နေ့စဥ်သတင်း

ကျိုင်းတုံတွင် သွေးအလှူရှင်နည်းပါးပြီး သွေးလိုပါက ရှာရခက်နေ

မဲခေါင် 12 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၂ လစဉ် သွေးအလုံး ၃၀၀ ဝန်းကျင်လိုအပ်ချက်ရှိသည့် ကျိုင်းတုံမြို့တွင် သွေးလှူရှင်နည်းပါးနေ၍ လိုအပ်သည့် သွေးကို ရှာဖွေရန် အချိန်များစွာ ပေးနေရကြောင်း ကျိုင်းတုံဒေသခံများထံမှ သိရသည်။ ကျိုင်းတုံမြို့ရှိ လူနာအတွက် သွေးတစ်လုံးလိုအပ်ပါက ၃၊ ၄ရက် အချိန်ပေးရှာဖွေနေရပြီး သွေးလှူဒါန်းခြင်းသည် အန္တရာယ်မရှိပဲ လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သော်လည်း ယင်းအသိနည်းသည့်အတွက် လှူဒါန်းသူနည်းပါးနေကြောင်း သွေးလိုအပ်ပါက ကူညီရှာဖွေပေးနေသူတစ်ဦးက ပြောသည်။ “ကျိုင်းတုံမှာက သွေးလိုအပ်တဲ့ လူနာတွေက များပြီး သွေးလှူရှင်တွေက အရမ်းနည်းပါတယ်။ တချို့လူနာတွေက ကုန်ပစ္စည်းလို အဆင့်သင့် အများကြီး ရှိတယ်ထင်ပြီး အခုချက်ချင်း လိုတယ်တွေ ပြောတာ။ တကယ်တမ်းမှာ သွေးတလုံးကို ၃-၄ ရက်

မဲခေါင်၊ စက်တင်ဘာ ၁၂

လစဉ် သွေးအလုံး ၃၀၀ ဝန်းကျင်လိုအပ်ချက်ရှိသည့် ကျိုင်းတုံမြို့တွင် သွေးလှူရှင်နည်းပါးနေ၍ လိုအပ်သည့် သွေးကို ရှာဖွေရန် အချိန်များစွာ ပေးနေရကြောင်း ကျိုင်းတုံဒေသခံများထံမှ သိရသည်။

ကျိုင်းတုံမြို့ရှိ လူနာအတွက် သွေးတစ်လုံးလိုအပ်ပါက ၃၊ ၄ရက် အချိန်ပေးရှာဖွေနေရပြီး သွေးလှူဒါန်းခြင်းသည် အန္တရာယ်မရှိပဲ လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သော်လည်း ယင်းအသိနည်းသည့်အတွက် လှူဒါန်းသူနည်းပါးနေကြောင်း သွေးလိုအပ်ပါက ကူညီရှာဖွေပေးနေသူတစ်ဦးက ပြောသည်။

“ကျိုင်းတုံမှာက သွေးလိုအပ်တဲ့ လူနာတွေက များပြီး သွေးလှူရှင်တွေက အရမ်းနည်းပါတယ်။ တချို့လူနာတွေက ကုန်ပစ္စည်းလို အဆင့်သင့် အများကြီး ရှိတယ်ထင်ပြီး အခုချက်ချင်း လိုတယ်တွေ ပြောတာ။ တကယ်တမ်းမှာ သွေးတလုံးကို ၃-၄ ရက် ပတ်ရှာတာတောင် မရတာတွေ အများကြီးပါ” ဟု ၎င်းက ပြောသည်။

ကျိုင်းတုံမြို့ရှိ ဆေးရုံ၊ ဆေးခန်းများအတွက် လစဉ် သွေးလိုအပ်ချက်သည် အလုံးရေ ၃၀၀ ဝန်းကျင် ရှိမည်ဟု ခန့်မှန်းရသော်လည်း သွေးလှူသူ နည်းပါးလွန်းသဖြင့် အချိန်များစွာ ပေးကာ ရှာဖွေနေရသကဲ့သို့ ပုံမှန်လှူဒါန်းနေကြ လူများပင် လှူပေးရသည်မှာ အလျှင်မမှီဖြစ်နေရ၍ ကျိုင်းတုံမြို့ပေါ်ရှိ လူနာများ၊ ငွေကြေး ရှိသူများအနေနှင့် မိမိအသိုင်းအဝိုင်းတွင် ရှာဖွေပြီး အချင်းချင်း လှူဒါန်းပေးနိုင်ပါက ပိုအဆင်ပြေနိုင်ကြောင်း ပရဟိတ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“သွေးလှူတဲ့ အဖွဲ့တွေက ဘက်ဂျက်မရှိတော့ ရေရှည် မရပ်တည်နိုင်ကြတော့ဘူး။ သွေးလှူရှင်ကိုပဲ အဟာရလှူလိုက်တာမို့ သွေးကိစ္စ သီးသန့် လုပ်ပေးတဲ့ အဖွဲ့အစည်းတွေ မလွယ်ဘူး။ ဒါတင်မက သက်ဆိုင်ရာ ဌာနတွေကလည်း ပူးပေါင်း ပါဝင်မှု မရှိဘူး” ဟု ၎င်းက ပြောသည်။

သွေးလိုအပ်ချက် မြင့်မားနေသလို ကြားထဲတွင် သွေးအလွဲသုံးစား ပြုလုပ်သူများ၊ ရောင်းစားနေကြသူများ ရှိနေသည့်အတွက် သွေးလှူရသည့် ကိစ္စများ ကူညီရာတွင် စိတ်ပျက်စရာ အခြေအနေများလည်း ရှိနေသည်ဟု ဒေသခံများကဆိုသည်။

သွေးလှူချင်သူများအနေဖြင့် အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်း ကိုယ်အလေးချိန် ၁၂၀ ရှိသူ မည်သူမဆို လှူဒါန်းနိုင်ပြီး အိပ်ရေးဝစွာ အိပ်ထားပြီး အရက်သေစာသောက်စားထားခြင်း မရှိသူ၊ လက်တလော ရောဂါဝေဒနာ မရှိသူ နှင့် လွန်ခဲ့သော ၆ လအတွင်း ဆေးမှင်ကြောင်၊ ဆေးအပ်စိုက်ခြင်း နှင့် နားဖောက်ခြင်း မရှိသူတို့ ဖြစ်ရမည် ဟု အမျိုးသားသွေးလှူဘဏ်က သတ်မှတ်ထားသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ နှင့် နို့တိုက်ခြင်း၊ လက်တလော ဓမ္မတာ လာနေသူများအနေနှင့်လည်း သွေးလှူရန် မသင့်တော်ဘဲကျန်းမာသူ မည်သူမဆို သွေးလှူဒါန်းနိုင်ပြီး အန္တရာယ် မရှိပဲ လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ပေးနိုင်ကြောင်း တိုက်တွန်းထားသည်။

#MeKongNews
#ကျိုင်းတုံမြို့
#သွေးလှူဒါန်းမှု
#သွေးလှူရှင်
#ရှမ်းပြည်အရှေ့ပိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now