နေ့စဥ်သတင်း

ရှမ်းတောင်တွင် စစ်မှုထမ်းအကြုံးဝင်လူငယ်များကို ဧည့်စာရင်းစစ်သည့် ပုံစံဖြင့် ခေါ်ဆောင်မှု များလာ

မဲခေါင် 13 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၃ တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်တောင်ပိုင်းရှိ ရပ်ကွက်အချို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် မဲနှိုက်ခြင်း၊ ငွေကြေးတောင်းခံခြင်းတို့ မပြုလုပ်တော့ပဲ ရုတ်တရက် ဧည့်စာရင်းဝင်စစ်သည့် ပုံစံဖြင့် လာရောက်ခေါ်ဆောင်မှု များလာကြောင်း ရှမ်းတောင်ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်းကင်းလွက်ရန်အတွက် လစဉ်ကြေးအနေဖြင့် ကျပ်၃သောင်းမှ တစ်သိန်းကျော်အထိ ရပ်ကွက်ပေါ်မူတည်ကာ ပေးဆောင်နေရသော်လည်း နောက်ပိုင်းတွင် နေအိမ်များအထိ ဧည့်စာရင်း ဝင်စစ်သည့် ပုံစံဖြင့် လာရောက်ကာ လူငယ်များကို ခေါ်ဆောင်နေကြောင်း တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။ ရပ်ကွက်အချို့တွင်မူ လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးသည့် ပုံစံဖြင့် လူငယ်ဆိုပါက တပါတည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် အခြေအနေများလည်းရှိလာကြောင်း၊ ထို့ကြောင့် ညဘက်တွင် တောင်ကြီးမြို့ပေါ်၌ အသွားအလာကြဲပါးလာကြောင်း ၎င်းကပြောသည်။ အလားတူ ရှမ်းပြည်တောင်ပိုင်းရှိ

မဲခေါင်၊ ဩဂုတ် ၁၃

တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်တောင်ပိုင်းရှိ ရပ်ကွက်အချို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် မဲနှိုက်ခြင်း၊ ငွေကြေးတောင်းခံခြင်းတို့ မပြုလုပ်တော့ပဲ ရုတ်တရက် ဧည့်စာရင်းဝင်စစ်သည့် ပုံစံဖြင့် လာရောက်ခေါ်ဆောင်မှု များလာကြောင်း ရှမ်းတောင်ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်းကင်းလွက်ရန်အတွက် လစဉ်ကြေးအနေဖြင့် ကျပ်၃သောင်းမှ တစ်သိန်းကျော်အထိ ရပ်ကွက်ပေါ်မူတည်ကာ ပေးဆောင်နေရသော်လည်း နောက်ပိုင်းတွင် နေအိမ်များအထိ ဧည့်စာရင်း ဝင်စစ်သည့် ပုံစံဖြင့် လာရောက်ကာ လူငယ်များကို ခေါ်ဆောင်နေကြောင်း တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

ရပ်ကွက်အချို့တွင်မူ လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးသည့် ပုံစံဖြင့် လူငယ်ဆိုပါက တပါတည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် အခြေအနေများလည်းရှိလာကြောင်း၊ ထို့ကြောင့် ညဘက်တွင် တောင်ကြီးမြို့ပေါ်၌ အသွားအလာကြဲပါးလာကြောင်း ၎င်းကပြောသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်းရှိ မြို့ရွာများတွင်လည်း စစ်မှုထမ်းဆင့်ခေါ်ရာတွင် လစဉ်ငွေကြေးကောက်ခံသည့်အပြင် ကြိုတင်အသိပေးခြင်း မရှိပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲ ၂ဦး ပါဝင်သည့် လူစုက လူငယ်များစာရင်းရှိရာ အိမ်သို့ ဝင်ရောက်ခေါ်ဆောင်သည့် ပုံစံကို ကျင့်သုံးလာကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်ထောင်စုစာရင်းကို ကိုင်ပြီးတော့ တိုက်ရိုက်လာခေါ်တာ။ ဆင့်ခေါ်ခံရတဲ့လူက တိမ်းရှောင်မယ်ဆိုရင် ကျန်တဲ့မိသားစုကို ပြသနာရှာ ခြိမ်းခြောက်တယ်” ဟု ရှမ်းတောင် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိတွင် အပါတ်စဉ် ၁၅ အထိ ဆင့်ခေါ်ခဲ့ပြီး ဖြစ်ကာ စုဆောင်းခံရသည့် စစ်မှုထမ်းလူငယ်များနှင့် ဆုံးရှုံးသွားသည့် နေရာတချို့ကို ပြန်လည်ထိုးစစ်ဆင်နေသည်။

တောင်ကြီးမြို့နယ်အတွင်း တော်လှန်ရေးလူငယ်များ ဝင်ရောက်လာသည် ဟု အကြောင်းပြချက်ဖြင့် PSMS နည်းပညာကို အသုံးပြုကာ ဟိုတယ်၊ တည်းခိုခန်းများ၊ မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်များနှင့် မော်တော်ယာဉ်လိုင်းများတွင် စစ်ဆေးမှုတို့ကို ပြုလုပ်မည် ဟု ဒေသန္တရအမိန့်ကို ထွေအုပ်က ဩဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်မှုထမ်းအပါတ်စဉ် ၁၅ အထိ ရောက်ရှိလာသည့်အချိန်တွင် အစောပိုင်းအပတ်စဉ်များ၌ စစ်မှုထမ်း ခေါ်ဆောင်ခံရသူ လူငယ်များ စစ်မြေပြင်တွင် သေဆုံးမှု မြင့်ပြီး အချိန်ကြာမြင့်သည့်အထိ မိသားစုဝင်များကို အသိမပေးသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

ဖေသန်း
#MeKongNews
#တောင်ကြီးမြို့
#စစ်မှုထမ်းဆင့်ခေါ်
#အပါတ်စဉ်၁၅
#ဧည့်စာရင်းစစ်
#လူငယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now