နေ့စဥ်သတင်း

TNLA ထိန်းချုပ်ရာနယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းအတွက် ပုလိပ်များရှိနေပြီ

မဲခေါင် 28 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၈ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ရာနယ်မြေတွေမှာ အမှုအခင်းကိစ္စတွေကို မြန်ဆန်စွာ ဖြေရှင်းစစ်ဆေးနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက်ရည်ရွယ်ပြီး အမှုစစ်ဆေးအရာရှိပုလိပ်တွေကို သင်တန်းပေးမွေးထုတ်လျက်ရှိတယ်လို့ သိရပါတယ်။ အမှုစစ်ဆေး အရာရှိပလိပ်ဖြစ်ဖို့ သင်တန်းနှစ်လကျော်ပေးခဲ့ရာမှာ အခုအပတ်စဉ် (၂) သင်တန်း ဒီဇင်ဘာ ၂၆ ရက်က ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီသင်တန်းဆင်းကို သင်တန်းသား ၃၀ ကျော် တက်ရောက်ရာမှာ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသား ၂၅ ဦးသာ သင်တန်းပြီးမြောက်တဲ့အထိ တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ TNLA ထိန်းချုပ်ရာနယ်မြေတွေမှာ အမှုစစ်အရာရှိပုလိပ်တွေ နည်းပါးတာကြောင့် အမှုကြန့်ကြာတာနဲ့ သက်သေပျောက်ဆုံးတာတွေ များပြားတာကြောင့် အခုလို အမှုစစ်အရာရှိပုလိပ်တွေမွေးထုတ်ပြီး အမှုဖြစ်စဉ်တွေကို ကောင်းမွန်စွာတည်ဆောက်ကာ တရားစီရင်ရေးသို့ ပို့ဆောင်နိုင်ဖို့နဲ့ အမှုတစ်ခုလိုက်ရင်

မဲခေါင်၊ ဒီဇင်ဘာ ၂၈

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ရာနယ်မြေတွေမှာ အမှုအခင်းကိစ္စတွေကို မြန်ဆန်စွာ ဖြေရှင်းစစ်ဆေးနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက်ရည်ရွယ်ပြီး အမှုစစ်ဆေးအရာရှိပုလိပ်တွေကို သင်တန်းပေးမွေးထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

အမှုစစ်ဆေး အရာရှိပလိပ်ဖြစ်ဖို့ သင်တန်းနှစ်လကျော်ပေးခဲ့ရာမှာ အခုအပတ်စဉ် (၂) သင်တန်း ဒီဇင်ဘာ ၂၆ ရက်က ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီသင်တန်းဆင်းကို သင်တန်းသား ၃၀ ကျော် တက်ရောက်ရာမှာ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသား ၂၅ ဦးသာ သင်တန်းပြီးမြောက်တဲ့အထိ တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

TNLA ထိန်းချုပ်ရာနယ်မြေတွေမှာ အမှုစစ်အရာရှိပုလိပ်တွေ နည်းပါးတာကြောင့် အမှုကြန့်ကြာတာနဲ့ သက်သေပျောက်ဆုံးတာတွေ များပြားတာကြောင့် အခုလို အမှုစစ်အရာရှိပုလိပ်တွေမွေးထုတ်ပြီး အမှုဖြစ်စဉ်တွေကို ကောင်းမွန်စွာတည်ဆောက်ကာ တရားစီရင်ရေးသို့ ပို့ဆောင်နိုင်ဖို့နဲ့ အမှုတစ်ခုလိုက်ရင် မှန်ကန်မှုရှိရှိ စစ်ဆေးနိုင်ဖို့ ရည်ရွယ်တယ်လို့ TNLA ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ် က အဲဒီသင်တန်းဆင်းအခမ်းအနားမှာ ပြောပါတယ်။

အမှုစစ်ဆေးအရာရှိပုလိပ်တွေအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို နားလည်သိရှိရမှာဖြစ်သလို သေမှုသေခင်းဖြစ်ပွားပါက အချက်အလက်မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးနိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသင်တန်းမှာ ကျွမ်းကျင်ဆရာတွေက ရာဇသတ်ကြီးဥပဒေ၊ ယာဉ်ထိန်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ရဲကျင့်၀တ်၊ သက်သေခံဥပဒေ၊ ရဲစခန်းမှတ် ပုံတင်တာနဲ့ ပုံစံရေးသွင်းတာ၊ အမှုစစ်လက်စွဲ၊ အများအပေါ်သုံးသပ်ဖော်ထုတ်မှု၊ နယ်ထိန်း၊ မှုခင်း ဆိုင်ရာဆေးပညာ အစရှိတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

CJ-017
#MekongNews
#TNLA
#ပုလိပ်သင်တန်း
#နယ်ထိန်း
#မှုခင်း
#အမှုစစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now