မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် လ.ဝ.က ရုံး ငွေတောင်းကြမ်းပြီး ဒေသခံများကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံ

မဲခေါင် 22 Aug - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန လ.ဝ.က ရုံး ဝန်ထမ်းတွေဟာ နိုင်ငံသား စိစစ်ရေးကဒ် မှတ်ပုံတင် လာလုပ်တဲ့ ဒေသခံတွေကို ငွေကျပ်တစ်သိန်း အထိ တောင်းတဲ့အပြင် ဒေသခံ တိုင်းရင်းသားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေတယ်လို့ ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန လ.ဝ.က ရုံး ဝန်ထမ်းတွေဟာ နိုင်ငံသား စိစစ်ရေးကဒ် မှတ်ပုံတင် လာလုပ်တဲ့ ဒေသခံတွေကို ငွေကျပ်တစ်သိန်း အထိ တောင်းတဲ့အပြင် ဒေသခံ တိုင်းရင်းသားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေတယ်လို့ ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေက ပြောပါတယ်။

စစ်တပ် အာဏာမသိမ်းမီက မှတ်ပုံတင် ပြုလုပ်ပါက အများဆုံး ကျပ် ၃ သောင်း တောင်းပေမယ့် ဒီနှစ်ထဲမှာတော့ ကျပ်တစ်သိန်းအထိ တောင်းနေတယ်လို့ ဆီဆိုင်မြို့နယ်နေ ပအိုဝ်း ဒေသခံ တစ်ဦးက ပြောပါတယ်။

“ပြောတော့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတဲ့၊ မှတ်ပုံတင်လုပ်တာ ဗမာစကား မတတ်တော့ အဆဲခံရတယ်။ သူတို့ လက်မှတ် တစ်ခုရဖို့ အနှိမ်ခံရတယ်။ မနေ့က လူငယ် ၄ ဦးဆို မှတ်ပုံတင် လာလုပ်တာ လဝက ရုံးက လူတွေက သူတို့ကို ဆဲဆိုတာတင် မကဘူး။ လက်ဝါးနဲ့ ရိုက်ဖို့တောင် ရွယ်လိုက်တယ်ဗျာ။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အရမ်းအနှိမ်ခံရတယ်။ စိတ်နာစရာ ကောင်းလိုက်တာဗျာ” လို့ ဆီဆိုင် ဒေသခံက ပြောပါတယ်။

ဒေသခံ တချို့က ငွေကြေးခက်ခဲလို့ ကျပ် ၂ သောင်းသာယူဖို့ ညှိနှိုင်းပေမယ့် လဝက ရုံးက ကျပ်တစ်သိန်းရမှ မှတ်ပုံတင် လုပ်ပေးမယ်လို့ ပြောပြီး ဒေသခံတွေကို ပြန်လွှတ်လိုက်တာတွေ ရှိတယ်လို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဆီဆိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“ငွေကြေး အခက်အခဲရှိလို့ ငွေ ၂ သောင်းကျပ်ပဲ ပါလာတယ်လို့ တောင်းပန်လည်း မရဘူး။ တစ်သိန်းမပါရင်တောင် ၅ သောင်းတော့ ပါအောင် ယူခဲ့ပေါ့ဆိုပြီး ဆူငေါက်ပြီး ဒီအတိုင်းပဲ ပြန်ခိုင်းတယ်” လို့ သူကပြောပါတယ်။

ဒေသခံ အများစုက ဗမာ စကားမတတ်တာနဲ့ လူနည်းစု တိုင်းရင်းသားတွေ ဖြစ်နေတာကြောင့် ကျေးရွာတွေက မှတ်ပုံတင် လာလုပ်သူတွေကို လဝက ရုံးက ငွေအများအပြား တောင်းတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေ ဆိုးရွားလာတာကြောင့် ဆီဆိုင်မြို့နယ် ဒေသခံ အများအပြား ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ဖို့ ပြင်ဆင်မှုအဖြစ် မှတ်ပုံတင် ပြုလုပ်သူတွေ များပြားလာပါတယ်။

“မှတ်ပုံတင် လာလုပ်တဲ့ လူတွေလည်း လဝက ရုံးမှာ နေ့တိုင်း ပြည့်နေတာ။ ထိုင်းကို အကုန်သွားကြတာလေ။ တစ်ချို့ရွာဆို လူအိုနဲ့ ကလေးပဲ ကျန်တော့တဲ့ အထိ သွားကြတာ။ အခုက သူတို့ စစ်အာဏာရှင်ခေတ်လည်း ဖြစ်နေတော့ လဝက ရုံးက လူတွေလည်း ပေါ်တင် တောင်းစားကြတာ” လို့ ဆီဆိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

လဝကရုံးက အခုလိုလို ပြုမူနေတာကြောင့် ဒေသခံတွေဟာ မှတ်ပုံတင်ရရှိဖို့ ကျေးရွာကနေ ခဏခဏ သွားရလို့ ခရီးစရိတ် အကုန်အကျ များတဲ့အပြင် တောင်ယာ အလုပ်လည်း ပျက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

CJ-002

#MeKongNews

#ဆီဆိုင်မြို့နယ်

#လ.ဝ.က

#မှတ်ပုံတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ နောင်ရင်းဒုံကျေးရွာအနီး မိုင်းနင်းမိလို့ ရွာသားတစ်ဦး ခြေပြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာအနီး တွင် မနေ့ မေလ ၈ ရက်က မြေမြုပ်မိုင်းနင်းမိလို့ ရွာသား ၁ ဦးခြေပြတ်ဒဏ်ရာ ရရှိသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးမောက်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ထဲ မနေ့ မေ ၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွား နေအိမ်တချို့မီး ထပ်လောင်ကျွမ်းသွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now