နေ့စဥ်သတင်း

လားရှိုး၊ မန်ဆူဘုရားရှေ့ ဖုန်းဆိုင်ကို သေနတ်ကိုင်လူတစ်စု ဓားပြတိုက်

မဲခေါင် 13 Jun - 2025
မဲခေါင်၊ ဇွန် ၁၃ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့တွင် သေနတ်ကိုင်လူတစ်စုက ‘ထိုက်’ ဖုန်းဆိုင်အား ဓားပြတိုက်ကာ ဖုန်းနှင့်ငွေများ ယူဆောင်သွားကြောင်း သိရသည်။ ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲခန့်တွင် လားရှိုးမြို့လယ်၊ မန်ဆူဘုရားရှေ့တွင် ဖွင့်လှစ်ထားသည့် ‘ထိုက်’ဖုန်းအရောင်းဆိုင်သို့ သေနတ်ကိုင်ထားသည့် လူ ၅ ယောက်မှ Crown ကားအဖြူနှင့်လာရောက်ကာ ဓားပြတိုက်ယူသွားသည်ဟု ဓားပြတိုက်ခံရသူ ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူက ပြောသည်။ “(ဆိုင်ပိုင်ရှင်က) မန္တလေးသွားရာက ပြန်အတက်မို့ ဆိုင်မှာမရှိဘူး။ ဆိုင်ဝန်ထမ်း ကလေးမလေး ၄ ယောက်ကို ဓားပြမတိုက်ခင် ၁၀မိနစ်လောက်မှာ iPhone ပြခိုင်းပြီးမှ ခဏနေပြန်လာမယ်ပြောပြီး

မဲခေါင်၊ ဇွန် ၁၃

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့တွင် သေနတ်ကိုင်လူတစ်စုက ‘ထိုက်’ ဖုန်းဆိုင်အား ဓားပြတိုက်ကာ ဖုန်းနှင့်ငွေများ ယူဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲခန့်တွင် လားရှိုးမြို့လယ်၊ မန်ဆူဘုရားရှေ့တွင် ဖွင့်လှစ်ထားသည့် ‘ထိုက်’ဖုန်းအရောင်းဆိုင်သို့ သေနတ်ကိုင်ထားသည့် လူ ၅ ယောက်မှ Crown ကားအဖြူနှင့်လာရောက်ကာ ဓားပြတိုက်ယူသွားသည်ဟု ဓားပြတိုက်ခံရသူ ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူက ပြောသည်။

“(ဆိုင်ပိုင်ရှင်က) မန္တလေးသွားရာက ပြန်အတက်မို့ ဆိုင်မှာမရှိဘူး။ ဆိုင်ဝန်ထမ်း ကလေးမလေး ၄ ယောက်ကို ဓားပြမတိုက်ခင် ၁၀မိနစ်လောက်မှာ iPhone ပြခိုင်းပြီးမှ ခဏနေပြန်လာမယ်ပြောပြီး နောက်ပြန်လာပြီး ဓားပြတိုက်တာ” ဟု ၎င်းကပြောသည်။

ယင်းနောက် Crown ကားအဖြူနှင့် ပြန်လာပြီး Mask မတပ်ထားသည့် ၂ ယောက်က ဖုန်းများကို ပြန်ပြခိုင်း၍ ထုတ်ပြစဥ် ကားပေါ်မှ Mask တပ်ထားသည့် ၃ ယောက် ထပ်ဆင်းလာပြီး သေနတ်နဲ့ချိန်ကာ ဖုန်းများနှင့် ငွေများကို ဆာလာအိတ်နှင့် ထည့်ယူသွားခြင်း ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူထံမှ သိရသည်။

“အဲအချိန် ဆိုင်ထဲမှာ ဝယ်သူနှစ်ယောက်ရှိတာမှာ ယောက်ျားလေးကို ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ချိန်ထားတယ်။ ပြီးတော့ လူတွေကို ဘာမှမလုပ်ဘဲထွက်သွားတာ တော်သေးတယ်။ CCTV က Hard Disk ကို ဖြုတ်ယူသွားတယ်” ဟု ၎င်းက ဆိုသည်။

ဓားပြတိုက်မှုကြောင့် iPhone အသစ်နှင့် တပတ်ရစ်များအားလုံး ဆိုင်ရှိငွေများအားလုံး ယူဆောင်သွားခံရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ယင်း Crown ကားအဖြူရောင်ဖြင့် လူ ၅ဦးက လားရှိုးမြို့ပေါ်တွင် လုယက်မှုများ ကျူးလွန်နေပြီး ယင်းအဖွဲ့ဟု ယူဆရသည့် အဖွဲ့၏ လုယက်ခံရသူတစ်ဦးကလည်း “ကျမကိုလည်း သေနတ်နဲ့ထောက်ပြီး ဆွဲကြိုးဖြတ်သွားတာ Crown ခဲဖြူနဲ့ လူ ၅ ယောက် Mask တောင်မတပ်ဘူးဗျာ။ တစ်ယောက်က မျက်နှာမှာ ဝက်ခြံတွေ အများကြီးနဲ့ပဲ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်ကလည်း ရပ်ကွက် ၁၂၊ ခိုလောင်း တရုတ်ကျောင်းလမ်းရှိ ကားဘော်ဒီရုံတွင် ပြုပြင်နေသည့် Landcruiser အနက်ရောင် တစ်စီးနှင့် Crown အဖြူရောင် တစ်စီးကို ကားတစ်စီးဖြင့် ရောက်လာသည့် လူ ၃ ဦးက သေနတ်ကိုင်ခြိမ်းခြောက်ကာ လုယက်သွားမှု ဖြစ်ခဲ့သေးသည်။

လားရှိုးတွင် သေနတ်ဖြင့် လုယက်ဓားပြတိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေသဖြင့် ဒေသခံများအထူးသတိပြုကြရန် အချင်းချင်းသတိပေးနေလျက်ရှိသည်။

အုပ်ချုပ်ရေးကမူ လားရှိုးအထွက် ရေပူစမ်း လမ်းဆုံရှိ စုပေါင်းဂိတ်တွင် လာသမျှကားများကို စစ်ဆေးဖမ်းဆီးနေသည့်အလုပ်သာရှိနေပြီး ဓားပြတိုက်လုယက်မှုများကို ထိရောက်စွာ ကာကွယ် ဖမ်းဆီးနိုင်မှုမရှိသည့်အပေါ် ဒေသခံများက ပြစ်တင် ဝေဖန်လျက်ရှိသည်။

စစ်ကောင်စီ လားရှိုးကို ပြန်လည်တာဝန်ယူသည့် ဧပြီလ ၂၂ ရက်မှ ယခုအထိ လုယက်သူများက ဓား၊ သေနတ်တို့ဖြင့်လမ်းပေါ်တွင် နေ့ခင်းကြောင် တောင်လုယက်နေသည်သာမက အိမ်အတွင်းထိ ဝင်ရောက် အကြမ်းဖက် လုယက်မှုများလည်း ရှိခဲ့ပြီး အမှုပေါင်း ၃၀ ကျော်ရှိခဲ့ပြီးဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

မဟာ
#MeKongNews
#လားရှိုး
#ဖုန်းဆိုင်ဓားပြတိုက်
#ထိုက်ဖုန်းဆိုင်
#မန်ဆူဘုရား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now