နေ့စဥ်သတင်း

လားရှိုးတွင် စစ်ကောင်စီနှင့် MNDAA ထပ်မံတွေ့ဆုံ

မဲခေါင် 1 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ ယမန်နေ့ အောက်တိုဘာ ၃၁ရက်က ထပ်မံတွေ့ဆုံကြောင်း MNDAA နှင့်နီးစပ်သူ ဒေသခံများထံမှ သိရသည်။ ယင်းတွေ့ဆုံမှုမှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက် တွေ့ဆုံအပြီး တစ်လခွဲခန့်အကြာတွင် ထပ်မံတွေ့ဆုံကြခြင်းဖြစ်ပြီး ယခင်အတိုင်း ဆင်နှစ်ကောင်ဟိုတယ်တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သိန္နီမြို့ပြန်ပေးရန်ကိစ္စ အဓိကဆွေးနွေးကြောင်း MNDAA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သိန္နီပြန်ပေးဖို့ ကိုးကန့်မှာ အစီအစဉ် မရှိဘူးခင်ဗျ။ သိရသလောက် တရုတ်လုပ်ငန်းရှင်တွေပါ စစ်တပ်အကြပ်ရိုက်အောင် ခေါ်ထည့်ထားတယ်။ တချို့တော့ ပြန်ရုပ်သွားတာရှိတယ်။ လားရှိုးမြို့နယ်ထဲက ထိမ်းချုပ်ဒေသတွေကိုလဲ တရုတ်ကျောင်းတွေ ထပ်ဆောက်တာ၊ စာသင်ကျောင်းတွေ ပြုပြင်တာ၊ ဂိတ်တွေ ထပ်တိုးချတာ၊

မဲခေါင်၊ နိုဝင်ဘာ ၁

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ ယမန်နေ့ အောက်တိုဘာ ၃၁ရက်က ထပ်မံတွေ့ဆုံကြောင်း MNDAA နှင့်နီးစပ်သူ ဒေသခံများထံမှ သိရသည်။

ယင်းတွေ့ဆုံမှုမှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက် တွေ့ဆုံအပြီး တစ်လခွဲခန့်အကြာတွင် ထပ်မံတွေ့ဆုံကြခြင်းဖြစ်ပြီး ယခင်အတိုင်း ဆင်နှစ်ကောင်ဟိုတယ်တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သိန္နီမြို့ပြန်ပေးရန်ကိစ္စ အဓိကဆွေးနွေးကြောင်း MNDAA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သိန္နီပြန်ပေးဖို့ ကိုးကန့်မှာ အစီအစဉ် မရှိဘူးခင်ဗျ။ သိရသလောက် တရုတ်လုပ်ငန်းရှင်တွေပါ စစ်တပ်အကြပ်ရိုက်အောင် ခေါ်ထည့်ထားတယ်။ တချို့တော့ ပြန်ရုပ်သွားတာရှိတယ်။ လားရှိုးမြို့နယ်ထဲက ထိမ်းချုပ်ဒေသတွေကိုလဲ တရုတ်ကျောင်းတွေ ထပ်ဆောက်တာ၊ စာသင်ကျောင်းတွေ ပြုပြင်တာ၊ ဂိတ်တွေ ထပ်တိုးချတာ၊ ခံစစ်ပြင်တာတွေ လုပ်ထားတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

တွေ့ဆုံမှုမှာ နံနက် ၉နာရီခန့်မှ ညနေ ၃နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး ဆွေးနွေးမှုအသေးစိတ်ကိုမှု ၂ဖက်တပ်များ ယခုချိန်ထိ ထုတ်ပြန်မှု မရှိသေးပေ။

ဆွေးနွေးမှုများတွင် သိန္နီပြန်ပေးရေး၊ တရုတ်က ဖမ်းထားဆဲ MNDAA ခေါင်းဆောင် ၄ဦး ပြန်လွှတ်ရေးနှင့် တရုတ်ဘက်က ပိတ်ထားသည့် ဘဏ်အကောင့်များ ဖွင့်ပေးရေးတို့ပါဝင်နိုင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

