နေ့စဥ်သတင်း

နန်းပန်ဈေးနေ့ စက်လှေစစ်ဆေးမှုကြောင့် ဈေးသည်နှင့် ဝယ်သူများ အခက်တွေ့

မဲခေါင် 18 Aug - 2026
မဲခေါင်၊ ဩဂုတ် ၁၈ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ နမ့်ပန်ကျေးရွာတွင် ဩဂုတ် ၁၅ ရက် နမ့်ပန်ဈေးနေ့၌ စက်လှေများကို လိုင်စင်စစ်ဆေးမည်ဟုဆိုကာ စက်လှေဂေါက်တံများ ဖြုတ်ယူသိမ်းဆည်းပြီး တစ်ချောင်းလျှင် ကျပ် ၂၅,၀၀၀ ပေး၍ ပြန်လည်ရွေးယူခိုင်းခဲ့သဖြင့် ဈေးသည်များနှင့် ဈေးလာဝယ်သူများ အခက်အခဲကြုံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ စက်လှေစစ်ဆေးမှုသည် နမ့်ပန်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လိုင်စင်စစ်ဆေးရေးကို အကြောင်းပြကာ စက်လှေဂေါက်တံများကို ဖြုတ်ယူသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အင်းလေးဒေသတွင် စက်လှေများသည် ဒေသခံများ၏ နေ့စဉ်သွားလာရေးအတွက် အဓိကအသုံးပြုရသည့် ယာဉ်များဖြစ်သဖြင့် စက်လှေဂေါက်တံများ သိမ်းဆည်းခံရပါက စက်လှေကို ဆက်လက်အသုံးပြုသွားလာရန် အခက်အခဲရှိကြောင်း ဒေသခံများက ပြောသည်။

မဲခေါင်၊ ဩဂုတ် ၁၈

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ နမ့်ပန်ကျေးရွာတွင် ဩဂုတ် ၁၅ ရက် နမ့်ပန်ဈေးနေ့၌ စက်လှေများကို လိုင်စင်စစ်ဆေးမည်ဟုဆိုကာ စက်လှေဂေါက်တံများ ဖြုတ်ယူသိမ်းဆည်းပြီး တစ်ချောင်းလျှင် ကျပ် ၂၅,၀၀၀ ပေး၍ ပြန်လည်ရွေးယူခိုင်းခဲ့သဖြင့် ဈေးသည်များနှင့် ဈေးလာဝယ်သူများ အခက်အခဲကြုံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ စက်လှေစစ်ဆေးမှုသည် နမ့်ပန်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လိုင်စင်စစ်ဆေးရေးကို အကြောင်းပြကာ စက်လှေဂေါက်တံများကို ဖြုတ်ယူသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အင်းလေးဒေသတွင် စက်လှေများသည် ဒေသခံများ၏ နေ့စဉ်သွားလာရေးအတွက် အဓိကအသုံးပြုရသည့် ယာဉ်များဖြစ်သဖြင့် စက်လှေဂေါက်တံများ သိမ်းဆည်းခံရပါက စက်လှေကို ဆက်လက်အသုံးပြုသွားလာရန် အခက်အခဲရှိကြောင်း ဒေသခံများက ပြောသည်။

“လိုင်စင်မရှိလို့ တကယ်အရေးယူမယ်ဆိုရင် သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်ပေးစေချင်တယ်။ အခုက ဂေါက်တံဖြုတ်ယူပြီး ပိုက်ဆံပေးမှ ပြန်ရတဲ့ပုံစံ ဖြစ်နေတော့ ရေလမ်းကို အဓိကအားထားနေရတဲ့သူတွေအတွက် အရမ်းအခက်တွေ့တယ်” ဟု နမ့်ပန်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

စက်လှေဂေါက်တံများ သိမ်းဆည်းခံရမှုကြောင့် ဈေးလာရောက်ဝယ်ယူသူအချို့မှာ ဈေးအတွင်းသို့ပင် မဝင်ရောက်တော့ဘဲ ပြန်လည်ထွက်ခွာသွားကြပြီး ဈေးသည်များမှာလည်း ကုန်ပစ္စည်းများ ရောင်းချနိုင်ခြင်းမရှိဘဲ ပြန်လည်သယ်ယူသွားရသည့် အခြေအနေ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် နမ့်ပန်ဈေးမှာ ပုံမှန်ထက်စော၍ လူသူကင်းမဲ့သွားပြီး ဈေးသည်များနှင့် ဝယ်ယူသူများအကြား စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် လာမည့်ဈေးနေ့များ၌ အလားတူ စက်လှေစစ်ဆေးမှုများနှင့် ငွေကြေးပေးဆောင်ရသည့် အခြေအနေများ ထပ်မံဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများရှိနေသည့် အချိန်တွင် ယခုကဲ့သို့ စက်လှေသွားလာရေးနှင့် ပတ်သက်သည့် စစ်ဆေးမှုများကြောင့် အင်းလေးဒေသခံများ၏ နေ့စဉ်ဘဝနှင့် ဒေသတွင်းကုန်သွယ်ရေး ပိုမိုထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

#MeKongNews
#အင်းလေး
#ရှမ်းတောင်
#နန်းပန်
#ဈေးနေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now