၎င်းတို့က မဲခေါင်သို့ ပြောသည်။

“အရင်ထဲက ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေ ထိခိုက်နေတာ။ အခုက အခြား အသက်အရွယ်ပိုင်းတွေပါ ထိခိုက်လာပြီ။ အရင်က တစ်ယောက်နှစ်ယောက် သေနေတာကနေ အခုကာလမှာ တစ်ပတ်ကို ၃၊ ၄ယောက်သေလာကြတာ” ဟု တီကျစ်အလယ်ပိုင်းရပ်နေ ဒေသခံတစ်ဦးက ပြောသည်။

ပို၍သိသာလာခြင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် တီကျစ်ဒေသတွင် ကျောက်မီးသွေးစက်ရုံနှင့် ကျောက်မီးသွေးမိုင်းတွင်းများ၏ ဆိုးကျိုးများကြောင့် ဒေသခံများ ရုတ်တရက်သေဆုံးမှု နေ့စဉ် ဖြစ်ပွားလာနေသည် ဟု ဆိုသည်။

ကျောက်မီးသွေးစက်ရုံမှ ထွက်ရှိသည့် ပြာများနှင့် ကျောက်မီးသွေးမှုန်များက အသက်ရှုလမ်းကြောင်းကို ထိခိုက်နေသကဲ့သို့ ပြာများဖြင့် ပြုလုပ်ထားသည့်အုတ်ခဲများ အသုံးပြုထားသည့် လမ်းနှင့် နေအိမ်အဆောက်အဦးများမှ ထွက်ရှိသည့် အဆိပ်သင့်မှု၊ စိုက်ပျိုးရေးသီးနှံများ မှတစ်ဆင့် အစာအိမ်လမ်းကြောင်း အဆိပ်သင့်မှုများကြောင့် ကာလရှည်အဆိပ်သင့်ရာမှ ရုတ်တရက် သေဆုံးနေကြရကြောင်း ဒေသခံများက ပြောသည်။

“အစကတည်းက စက်ရုံရော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ပြာတွေ၊ ကျောက်မီးသွေးမိုင်းတွေကို ကန့်ကွက်ခဲ့ကြပေမယ့် ဘယ်အုပ်ချုပ်သူမှ လူထုဖက်က မကြည့်ပေးကြပါဘူး။ အခုပိုဆိုးတာက ထွက်သမျှပြာတွေကို ငလျင်ဘေးသင့်နေရာက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ချသုံးလာတာက အဲဒီနေရာတွေပါ အဆိပ်သင့်ကြရတော့မှာ” ဟု တီကျစ်အရှေ့ပိုင်းနေသူတစ်ဦးက ပြောသည်။

ရေနှင့်ထိပါက အဆိပ်ငွေ့ထွက်သည့် ပြာများကို ဘိလပ်မြေတင်ကားကြီး အမြောက်အမြားနှင့် သယ်ဆောင်နေခြင်းမှာ အဆိပ်များဖြန့်ဝေနေခြင်းဟု တီကျစ်ဒေသခံလူထုက စွပ်စွဲပြောဆိုသည်။

နိုင်ငံတကာပညာရှင်များ၏ သုတေသနစစ်တမ်းအရ တီကျစ်ဒေသ၏ လေထု၊ ရေထုများသည် လူမနေသင့်လောက်အောင် အလွန်ဆိုးရွားနေပြီး လုံးဝနေထိုင်ရန်မသင့်သည့် အဆိပ်သင့်မြေအဖြစ် မှတ်ချက်ပြုထားကာ ရေမှာလည်း လုံးဝသောက်သုံး၍မရသည့် အဆင့်ရှိနေသကဲ့သို့ ကမ္ဘ့ာကျန်းမာရေးအဖွဲ့ – WHO ၏ သတ်မှတ်ချက်ထက် ကျော်လွန်နေသည် ဟု သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးပညာရှင်များက အထောက်အထားများနှင့် ထုတ်ပြန်ထားချက်များ ရှိနေကြောင်းလည်း ဆိုသည်။

“တီကျစ်က လေထုရော၊ မြေထုရော၊ ရေထုရော အဆိပ်သင့်နေတာ ပြင်းထန်လာနေတယ်။ ပိုဆိုးတာက အခြေခံလမ်း၊ အဆောက်အဦနဲ့ စိုက်ပျိုးသီးနှံတွေပါ အဆိပ်သင့်လာစေတာက သက်ရှိထုကိုပါ အဆိပ်သင့်လာနေစေတာပဲ။ မနေသင့်ဘူးဆိုပေမယ့် ပြေးစရာလည်း နေရာမရှိဘူး” ဟု ဘန်းမက်ရွာဒေသခံတစ်ဦးက ပြောသည်။

တီကျစ်ဒေသရှိ ရေထု၊ လေထု၊ မြေထုများကို သုတေသနပြုလုပ်ပြီး တွေ့ရှိချက်အရ ကမ္ဘာပေါ်၌ အလွန်ဆိုးရွား သည့် အခြေအနေဖြစ်ပြီး လေထုညစ်ညမ်းမှုသည် တရုတ်ပြည်၊ ပေကျင်းမြို့ထက် ပိုမိုဆိုးရွားနေကြောင်း နယ်သာလန်အခြေစိုက် Greenpeace သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဖင်လန်နိုင်ငံသားပညာရှင် မစ္စတာလော်ရီမီလီဗာတာက ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှာပင် သုံးသပ်ပြောဆိုထားသည်။

စစ်တပ်အာဏာမသိမ်းခင် ယခင်အစိုးရများ လက်ထက်ကတည်းက စက်ရုံပိတ်သိမ်းပေးရန် ဒေသခံလူထုအနေဖြင့် အကြိမ်ကြိမ် ဆန္ဒပြတောင်းဆိုခဲ့သော်လည်း အရာမထင်ခဲ့ဟု ဆိုသည်။

တီကျစ်ကျောက်မီးသွေးစက်ရုံကို တရုတ်ကုမ္ပဏီဖြစ်သည့် ဝူရှီဟွာကွမ်းကုမ္ပဏီက နှစ် ၂၀ လုပ်ကိုင်ခွင့် ရထားခြင်းဖြစ်ပြီး လက်ရှိလည်း နောက်ထပ် ၂၂ နှစ် သက်တမ်းတိုးထားကြောင်း သိရသည်။

တီကျစ်ရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကို ၂၀၀၅ ခုနှစ်၌ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒေသခံလူထု ကန့်ကွက်မှုကြောင့် ၂ နှစ်မျှ ရပ်နားခဲ့သော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း ပြန်လည်ပတ်နေသည်မှာ ယနေ့အထိဖြစ်ကြောင်း သိရသည်။

တီကျစ်ဒေသသည် ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တွင်ရှိပြီး ယင်းဒေသကို ဝူရှီဟွာကွမ်းတရုတ်ကုမ္ပဏီက လုပ်ခွင့်ရသည့် ကျောက်မီးသွေးစက်ရုံနှင့် ဧဒင်ကုမ္ပဏီက တူးဖော်နေသည့် ကျောက်မီးသွေးမိုင်းတွင်းက အဆိပ်ခတ်သတ်နေသည် ဟု ဒေသခံများက ဝေဖန်နေကြသည်။

#MeKongNews
#တီကျစ်ဒေသ
#အဆိပ်သင့်မှု
#ကျောက်မီးသွေးမိုင်းတွင်း
#ဝူရှီဟွာကွမ်းကုမ္ပဏီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now