မဲခေါင် ၊ ဇန်နဝါရီ ၁၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့မှာရှိတဲ့ NLD ရုံးကို စစ်ကောင်စီရဲ့ထွေအုပ်က သိမ်းယူမှုအပေါ်သိမ်းတဲ့သူ တာဝန်ခံရမယ်လို့ အဝေးရောက် မိုင်းတုံ NLD ပါတီဝင်တချို့က ဒီနေ့ တုန့်ပြန်ပြောဆိုပါတယ်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်က မြို့နယ်ထွေအုပ် ဦးလွင်မိုးဦးဆောင်အဖွဲ့က အကြောင်းပြချက်တစုံတရာမရှိ၊ စာရွက်စာတန်းတွေမပါပဲ မိုင်းတုံ NLD ရုံးသော့ကို တောင်းယူသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
“ကြံ့ဖွတ်ရုံးလို ပြည်သူပိုင်တွေကို တဖက်လှည့်နဲ့သိမ်းပြီး ငါပိုင်လုပ်ထားတာမှ မဟုတ်တာ၊ အကြမ်းဖက် ဖက်ဆစ်တပ်က လုပ်မိလုပ်ရာ သွေးရူးသွေးတမ်းတွေ လျှောက်လုပ်နေတာ ၊ အကြောင်းမဲ့လူမိုက်လို လာသိမ်းတာ၊ လာသိမ်းတဲ့သူ တာဝန်ခံရမယ်” လို့ပြောပါတယ်။
အဲ့ဒိရုံးကို ပါတီဝင်တွေရဲ့ထည့်ဝင်ငွေတွေနဲ့ ၂၀၁၈ ခုနှစ်က တရားဝင်စာချုပ်စာတမ်းနဲ့ဝယ်ယူထားတာလို့ အဲဒီမြို့ရဲ့ NLD ပါတီဝင်တချို့က ပြောပါတယ်။
“မိုင်းဆတ်ရုံးတော့ သိမ်းတာမရှိပဲ မိုင်းတုံပဲသိမ်းခံရတာ၊ ကပ်စတန်ရုံးဖွင့်မယ်ကြားတာပဲ၊ မိုင်းတုံရုံးအနေနဲ့ သိမ်းရအောင် ဘာကိစ္စမှမရှိဘူး၊ အခြားရုံးတွေလည်းဒီလိုသိမ်းတာမကြားဘူး၊ ခုက သီးခြားအကြောင်းမဲ့ သိမ်းတာ” လို့ပြောပါတယ်။
“CRPH ကိုလည်း ပြောထားပြီ၊ စစ်ကောင်စီရဲ့မတရားတာ တစ်ခုထောက်တိုင်တွေပါ၊ မှတ်တမ်းဝင်တာပေါ့၊ အလှည့်ကျ မနွဲ့စတမ်းပေါ့၊ အပြစ်သားကို ဘောက်ချာဆုတ်ထားပြီ” လို့ မိုင်းတုံက အဝေးရောက် NLD ပါတီဝင်တစ်ဦးကပြောပါတယ်။
မိုင်းတုံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းကို အာဏာသိမ်းစက စစ်ကောင်စီကဖမ်းဆီးကာ ထောင်နှစ်နှစ်ချခဲ့သလို မြို့နယ်ပါတီဥက္ကဌဟောင်းအပါအဝင် အမျိုးသား လေးဦးနဲ့ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်းခြောက်ဦးကိုလည်း ဒေါနမြေ PDF တွေကို ထောက်ပံ့တယ်ဆိုကာ ၂၀၂၃ ခုနှစ်က ပုဒ်မ၅၀(ည)နဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ကျိုင်းတုံထောင်မှာ အကျဉ်းချခံထားရတယ်လို့ သိရပါတယ်။
MK-012
#MeKongNews
#NLD
#မိုင်းတုံရုံး
#သိမ်းဆည်းသူ
#တာဝန်ယူရမယ်










