ဒေသတွင်းသတင်း

လူသူကင်းမဲ့နေတဲ့ မိုးဗြဲမြို့မှာ စစ်တပ်က တစ်အိမ်တက်ဆင်း ပစ္စည်းကောင်းတွေ ခိုးယူနေ

မဲခေါင် 19 Jun - 2023
မဲခေါင်၊ ဇွန် ၁၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ မှာရှိတဲ့ အိမ်ကြီး အိမ်ကောင်းတွေက ပစ္စည်းတွေကို ဇွန်လ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က တစ်အိမ်တက် တစ်အိမ်ဆင်း ခိုးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ မှာရှိတဲ့ အိမ်ကြီး အိမ်ကောင်းတွေက ပစ္စည်းတွေကို ဇွန်လ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က တစ်အိမ်တက် တစ်အိမ်ဆင်း ခိုးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လူသူကင်းမဲ့နေတဲ့ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ အိမ်ရှင်တချို့က ပစ္စည်းတွေ ပြန်လာသယ်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မပေးဘဲ သေနတ် ပစ်ဖောက် မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ တန်ဖိုးရှိတာ မရှိတာကအစ ထဘီကအစ ပါတယ်။ အဒေါ် တစ်ယောက်ဆိုရင် ထဘီတွေပါ ပါသွားတယ်။ ဝမ်းဆက်တွေကော ပါတယ်။ ပိုက်ဆံအိတ်တွေကော၊ ရေခဲသေတ္တာ အဟောင်းတွေက အစ အဝတ်လျှော်စက် အကုန်လုံးပဲ” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က မိုးဗြဲမြို့နယ် ဈေးကုန်း၊ ကွက်သစ်၊ ပွဲကုန်း စတဲ့ ရပ်ကွက် ကျေးရွာတွေက အိမ်ကြီး၊ အိမ်ကောင်းတွေကို စစ်ကားတွေနဲ့ လာပြီး အိမ်ရှိပစ္စည်းတွေကို သယ်ဆောင် နေတယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ဘက်က တွေ့တဲ့လူ ပစ်သတ်ခွင့် ပြုထားတဲ့ အနေထားရှိကာ အထပ်မြင့် နေအိမ်တွေပေါ်မှာ စနိုက်ပါနဲ့ ချိန်ထားတယ်လို့ တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

မိုးဗြဲမြို့မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ အထိ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲ ၆၁ ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၃၉ ကြိမ်၊ အရပ်သားနေအိမ် ပျက်စီးမှု ၁၇၄ လုံး၊ အရပ်သား သေဆုံးသူ ၆၆ ဦး၊ ကျား ၄၅ ဦး၊ မ ၁၅ ဦး၊ ကျား/မ ခွဲခြားမရတော့အထိ အလောင်း ပျက်စီးသူ ၆ ဦးတို့ရှိပြီး သေဆုံးသူတွေထဲမှာ ၁၈ နှစ် အောက်ကလေးငယ် ၁၃ ဦး ပါဝင်ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု-PKPF က မနေ့က ထုတ်ပြန်ထားပါတယ်။

CJ-004

#MeKongNews

#မိုးဗြဲ

#စစ်ကောင်စီ

#တိုးတက်သောကရင်နီပြည်သူ့အင်အားစု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now