နေ့စဥ်သတင်း

မန္တလေးရောက်သည့် စစ်ခေါင်းဆောင် စစ်ကိုင်းမြို့သို့ မသွားဘဲ နေပြည်တော်က သူတည်သည့် ဘုရားကို သွားကြည့်

မဲခေါင် 1 Apr - 2025
မဲခေါင်၊ ဧပြီ ၁ ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ စစ်ခေါင်းဆောင်ရောက်ရှိခဲ့သော်လည်း တဖက်ကမ်း စစ်ကိုင်းမြို့သို့ စစ်ခေါင်းဆောင်မသွားဘဲ နေပြည်တော်ပြန်ကာ သူတည်ထားသည့် မာရဝိဇယဘုရားသို့ သွားကြည့်ခဲ့သည်ဟု စစ်ကောင်စီရုပ်သံများတွင် ယနေ့ (ဧပြီ ၁) ၌ ဖော်ပြသည်။ ၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် တည်ထားခဲ့သည့် မာရဝိဇယ ထိုင်တော်မူရုပ်ပွားတော်သည် သက်တမ်းအားဖြင့် ၂ နှစ်ကျော်သာ ရှိသေးသည်။ တည်ထားစဥ်က စစ်တပ်အင်ဂျင်နီယာများဖြင့် စနစ်တကျ တည်ထားခဲ့ခြင်းကြောင့် ပြင်းထန်ငလျင်လှုပ်ခတ်စဥ် မည်သည့်ထိခိုက်မှုမျှ မရှိကြောင်း စစ်တပ်ပိုင် မီဒီယာများက ဖော်ပြသည်။ ဘုရားရင်ပြင်တော် လျှောက်လမ်းနှင့် ရင်ပြင်တော်ကြွေပြားတချို့ ထိခိုက်ခဲ့မှု၊ ရုပ်ပွားတော်နှင့်အတူ တည်ဆောက်ခဲ့သည့် အဂ္ဂအဓိပတိကျောင်းဆောင်တို့ အနည်းငယ်သာ ထိခိုက်ခဲ့သည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက်

မဲခေါင်၊ ဧပြီ ၁

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ စစ်ခေါင်းဆောင်ရောက်ရှိခဲ့သော်လည်း တဖက်ကမ်း စစ်ကိုင်းမြို့သို့ စစ်ခေါင်းဆောင်မသွားဘဲ နေပြည်တော်ပြန်ကာ သူတည်ထားသည့် မာရဝိဇယဘုရားသို့ သွားကြည့်ခဲ့သည်ဟု စစ်ကောင်စီရုပ်သံများတွင် ယနေ့ (ဧပြီ ၁) ၌ ဖော်ပြသည်။

၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် တည်ထားခဲ့သည့် မာရဝိဇယ ထိုင်တော်မူရုပ်ပွားတော်သည် သက်တမ်းအားဖြင့် ၂ နှစ်ကျော်သာ ရှိသေးသည်။ တည်ထားစဥ်က စစ်တပ်အင်ဂျင်နီယာများဖြင့် စနစ်တကျ တည်ထားခဲ့ခြင်းကြောင့် ပြင်းထန်ငလျင်လှုပ်ခတ်စဥ် မည်သည့်ထိခိုက်မှုမျှ မရှိကြောင်း စစ်တပ်ပိုင် မီဒီယာများက ဖော်ပြသည်။

ဘုရားရင်ပြင်တော် လျှောက်လမ်းနှင့် ရင်ပြင်တော်ကြွေပြားတချို့ ထိခိုက်ခဲ့မှု၊ ရုပ်ပွားတော်နှင့်အတူ တည်ဆောက်ခဲ့သည့် အဂ္ဂအဓိပတိကျောင်းဆောင်တို့ အနည်းငယ်သာ ထိခိုက်ခဲ့သည်ဟုဆိုသည်။

အာဏာသိမ်းပြီးနောက် တည်ထားကိုးကွယ်မှု ပြီးစီးခဲ့သည့် ထိုင်တော်မူ ထိုစေတီကို မင်းအောင်လှိုင်ဘုရားဟု ဒီမိုကရေစီလိုလားသူများက ခေါ်ကြသည်။ စစ်ခေါင်းဆောင်ကမူ ထိုင်တော်မူ ထိုစေတီသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဟု ဂုဏ်ယူစွာ ပြောလေ့ရှိသည်။

တည်ထားမှုပြီးနောက် အရံစေတီများသည် မညီမညာဖြစ်နေသည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။

ပြင်းထန်ငလျင်လှုပ်ခတ်ပြီး နောက်နေ့ (မတ် ၂၉) တွင် စစ်ခေါင်းဆောင်သည် မန္တလေးမြို့ ငလျင်ဒဏ်ခံရသည့် နေရာများသို့သွားရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်ခဲ့သည်။ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီးနောက် နေပြည်တော်ကိုသာ ဦးစားပေးကယ်တင်ရန် ညွှန်ကြားမှုများ ရှိသည်ဟုဆိုသည်။

ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံးချုပ်၊ စစ်ခေါင်းဆောင်များနေထိုင်သည့်အိမ်၊ ဝန်ကြီးဌာနရုံးများ ထိခိုက်ပျက်စီးခဲ့သည်။ ဝန်ထမ်းများလည်း ထောင်ချီ သေဆုံးခဲ့သည်။

စစ်ခေါင်းဆောင်သည် မန္တလေးမြို့သို့ မတ် ၂၉ ရက်တွင် ရောက်ရှိခဲ့သော်လည်း တဖက်ကမ်း စစ်ကိုင်းမြို့သို့ မသွားရောက်ခဲ့ဘဲ နေပြည်တော်သို ပြန်လာခဲ့ခြင်းဖြစ်သည်။ နေပြည်တော်တွင်လည်း အသေအပျောက်များနေသည်။

လက်ရှိအချိန်အထိ ပြင်းထန်ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ပြီဖြစ်သည်။ ပျောက်ဆုံးသူနှင့် ဒဏ်ရာရရှိသူများပြားနေသည်။

နေပြည်တော်ကို စတင်တည်ဆောက်ခဲ့သည့် အာဏာရှင်ဟောင်းဦးသန်းရွှေ တည်ထားခဲ့သောရွှေတိဂုံပုံတူ ဥပါဒသန္တိစေတီတော်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် သွားကြည့်ခဲ့ခြင်း မရှိပါ။ ထိုစေတီ ထိခိုက်ပျက်စီးမှုကိုလည်း မဲခေါင်သတင်းဌာနက မသိရသေးပါ။

နေပြည်တော်တွင် စစ်ခေါင်းဆောင်လှည့်ကြည့်ခဲ့သည့် အဆောက်အဦးများတွင် လွှတ်တော်အဆောက်အဦလည်းပါရှိသည်။

#MeKongNews
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်ဘုရား
#သွားကြည့်
#နေပြည်တော်
#စစ်ကိုင်းငလျင်
#ထိုင်တော်မူ
#မာရဝိဇယ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now