နေ့စဥ်သတင်း

ကလောရေယားအောက်ကွေ့ ၌ စစ်ကားမှောက်ပြီး စစ်သား ၃ ဦးသေ၊ ၂၀ ဦးခန့် ဒဏ်ရာရ

မဲခေါင် 21 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၁ ရှမ်းပြည်နယ်​တောင်ပိုင်း၊ က​လောမှ သာစည်ဘက်အဆင်း ရေယားအောက်ဖက်ကွေ့တွင် စစ်ကောင်စီ​တပ်ကား တိမ်းမှောက်သဖြင့် ၃ ဦးခန့် သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရကြောင်း ဒေသခံများထံကသိရသည်။ သြဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်း ကလောမှ သာစည်ဘက်သို့ သွားသည့် စစ်ယာဥ်တန်းအနက် စစ်ကားတစ်စီးမှာ မတော်တဆဖြစ်ပြီး ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရသည်ဟု ဒေသခံနှင့် ခရီးသွားများကပြောသည်။ “ဘာဖြစ်မှန်း မသိရဘူး။ ရေယားအောက် ၂ ခုမြောက်ကွေ့မှာ ဘီးပေါက်သလို ဗုံးကွဲသလိုကြားတာ၊ ယာဥ်တန်းက ချက်ခြင်းရပ်ပြီး လူတွေ ကားတွေ မလာခိုင်းတော့တာ။ နောက်မှ ၃

မဲခေါင်၊ သြဂုတ် ၂၁

ရှမ်းပြည်နယ်​တောင်ပိုင်း၊ က​လောမှ သာစည်ဘက်အဆင်း ရေယားအောက်ဖက်ကွေ့တွင် စစ်ကောင်စီ​တပ်ကား တိမ်းမှောက်သဖြင့် ၃ ဦးခန့် သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရကြောင်း ဒေသခံများထံကသိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်း ကလောမှ သာစည်ဘက်သို့ သွားသည့် စစ်ယာဥ်တန်းအနက် စစ်ကားတစ်စီးမှာ မတော်တဆဖြစ်ပြီး ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရသည်ဟု ဒေသခံနှင့် ခရီးသွားများကပြောသည်။

“ဘာဖြစ်မှန်း မသိရဘူး။ ရေယားအောက် ၂ ခုမြောက်ကွေ့မှာ ဘီးပေါက်သလို ဗုံးကွဲသလိုကြားတာ၊ ယာဥ်တန်းက ချက်ခြင်းရပ်ပြီး လူတွေ ကားတွေ မလာခိုင်းတော့တာ။ နောက်မှ ၃ ယောက်လောက် သေတာကြားရတာ၊ ဒဏ်ရာရတာကတော့ တစ်စီးလုံး ၂၀ လောက်လို့လည်း ကြားတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

အခင်းဖြစ်ချိန်တွင် အတက်အဆင်းကားများကို ပိတ်ထားသဖြင့် ကားများ ရပ်တန့်နေရပြီး စစ်ကားများ ကလောဘက်သို့အမြန်မောင်းသွားပြီးမှ လမ်းပြန်ဖွင့်ပေးကြောင်း၊ စစ်ကားမှောက်သည်ဟု ဒေသခံများကပြောကြောင်း ​မိတ္ထီလာ အဆင်းကားယာဥ်မောင်းတစ်ဦးက ပြောသည်။

“ဆင်းသွားတော့ ရေယားနားမှာ ကားမှောက်ထားတာ မတွေ့ရဘူး၊ နောက်ကျမှ ဗုံးပေါက်သလိုလို မိုင်းထိသလိုလို ပစ်ခံရသလိုလို ကြားတာ” ဟု ၎င်းကပြောသည်။

အခြားသတင်းရင်းမြစ်တစ်ခုကမူ စစ်မှုထမ်းဆင်းလူသစ်များကို ပေးပို့သည့် ယာဥ်တန်းဟု ဆိုသည်။

PS. ဓာတ်ပုံများကို လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိပါ။
#MeKongNews
#ကလော
#ရှမ်းတောင်
#စစ်မှုထမ်း
#ရေယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now