နေ့စဥ်သတင်း

မူးနေသည့် ယာဥ်မောင်းကြောင့် တုံတာတွင် ဒို့ညီနောင်ကားချောက်ထဲထိုးကျ

မဲခေါင် 25 Apr - 2025
မဲခေါင်၊ ဧပြီ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တုံတာမြို့အနီးတွင် ကျိုင်းတုံမှ တောင်ကြီးသို့ ပြေးဆွဲသည့် ဒို့ညီနောင်ခရီးသည်တင်ယာဥ်လိုင်းမှ ယာဉ်တစ်စီး ဧပြီလ ၂၄ ရက် ညပိုင်းက ချောက်ထဲကျတိမ်းမှောက်သွားကြောင်း ယာဉ်ပေါ်ပါလာသည့် ခရီးသည်များထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက်၊ ညနေ ၄ နာရီက ကျိုင်းတုံမှတောင်ကြီးသို့ ထွက်ခွာလာသည့် ဒို့ညီနောင်မှန်လုံယာဥ်ငယ်မှာ ည ၇ နာရီခွဲခန့်တွင်တုံတာမြို့အနီး ကိုးကွေ့တောင်ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းဖြစ်သူမှာ အရက်မူးနေကာ မဆင်မခြင် မောင်းနှင်သည့်အတွက် ချောက်ထဲသို့ ကျရခြင်းဖြစ်ကြောင်း ခရီးသည်များက ပြောသည်။ ကျိုင်းတုံမှ ညနေ ၄ နာရီကျော် စတင်ထွက်ခွာကတည်းက ယာဉ်မောင်းမှာ မူးနေပြီး ချော်လဲကာ မျက်လုံးများလည်း

မဲခေါင်၊ ဧပြီ ၂၅

ရှမ်းပြည်အရှေ့ပိုင်း၊ တုံတာမြို့အနီးတွင် ကျိုင်းတုံမှ တောင်ကြီးသို့ ပြေးဆွဲသည့် ဒို့ညီနောင်ခရီးသည်တင်ယာဥ်လိုင်းမှ ယာဉ်တစ်စီး ဧပြီလ ၂၄ ရက် ညပိုင်းက ချောက်ထဲကျတိမ်းမှောက်သွားကြောင်း ယာဉ်ပေါ်ပါလာသည့် ခရီးသည်များထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်၊ ညနေ ၄ နာရီက ကျိုင်းတုံမှတောင်ကြီးသို့ ထွက်ခွာလာသည့် ဒို့ညီနောင်မှန်လုံယာဥ်ငယ်မှာ ည ၇ နာရီခွဲခန့်တွင်တုံတာမြို့အနီး ကိုးကွေ့တောင်ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းဖြစ်သူမှာ အရက်မူးနေကာ မဆင်မခြင် မောင်းနှင်သည့်အတွက် ချောက်ထဲသို့ ကျရခြင်းဖြစ်ကြောင်း ခရီးသည်များက ပြောသည်။

ကျိုင်းတုံမှ ညနေ ၄ နာရီကျော် စတင်ထွက်ခွာကတည်းက ယာဉ်မောင်းမှာ မူးနေပြီး ချော်လဲကာ မျက်လုံးများလည်း နီရဲနေကြောင်း၊ ခရီးသည်များက ဂိတ်မှူးကို ဝိုင်းပြောမှသာ ယင်းကားသမားကို နောက်မှလိုက်ခိုင်းကာ အခြားကားသမားတစ်ဦးဖြင့် နောင်ချိုအထိ မောင်းခိုင်းကြောင်း၊ ပန်ကြူအရောက်တွင် အရက်မူးနေသည့် ကားသမားက ပြန်လည်မောင်းနှင်ပြီး အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ကာ လမ်းတွင် ဘီယာတစ်ဘူး ထပ်သောက်ကြောင်း ခရီးသည်တစ်ဦးက မဲခေါင်ကို ပြောသည်။

