မဲခေါင်၊ နိုဝင်ဘာ ၁၁
စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကောင်စီနှင့် MNDAA တို့ယနေ့နိုဝင်ဘာ ၁၁ရက်တွင် ထပ်မံတွေ့ဆုံကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့တွေ့ဆုံမှုမှာ ပုံမှန်အရဖြစ်သော်လည်း ရက်ရှည်တွေ့ဆုံမှုမျိုးဟု သတင်းရင်းမြစ်ကဆိုသည်။
“အဝေးကလာတာမဟုတ်ဘဲ ဆက်ဆံရေးရုံးနဲ့ ရမခတိုင်းရုံး တစ်ဦးဦး ဦးဆောင်တာမျိုးလို့ သိရတယ်။ အထက်ပိုင်းတွေ မပါဘဲ အောက်ခြေညှိတာမျိုးပေါ့” ဟု ၎င်းကပြောသည်။
ဆွေးနွေးသည့် အကြောင်းအရာများကို အသေးစိတ်မသိရသော်လည်း ၁၀၅ မိုင်ကဲ့သို့နယ်စပ်ဂိတ်မှအခွန်ကောက်ခံမှုကိစ္စများ၊ ကုန်ပစ္စည်းသယ်ဆောင်မှုများ၊ လုံခြုံရေးကိစ္စရပ်များ ပါဝင်သည်ဟုဆိုသည်။
စစ်ကောင်စီသည် တရုတ်၏ကြားဝင်မှုဖြင့် လားရှိုးမြို့ပေါ်ကို ထိန်းချုပ်လိုက်နိုင်ပြီးနောက် MNDAA သိမ်းထားသည့် သိန္နီမြို့ကို ယင်းကဲ့သို့ပြန်ရရေးကြိုးပမ်းသည့်အနေဖြင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
#MeKongNews
#လားရှိုး
#MNDAA
#စစ်ကောင်စီ
#သိန္နီ








