မဲခေါင်၊ အောက်တိုဘာ ၂၈
တန်ဆောင်တိုင် မီးပုံးပျံပွဲအတွက် ပြင်ဆင်နေသည့် မီးပုံးပျံယမ်းပေါက်ကွဲမှုကြောင့် တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စုတွင် ယနေ့ အောက်တိုဘာလ ၂၈ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ အောက်တိုဘာ ၂၈ရက်၊ နံနက် ၉နာရီ၄၅ မိနစ်ခန့်ကဖာမွန်းကျေးရွာအုပ်စု၊ ကောင်ရွေးရွာတွင် မီးပုံးပျံယမ်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကို အသေးစိတ်မသိရသေးကြောင်း ဖာမွန်းဒေသခံတစ်ဦးက ပြောသည်။
“သေတာက ကွမ်းယာရောင်းသူလို့သိရတယ်။ ဒဏ်ရာရသူက အမျိုးသား၂ဦး။ ယမ်းပေါက်ကွဲတာလို့ပဲ သိရတာ၊ ဘယ်လိုဖြစ်တယ်ဆိုတာ သေချာမသိရဘူး” ဟု ၎င်းက ပြောသည်။
အခင်းဖြစ်နေရာသို့ ကြက်ခြေနီတပ်ဖွဲ့မှ ရောက်ရှိလာပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများကိုတောင်ကြီးစဝ်စံထွန်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ယမန်နှစ်ကလည်း မီးပုံးပျံယမ်းထောင်းစဥ် ပေါက်ကွဲမှုကြောင့် အောင်ပန်းတွင် မီးဆရာနှင့် အခြားသူ ၂ဦး သေဆုံးခဲ့ရသလို အိမ်လည်း မီးလောင်ခဲ့သေးသည်။
နှစ်စဥ်လိုပင် မီးပုံးပျံယမ်းပြုလုပ်ရင်း သေဆုံးမှု၊ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
Photo Credit – Pa-O’s Supporter Group
#MeKongNews
#တောင်ကြီး
#တန်ဆောင်တိုင်မီးပုံးပျံပွဲ
#ယမ်းပေါက်ကွဲ
#ဖာမွန်းကျေးရွာအုပ်စု