“ည ၇ နာရီကျော် မှောင်နေတာကိုကားတွေကို အတင်းကျော်တက်ပါတယ်။ လုံးဝအရှိန်မလျှော့ပါဘူး။ အဲလိုမောင်းလို့ ကိုးကွေ့တောင်ရဲ့ခြောက်ကွေ့မြောက်မှာ ကားချောက်ထဲကျတာပါရှင့်” ဟု ၎င်းက ပြောသည်။

ကားမှာ ချောက်ထဲကျသော်လည်း ကမူနှင့်သစ်ပင်ခံနေသည့်အတွက် အောက်ထဲမကျသဖြင့် သေဆုံးသူမရှိခဲ့ဘဲ ခရီးသည်များက ကားထဲတွင် ညပ်နေသည့် ယာဥ်မောင်းကိုပါ ဆွဲထုတ်ကယ်တင်ခဲ့ရကြောင်း သိရသည်။

ယာဥ်ပေါ်တွင် ခရီးသည် အမျိုးသား ၂ ဦး၊ ၄ နှစ်ခွဲ ကလေးငယ်အပါ အမျိုးသမီး ၆ ဦး ၊ စုစုပေါင်း ၈ ဦး ပါရှိရာ ရမခ သို့သွားမည့် ကိုယ်ဝန်ဆောင်သည်တစ်ဦး ခါးထိသွားပြီး ကျန်သူများ ဒဏ်ရာအနည်းငယ်ဆီရကြောင်း သိရသည်။

လမ်းခရီးအရ အစွဲဖြစ်သည့် လူ ၉ ဦး ဖြင့် အရက်အရမ်းမူးနေသူကို မောင်းနှင်စေခြင်း၊ ပန်ကြူအထိမောင်းပေးသည့် ယာဥ်မောင်းကလည်း ခရီးသည်များ၏ အသက်ကို လက်လွတ်စပယ် ပစ်ထားခဲ့ခြင်း၊ ခရီးသည်များက တောင်းပန်သည်ကိုပင် လျစ်လျူရှုယုံသာမက ပိုမို အရှိန်မြင့်မောင်းနှင်သည့် ယာဥ်မောင်းများကို တာဝန်ပေးခြင်းတို့ကြောင့် ဒို့ညီနောင်ကားဂိတ်ကို ခရီးသည်များက အပြင်းအထန် ဝေဖန်နေကြသည်။

“ရဲစခန်းမှာ စစ်တော့ အရက်တင်မက ဆေးပါကြောင်နေတယ်ယူဆလို့ ဆီးပါစစ်ပြီ။ အဲလို ငမူးကို မောင်းခိုင်းတဲ့ ဒို့ညီနောင်ဂိတ်က တာဝန်ရှိပါတယ်။ လမ်းမှာ အခြေအနေမဟန်မှန်းသိလို့ ဝင်မောင်းပေးမယ်ပြောလည်း မရပါဘူး။ အဲလိုပြောလို့ ပိုဆိုးပါတယ်။ ခုလိုဖြစ်တော့ ဘယ်သူမှ တာဝန်မယူပါဘူး။ ကံကြီးလွန်းလို့သာ မသေမပျောက်ကြတာပါ” ဟု အခြားခရီးသည်တစ်ဦးကလည်း ပြောသည်။

ခရီးသည်များမှာ မိမိအစီအစဥ်ဖြင့်မိမိ ခရီးဆက်ထွက်ကြရပြီး ခါးထိထားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကိုမူ ကျိုင်းတုံသို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

မူးနေသည့် ယာဥ်မောင်းဖြစ်သူ တောင်ကြီးမြို့နေ ကိုလဖစ် ၅၁ နှစ်ကို တုံတာနယ်မြေရဲစခန်းမှ ဖမ်းဆီးချုပ်နှောင် အမှုဖွင့်ထားကြောင်း သိရသည်။

#MeKongNews
#ဒို့ညီနောင်
#တုံတာ
#ကျိုင်းတုံ
#ခရီးသည်ယာဉ်
#ကိုးကွေ့တောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now