“တရုတ်က ဘဏ်အကောင့်တွေ ပိတ်ထားလို့ ငွေကြပ်နေတာကို ဖြေရှင်းဖို့၊ သိန္နီနဲ့ လားရှိုး နယ်တဝိုက်က လယ်မြေတွေ တရုတ်တွေကို ဇွတ်မြူဆွယ်လုပ်ခိုင်းတာဟာ ဘတ်ဂျက်လိုငွေ ဖာဖို့ပါပဲ။ သိန္နီစျေးအငှားချတာက အစပေါ့” ဟု ၎င်းက ပြောသည်။

ရှမ်းမြောက်စစ်ဆင်ရေးများတွင် အမှန်တကယ် စစ်ရှုံးသူမှာ အာဏာသိမ်းစစ်တပ်ပင်ဖြစ်ကြောင်း ရှမ်းမြောက် စစ်ဆင်ရေးများနှင့် လက်ရှိ နိုင်ငံရေးစစ်ရေးအခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နိုင်ငံရေးအကဲခတ် နိုင်ကျဥ်းတစ်ဦးကသုံးသပ်သည်။

“တကယ်တမ်းကြ တကယ်ရှုံးတာက စစ်တပ်၊ လားရှိုးကို ပြန်ပေးပြီး မြို့အများကြီး MNDAA ကယူသွားတာ။ MNDAA က ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကြူကုတ်၊ ကွမ်းလုံ၊ တာမိုးညဲ၊ သိန္နီ၊ လားရှိုးမြို့ ၁၀ မြို့သိမ်းပြီး လားရှိုးတစ်မြို့ပဲ ပြန်ပေးတာ။ TNLA လည်းသိမ်းတာ ၁၂မြို့၊ ၅ မြို့ပြန်ပေးတယ်။ ကျန်တဲ့ ၇မြို့ TNLA ဆီပါသွားပြီ။ TNLA က မန်တုံ၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ သီပေါမြို့ ၁၂ မြို့သိမ်းပြီး ၅ မြို့ပဲ စစ်တပ်ကပြန်ရတာ။ မူဆယ် ၁၀၅ မိုင်ဂိတ်လည်း ညီနောင်သုံးဖော်ကို ပေးလိုက်ရပြီ။ ဒါကို စစ်တပ်က သူတို့အနိုင်ရတာလို့ ထင်နေတာ” ဟု ၎င်းက ပြောသည်။

MNDAA ခေါင်းဆောင်ကမူ စစ်ရပ်စဲရေးသဘောတူညီချက်သည် စစ်မှန်သည့်ငြိမ်းချမ်းရေးမဟုတ်ကြောင်း အောက်တိုဘာ၂၅ရက်က သင်တန်းဆင်းပွဲ၌ ပြောထားသည်။

MNDAAသည် လက်ရှိ သိန္နီမြို့ကိုအုပ်ချုပ်ရေးပိုင်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိနေပြီး သိန္နီပြည်သူ့ဆေးရုံကိုလည်း အဆင့်မြင့်ဆေးရုံအဖြစ် အသစ်ပြန်လည်တည်ဆောက်နေသည့်အပြင် ရေပူစစ်ဆေးရေးဂိတ်ကိုလည်း ဖွင့်နိုင်ရန်ကြိုးပမ်းနေကြောင်း မြေပြင်သတင်းများအရသိရသည်။

တရုတ်၏ ကြားဝင်ဖိအားပေးမှုကြောင့် MNDAA နှင့် စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီး MNDAA ထိန်းချုပ်သည့် လားရှိုးမြို့ပေါ်ရပ်ကွက်၁၂ခုကို ပြီးခဲ့တဲ့ ဧပြီလ၂၂တွင် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

#MeKongNews
#လားရှိုး
#စစ်ကောင်စီ
#MNDAA
#ရှမ်းမြောက်
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၁၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now