နေ့စဥ်သတင်း

ဘုရားနီ စေတီပြုပြင်ရေး ထင်ရာစိုင်းနေသည့် ရပ်စောက်ကိုရင်လေးပြည်သူ့စစ်အဖွဲ့ကို ထွက်ခွာခိုင်း

မဲခေါင် 5 Aug - 2025
မဲခေါင်၊ သြဂုတ် ၅ ရှမ်ပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း ပါဝင်သည့် တောင်လေးလုံးကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် နန်းဦး ဘုရားနီ စေတီတော်ကြီးမွမ်းမံရေးလုပ်ငန်းတွင် ရပ်စောက်ကိုရင်လေး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က ၎င်းတို့ စိတ်ထင်သည့်အတိုင်း ထင်ရာစိုင်းပြုမူဆောင်ရွက်နေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းကာ ထွက်ခွာသွားရန် ဆရာတော်များနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၃၁ ရက်တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ်လိုက်သည်။ ယင်းအစည်းအဝေးမှတ်တမ်းတွင် ဘုရားနီကျောင်း ဆရာတော်နှင့် သံဃာတော်များမှ ရပ်စောက်ကိုရင်လေး၏ ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ဦးဂျော်နီ ဦးဆောင်သည့်အဖွဲ့သည် သက်ဆိုင်ရာ သံဃာတော် ဆရာတော်များကို တင်ပြလျှောက်ထားခြင်း မရှိဘဲ ဂေါပကအဖွဲ့ ရှိလျက်နှင့် ကိုယ့်သဘောနဲ့ကိုယ် ဂေါပကအသစ်ဖွဲ့ခြင်း၊ သံဃာသုံးကုဋီနှင့် ရေချိုးခန်းများကို သော့များရိုက်ချိုး၍ အသုံးပြုခြင်း၊ သစ်ပင်များ

မဲခေါင်၊ သြဂုတ် ၅

ရှမ်ပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း ပါဝင်သည့် တောင်လေးလုံးကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် နန်းဦး ဘုရားနီ စေတီတော်ကြီးမွမ်းမံရေးလုပ်ငန်းတွင် ရပ်စောက်ကိုရင်လေး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က ၎င်းတို့ စိတ်ထင်သည့်အတိုင်း ထင်ရာစိုင်းပြုမူဆောင်ရွက်နေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းကာ ထွက်ခွာသွားရန် ဆရာတော်များနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၃၁ ရက်တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ်လိုက်သည်။

ယင်းအစည်းအဝေးမှတ်တမ်းတွင် ဘုရားနီကျောင်း ဆရာတော်နှင့် သံဃာတော်များမှ ရပ်စောက်ကိုရင်လေး၏ ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ဦးဂျော်နီ ဦးဆောင်သည့်အဖွဲ့သည် သက်ဆိုင်ရာ သံဃာတော် ဆရာတော်များကို တင်ပြလျှောက်ထားခြင်း မရှိဘဲ ဂေါပကအဖွဲ့ ရှိလျက်နှင့် ကိုယ့်သဘောနဲ့ကိုယ် ဂေါပကအသစ်ဖွဲ့ခြင်း၊ သံဃာသုံးကုဋီနှင့် ရေချိုးခန်းများကို သော့များရိုက်ချိုး၍ အသုံးပြုခြင်း၊ သစ်ပင်များ ခုတ်ခြင်း၊ အဆောက်အဦ ထရံများဖြိုချကာ အသစ်ကာခြင်း၊ စေတီတော်နှင့်ကျောင်းဆောင်နီအကြား တံတိုင်းခတ်ခြင်း၊ ရှေးမူမပျက် ထားရမည့်အစား မိမိသဘောနှင့် အရန်စေတီများတည်ရန် လုပ်ဆောင်နေခြင်း၊ ကျောင်းဝန်းအဝင်အထွက်တွင် ပြည်သူ့စစ်ဝတ်စုံဝတ် လက်နက်များကိုင်ဆောင်သည့် အစောင့်များထားရှိပြီး ယင်းအစောင့်များက ရဟန်းသံဃာများ၊ ကျောင်းလာ ဒါယိကာ၊ ဒါယိကာမများအား စစ်ဆေးခြင်း၊ စစ်မေးခြင်းများပြုလုပ်နေသဖြင့် ပြည်သူ့စစ်များကို ဖယ်ရှားပေးနိုင်ရေး ရပခစစ်တိုင်းမှူးထံ အကြောင်းကြားခဲ့သည့်အပေါ် ဖြေရှင်းဆောင်ရွက်သည့် အစည်းအဝေးမှတ်တမ်းဖြစ်ကြောင်း တွေ့ရသည်။

