နေ့စဥ်သတင်း

ရပ်ဆိုင်းထားတဲ့ ပင်းပက်သံမဏိစက်ရုံ ပြန်လည် လည်ပတ်ဖို့ စစ်ကောင်စီပြင်ဆင်နေ၊ ပတ်ဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှုများပြားနိုင်

မဲခေါင် 20 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၀ အရှုံးပေါ်ပြီး နည်းပညာလိုအပ်ချက်ကြောင့် ၂၀၁၇ ခုနှစ်၊ NLD အစိုးရလက်ထက်က ရပ်ဆိုင်းထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က ပင်းပက်သံမဏိစက်ရုံကို ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ခြေလှမ်းပြင်နေပါတယ်။ မနေ့က(ဇန်နဝါရီ ၁၉) စစ်ကောင်စီရဲ့ စက်မူဝန်ကြီးဌာန ဒုဝန်ကြီး ဦးရင်မောင်ညွန့်က ပင်းပက်သံမဏိစက်ရုံရဲ့ စက်ရုံမှူး၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းက တာဝန်ရှိသူတွေ၊ အလုပ်ရုံခွဲတွေက တာဝန်ခံတွေနဲ့ တွေ့ဆုံပြီး ၂၀၂၅ခုနှစ်၊ မတ်လမတိုင်ခင် လည်ပတ်နိုင်အောင် လုပ်ဆောင်ကြဖို့ပြောခဲ့တယ်လို့သိရပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့ အရှုံးပေါ်ပြီး နည်းပညာလိုအပ်ချက်ကြောင့် ရပ်နားခဲ့ရတဲ့ ပင်းပက်သံမဏိစက်ရုံကို စစ်ကောင်စီက ပြန်လည်လည်ပတ်မယ်ဆိုတာဟာ နိုင်ငံရေးအရ အသံကောင်းထွက်ပြခြင်းသာဖြစ်ပြီး လက်တွေ့မှာ မဖြစ်လာနိုင်ဘူးလို့ ရှမ်းပြည်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ စက်ရုံကို

မဲခေါင်၊ ဇန်နဝါရီ ၂၀

အရှုံးပေါ်ပြီး နည်းပညာလိုအပ်ချက်ကြောင့် ၂၀၁၇ ခုနှစ်၊ NLD အစိုးရလက်ထက်က ရပ်ဆိုင်းထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က ပင်းပက်သံမဏိစက်ရုံကို ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ခြေလှမ်းပြင်နေပါတယ်။

မနေ့က(ဇန်နဝါရီ ၁၉) စစ်ကောင်စီရဲ့ စက်မူဝန်ကြီးဌာန ဒုဝန်ကြီး ဦးရင်မောင်ညွန့်က ပင်းပက်သံမဏိစက်ရုံရဲ့ စက်ရုံမှူး၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းက တာဝန်ရှိသူတွေ၊ အလုပ်ရုံခွဲတွေက တာဝန်ခံတွေနဲ့ တွေ့ဆုံပြီး ၂၀၂၅ခုနှစ်၊ မတ်လမတိုင်ခင် လည်ပတ်နိုင်အောင် လုပ်ဆောင်ကြဖို့ပြောခဲ့တယ်လို့သိရပါတယ်။

ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့ အရှုံးပေါ်ပြီး နည်းပညာလိုအပ်ချက်ကြောင့် ရပ်နားခဲ့ရတဲ့ ပင်းပက်သံမဏိစက်ရုံကို စစ်ကောင်စီက ပြန်လည်လည်ပတ်မယ်ဆိုတာဟာ နိုင်ငံရေးအရ အသံကောင်းထွက်ပြခြင်းသာဖြစ်ပြီး လက်တွေ့မှာ မဖြစ်လာနိုင်ဘူးလို့ ရှမ်းပြည်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စက်ရုံကို အမှန်တကယ်လည်ပတ်မယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအာမခံချက်မရှိသလို စက်ရုံက ထွက်လာမယ့် အညစ်အကြေးတွေကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာမျိုးမရှိဘူးလို့ သူကပြောပါတယ်။

“စကစက သူတို့လက်ထက်မှာ လည်ပတ်နိုင်တယ်ဆိုပြီး နိုင်ငံရေးမဏ္ဍပ်တိုင်တက်ပြချင်တဲ့စိတ်နဲ့ အသံကောင်း ထုတ်နေတာပါ” လို့သူကပြောပါတယ်။

ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအတွက်အာမခံချက်မရှိသလို စက်ရုံကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး သက်ရောက်မူမရှိအောင် လုပ်ဆောင်မယ့်အစီအစဉ်၊ ဆိုးကျိုးသက်ရောက်ခဲ့ရင် ပြန်လည်ကုစားရမယ့် အစီအစဉ်တွေကို ထုတ်ပြန်ထားတာမျိုးမရှိပဲ EMP( ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)သာ ထုတ်ပြန်ထားတာတွေ့ရကြောင်းနဲ့ ပင်းပက်စက်ရုံဟာ EIA(သဘာဝပတ်ဝန်းဆိုးကျိုးသက်ရောက်မှုအပေါ်ဆန်းစစ်ချက်) နဲ့SIA (လူမှုဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှု ဆန်းစစ်ချက်)ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းကာ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်က စတင်အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှာ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းတည်ဆောက်မှုလုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ မတ် ၁၅ ရက်မှာ ယာယီရပ်ဆိုင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ ပြန်လည်စတင်ခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။

MK-017
#MeKongNews
#EIA
#SIA
#EPN
#တောင်ကြီး
#ပင်းပက်သံမဏိစက်ရုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now