နေ့စဥ်သတင်း

လားရှိုး ဆေးရုံကြီးမှ ဝန်ထမ်းအချို့ ငွေတောင်းကြမ်းပြီး အကျင့်ပျက်ခြစားနေ

မဲခေါင် 26 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၆ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ ဆေးရုံကြီးမှ ဝန်ထမ်းအချို့ ငွေတောင်းကြမ်းပြီး အကျင့်ပျက်ခြစားနေကြောင်း ပြည်သူတစ်ဦးက မဲခေါင်သို့ သတင်းပေးပို့လာသည်။ လားရှိုးဆေးရုံကြီး အရိုးကုသဆောင်မှ သူနာပြုဆရာမကြီး ဒေါ်လွင်လွင်ကျော်က လူနာ ၁ ဦးချင်းစီတိုင်းကို ငွေကျပ် ၁၂ သိန်း ကောက်ကြောင်း၊ ခွဲစိတ်ကုသဆောင်က သူနာပြုဆရာမကြီး ဒေါ်ခမ်းစိန်က လူနာ ၁ ဦးချင်းစီအပေါ်မှ ၄၅၀၀၀၀ ကျပ် ကောက်ပြီး ဆေးရုံဆင်းခ ကျပ်တစ်သိန်း ထပ်ကောက်ကြောင်း၊ လားရှိုးဆေးရုံကြီး အရိုးဆောင်က ခြေထောက် လက် ကျိုးရင် စတီးချောင်းဖိုး ၁၂ သိန်းအထက် ကောက်ခံပြီး လက်ချောင်း ခြေချောင်း ကျိုးရင် ၂ သိန်းအထက်

မဲခေါင်၊ ဩဂုတ် ၂၆

ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ ဆေးရုံကြီးမှ ဝန်ထမ်းအချို့ ငွေတောင်းကြမ်းပြီး အကျင့်ပျက်ခြစားနေကြောင်း ပြည်သူတစ်ဦးက မဲခေါင်သို့ သတင်းပေးပို့လာသည်။

လားရှိုးဆေးရုံကြီး အရိုးကုသဆောင်မှ သူနာပြုဆရာမကြီး ဒေါ်လွင်လွင်ကျော်က လူနာ ၁ ဦးချင်းစီတိုင်းကို ငွေကျပ် ၁၂ သိန်း ကောက်ကြောင်း၊ ခွဲစိတ်ကုသဆောင်က သူနာပြုဆရာမကြီး ဒေါ်ခမ်းစိန်က လူနာ ၁ ဦးချင်းစီအပေါ်မှ ၄၅၀၀၀၀ ကျပ် ကောက်ပြီး ဆေးရုံဆင်းခ ကျပ်တစ်သိန်း ထပ်ကောက်ကြောင်း၊ လားရှိုးဆေးရုံကြီး အရိုးဆောင်က ခြေထောက် လက် ကျိုးရင် စတီးချောင်းဖိုး ၁၂ သိန်းအထက် ကောက်ခံပြီး လက်ချောင်း ခြေချောင်း ကျိုးရင် ၂ သိန်းအထက် ရှိသည်ဟု သတင်းပေးသူက ပြောသည်။

“ဆေးရုံက ဆေးမပေးဘဲ အပြင်က ယူရောင်းတာဆိုပြီး ဆေးဖိုး အနည်းဆုံး ၅ သောင်းအထက် တောင်းတယ်၊ ပြည်သူ့ဆေးရုံကြီးပဲ၊ စတီးချောင်းဖိုး မဖြစ်မနေ ကောက်မယ်ဆိုလည်း ၃ သိန်းလောက်ဆို တော်ရောပေါ့၊ စတီးချောင်းဖိုး ၁၂ သိန်းအထက်က အဆမတန် စီးပွားရှာနေသလိုပဲ၊ ကျောက်မဲမြို့နယ်က ရော်ဘာခြံလုပ်သား ဦးဇော်ဝင်းထွန်းဆိုရင် ချော်လဲပြီး ခြေထောက်အရိုးကျိုးတာကို စတီးချောင်းဖိုး ၁၂ သိန်း ကောက်လို့ လူနာက မတတ်နိုင်လို့ ၄ ရက်လောက် ဒီအတိုင်း နေလိုက်ရတယ် ပြောတယ်၊ ၄ သိန်းနဲ့ လုပ်ပေးမယ် ထပ်ပြောပြီး ကုပေးလိုက်တယ်” ဟု ဆိုသည်။

လူနာ ၁ ယောက် အရိုးကျိုးလို့ စတီး ၁ ချောင်း ၁၂ သိန်းနှုန်းဆို ၁ ရက်မှာ ၁ ယောက်နှုန်း၊ ၁ လမှာ လူနာ ၃၀ ဦးကို ၁၂ သိန်းနှုန်းဖြင့် ၃၀ ဦးဆိုရင် သိန်းပေါင်း ၃၆၀ ကျပ် ရပြီး၊ တစ်နှစ်လုံး ၁၂ လမှာ သိန်းပေါင်း ၄၃၂၀ ကျပ် ရမည်ဟု တစ်ရက်ကို လူနာ ၁ ဦးနှုန်းပဲ တွက်ပြီး ပြောခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူ့ဆေးရုံပဲ၊ လူနာ ရှိရှိ၊ မရှိရှိ အဆင်ပြေအောင် ကုသပေးရမှာ မဟုတ်ဘူးလား၊ ကျောက်ပတ်တီး စည်းရင်လည်း တစ်ဈေးရှိတယ်၊ ပြည်သူ့ဆေးရုံမှာ ကိုယ်ပိုင်ဆေးရုံလို စီးပွားရှာနေတယ်၊ အဲဒီ ဝန်ထမ်း ၂ ဦးကို ဖြုတ်တာမျိုး ပြောင်းတာမျိုး အလုပ်ထွက်တာမျိုး ပြုလုပ်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

၎င်းအပြင် အဆိုပါ ဆရာမများသည် ဆေးရုံဝင်းထဲမှ ဖျားနာကုသဆောင် အကွေ့တွင် လိုင်စင်မဲ့ without ကားများ ရပ်ထားကာ ရောင်း၊ ဝယ်ကြသလို အဆိုပါ ကားများဖြင့် အရိုးဆောင်သို့ သွားလာနေပြီး လိုင်စင်မဲ့ကား ရောင်းဝယ်ကာ စီးပွားရှာနေကြသည်ဟု ဆိုသည်။

#MeKongNews
#လားရှိုး
#ဆေးရုံကြီး
#ဝန်ထမ်း
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now