နေ့စဥ်သတင်း

ကျိုင်းတုံမြို့ စစ်ကောင်စီရွေးကောက်ပွဲ မဲပေးစက်သုံးနည်း သင်တန်းဖွင့်

မဲခေါင် 16 Jun - 2025
မဲခေါင်၊ ဇွန် ၁၆ စစ်ကောင်စီရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ့အီလက်ထရွန်နစ်မဲပေးစက် – EVM အသုံးပြုနည်း နည်းပြဆရာဖြစ်သင်တန်းကို ဇွန်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ မြို့တော်ခန်းမတွင် ကျင်းပလျက်ရှိသည်။ ယင်းသင်တန်းကို တက်ရောက်သည့်သူများမှတဆင့် မဲပေးစက် အသုံးပြုနည်းများကို ပြည်သူများထံ ဆက်လက်မျှဝေ သင်ကြားပေးရမှာဖြစ်ကြောင်း သိရသည်။ “ရှမ်းအရှေ့က ဘာတိုက်ပွဲမှမရှိတော့ အမာခံအနေနဲ့ကို လုပ်မှာ။ ဒါပေမယ့် တချို့နေရာတွေဆို ကြံဖွံ့ပါတီတစ်ခုထဲ ရှိတော့တယ်။ မိုင်းတုံ ၁ ဆို ကျားဖြူ၊ ကျားခေါင်း၊ NLD၊ လားဟူ၊ တစည မဝင်တော့ဘူးကြားတော့ တစ်ပါတီထဲပြိုင်မလား မသိဘူး။ ကျားဖြူဥက္ကဌ စိုင်းအိုက်ပေါင်းကတော့ တစ်ယောက်ထဲ မဲလာထည့်လည်း

မဲခေါင်၊ ဇွန် ၁၆

စစ်ကောင်စီရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ့အီလက်ထရွန်နစ်မဲပေးစက် – EVM အသုံးပြုနည်း နည်းပြဆရာဖြစ်သင်တန်းကို ဇွန်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ မြို့တော်ခန်းမတွင် ကျင်းပလျက်ရှိသည်။

ယင်းသင်တန်းကို တက်ရောက်သည့်သူများမှတဆင့် မဲပေးစက် အသုံးပြုနည်းများကို ပြည်သူများထံ ဆက်လက်မျှဝေ သင်ကြားပေးရမှာဖြစ်ကြောင်း သိရသည်။

“ရှမ်းအရှေ့က ဘာတိုက်ပွဲမှမရှိတော့ အမာခံအနေနဲ့ကို လုပ်မှာ။ ဒါပေမယ့် တချို့နေရာတွေဆို ကြံဖွံ့ပါတီတစ်ခုထဲ ရှိတော့တယ်။ မိုင်းတုံ ၁ ဆို ကျားဖြူ၊ ကျားခေါင်း၊ NLD၊ လားဟူ၊ တစည မဝင်တော့ဘူးကြားတော့ တစ်ပါတီထဲပြိုင်မလား မသိဘူး။ ကျားဖြူဥက္ကဌ စိုင်းအိုက်ပေါင်းကတော့ တစ်ယောက်ထဲ မဲလာထည့်လည်း ရွေးကောက်ပွဲအောင်မြင်တယ် ပြောတာပဲ” ဟု ကျိုင်းတုံဒေသခံတစ်ဦး က မဲခေါင်ကို ပြောသည်။

ရှမ်းမြောက်တွင် MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များမှ လွဲ၍ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် လားရှိူး၊ မူဆယ်၊ တန့်ယန်း၊ မိုင်းရယ် ၄ မြို့နယ်၊ ရှမ်းပြည်အရှေ့ပိုင်းမှ ၉ မြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း၌ ၂၁ မြို့နယ်၊ စုစုပေါင်း ၃၃ မြို့နယ်ထက်မနည်း ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု မျှော်လင့်ထားသည်။

“အကယ်၍ MNDAA က လုပ်ခွင့်ပြုမယ်ဆိုရင် မဲဆန္ဒနယ်မြေတွေ ပိုလာနိုင်တယ်။ TNLA ကလည်း ပြောမရဘူး စောင့်ကြည်ရမှာပဲ။ “ဝ” နဲ့ မိုင်းလားက အရင်ကတည်းက မလုပ်ခဲ့တာ၊ ခုလည်း မလုပ်နိုင်ဘူးဆိုပေမယ့် နိုင်ငံရေးအရ ပြောင်းလဲနိုင်တော့ မခန့်မှန်းတတ်ဘူး” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက မဲခေါင်ကို ပြောသည်။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပဖို့ရှိသည်ဟု ဇွန်၇ရက်က ဝါဒဖြန့်မီဒီယာများသို့ ပြောကြားထားသည််။

ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ်(PR) ၂ မျိုးလုံး အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်သည်ဟုလည်းဆိုထားသည်။

ရွေးကောက်ပွဲတွင် မဲပေးရမည့်စနစ်မှ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM) ဖြစ်ပြီး မဲပေးစက်မှာ Internet, Wifi, Bluetooth စနစ်များ မပါဝင်ဘဲ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်(OS)များ မပါဝင်သည့် မိုက်ခရိုကွန်ထရိုလာစနစ် ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်သည်ဟု စစ်ကောင်စီက ညွှန်းဆိုထားသည်။

“Microcontroller ကလည်း ပြောင်းလို့ပြင်လို့ရတာပဲလေ။ ကုဒ် (Code) ထဲမှာကိုက လိမ်ထားရင် ခြေရာခံဖို့ ပိုလို့တောင်ဆိုးသေး။ Bootloader ကနေ မသမာတဲ့ ကုဒ်တင်ပြီး ခြေရာပြန်ဖျောက်လိုက်ရင် ဆက်သွယ်ထားတဲ့ ကွန်ရက်မရှိ၊ Log မှတ်တမ်း မရှိရင် ဘယ်လိုစစ်ဆေးနိုင်မှာလဲ”ဟု ယင်းစနစ်ကို တတ်သိသူတစ်ဦးက ဝေzန်ထောက်ပြသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ရန် ၅၇ ပါတီ မှတ်ပုံတင်ထားပြီး လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် အပိုင်းလိုက် ခွဲ၍ ကျင်းပသွားမည်ဟု စစ်ကောင်စီဥက္ကဌက ပြောကြားထားသည်။

#MeKongNews
#ရှမ်းအရှေ့
#ကျိုင်းတုံ
#စစ်ကောင်စီရွေးကောက်ပွဲ
#အတုအယောင်
#MEVM
#မဲပေးစက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now