“ဘုရားပြင်ဖို့ အကြောင်းပြချက်နဲ့လာရာက ဘုရားနီဆရာတော်ရဲ့အပိုင်ကို လက်နက်အားကိုးနဲ့ လုပ်ချင်ရာလုပ်လာတာ၊ ရပ်စောက်ကိုရင်လေးကို ဒီအခြေအနေနဲ့ပတ်သက်လို့ အသိပေးဖို့နဲ့ သဘောထားကို မေးမြန်းဖို့ သူ့အဖွဲ့ကိုတာဝန်ပေးထားတာ၊ ခုထိ သွားလား၊ မသွားလားတော့ မသိရသေးဘူး” ဟု ယင်းကိစ္စကို သိသူတစ်ဦးက မဲခေါင်ကို ယနေ့ သြဂုတ်လ ၅ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက် နံနက် ၁၀ နာရီက ယင်းကိစ္စကို ဘုရားနီကျေးရွာတွင် အစည်းအဝေးပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးမှ ပအိုဝ်းပြည်သူ့စစ် ဦးဂျော်နီ၏ သဘောတူညီချက်အရ လာမည့် သြဂုတ်လ ၃၁ရက် နောက်ဆုံးထား၍ တဲများ၊ ပစ္စည်းများကို မယူလိုက လှူပြီး ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ချခဲ့ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ သံဃာတော် ၁၂ ပါးနှင့် စစ်ကောင်စီ၏ တောင်ကြီးတပ်နယ်၊ နယ်မြေ ၂ မှူး အပါအဝင် အုပ်ချုပ်ရေးနှင့်မှတ်တမ်းတင် ၂၅ ဦး တက်ရောက်ပါဝင်ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးမှတ်တမ်းကို ဇူလိုင်လ ၃၁ ရက်စွဲဖြင့် မှတ်တမ်းတင်သူ ဒုမှူးကြီးနေမျိုးအောင်က လက်မှတ်ရေးထိုးပြီး ရပခတိုင်းမှူးထံ သြဂုတ်လ ၁ ရက်က ပေးပို့ထားကြောင်း သိရသည်။

ယခုကိစ္စဖြစ်ပွားရာ ဘုရားနီ စေတီတော်သည် ရှေးဟောင်း သမိုင်းဝင်စေတီတော် တစ်ဆူဖြစ်ပြီး ၊ ညောင်ရွှေမြို့နယ်၊ ကောသမ္ဘီမြို့ဟောင်းရှိ ပေါရိသတ် စေတီတော်နှင့် မောင်တည်၊ နှမတည် စေတီတော်များ ဖြစ်ကြောင်း ပါးစပ်ရာဇဝင် ရှိခဲ့သည်။

ယင်းဘုရားနီ စေတီတော် ဘုရားကုန်းသည် ခေတ်အဆက်ဆက် ပြုပြင်သူမရှိသဖြင့် ယိုယွင်းနေရာမှ ရပ်စောက်မြို့နယ် အင်ကြင်းတောရကျောင်း ကိုရင်လေး ဇဋိလ (ဗုဒ္ဓရာဇာသာသနာပြုအဖွဲ့) ဦးဆောင်၍ ပြန်လည် မွမ်းမံပြီး ပြီးခဲ့သည့် တပေါင်းလပြည့် မတ်လ ၁၄ ရက်က ထီးတော်တင်ပွဲ ပြုလုပ်ခဲ့သေးသည်။

#MeKongNews
#ကိုရင်လေးပြည်သူ့စစ်
#ဘုရားနီ
#ဦးဂျော်နီ
#နန်းဦးဘုရားနီစေတီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now