နေ့စဥ်သတင်း

မိုင်းရှူးတွင် တွေ့သမျှယောက်ျားလေး ပေါ်တာဆွဲနေသဖြင့် အိမ်အပြင်သို့ပင် မထွက်ရဲဖြစ်နေကြ

မဲခေါင် 24 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်နှင့် မိုင်းရှူးတောင်ပေါ် ရတနာမြေဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ရဲ၊ ထွေအုပ် ပူးပေါင်းအဖွဲ့များက လမ်းပေါ်တွင် တွေ့သမျှယောက်ျားလေး ပေါ်တာဆွဲနေသဖြင့် အိမ်အပြင်သို့ပင် မထွက်ရဲကြကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ မိုင်းရှူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် လစဉ်ကြေးများ ကောက်ခံနေသည့်အပြင် လွန်ခဲ့သည့် ၂ လခန့်မှ စတင်ကာ ဒေသခံ လူငယ်များကို လမ်းပေါ်တွင် အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးသည့် ပူးပေါင်းအဖွဲ့တွင် မိုင်းရှူးတောင်ပေါ်ရဲစခန်းမှ ဒုရဲအုပ် နေလင်းဦး၊ ခလရ (၁၄၉) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လွယ်ခမ်းလုံ/ဝမ်ကန် ရပ်ကျေးစာရေး ကိုကျော်ဦး တို့ ဦးဆောင်ပါဝင်နေကြောင်း

မဲခေါင်၊ ဇူလိုင် ၂၄

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်နှင့် မိုင်းရှူးတောင်ပေါ် ရတနာမြေဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ရဲ၊ ထွေအုပ် ပူးပေါင်းအဖွဲ့များက လမ်းပေါ်တွင် တွေ့သမျှယောက်ျားလေး ပေါ်တာဆွဲနေသဖြင့် အိမ်အပြင်သို့ပင် မထွက်ရဲကြကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

မိုင်းရှူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် လစဉ်ကြေးများ ကောက်ခံနေသည့်အပြင် လွန်ခဲ့သည့် ၂ လခန့်မှ စတင်ကာ ဒေသခံ လူငယ်များကို လမ်းပေါ်တွင် အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးသည့် ပူးပေါင်းအဖွဲ့တွင် မိုင်းရှူးတောင်ပေါ်ရဲစခန်းမှ ဒုရဲအုပ် နေလင်းဦး၊ ခလရ (၁၄၉) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လွယ်ခမ်းလုံ/ဝမ်ကန် ရပ်ကျေးစာရေး ကိုကျော်ဦး တို့ ဦးဆောင်ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

“မိုင်းရှူးတောင်ပေါ် ရတနာမြေ ဝမ်ကန်မှာ လစဉ် စစ်မှုထမ်းကြေးလည်း ပေးနေရတာ။ အခုလို အတင်းအဓမ္မ ပေါ်တာလိုက်ဆွဲနေတော့ နေ့ခင်းဘက်တောင် အိမ်ပြင်မထွက်ရဲ၊ အလုပ်မသွားရဲကြတော့ဘူး။ ညဘက်ဆိုရင်လည်း အိမ်ထဲမှာ ကောင်းကောင်းမအိပ်ရဲဘဲ ကြောက်လန့်နေကြရတယ်။ ပြည်သူတွေအဖို့ ကယ်သူမဲ့ပြီး ဒုက္ခရောက်နေကြရတယ်” ဟု မိုင်းရှူးဒေသခံတစ်ဦးက မဲခေါင်သို့ ရင်ဖွင့်သည်။

ထိုသို့ အဓမ္မ ဖမ်းဆီးရမိသည့် လူငယ်များကို မိုင်းရှူးမြို့တွင်း လဝကရုံးအနောက်ဘက်၊ ကုလားဗလီအနီးရှိ ဂိုဒေါင်ကြီးအတွင်း၌ ပိတ်လှောင်ထားရှိပြီး လူအင်အား ပြည့်မီမှသာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လေ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးထားစဉ်အတွင်း ငွေကြေးတတ်နိုင်သည့် မိဘများထံမှ ပြန်လည်လွတ်မြောက်ရေးအတွက် ငွေကျပ် သိန်း ၂၀၀ အထိ အဆမတန် ငွေညှစ်တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူငယ် ၂၀ ခန့် ဇူလိုင်လ ၂၂ ရက် ညပိုင်းတွင် ဂိုဒေါင်ဖောက် ထွက်ပြေးလွတ်မြောက်သွားသဖြင့် မြို့ပေါ်နှင့် တောင်ပေါ်ဒေသများတွင် လိုက်လံရှာဖွေကာ အစားထိုးရန်အတွက် ထပ်မံ ရမ်းသန်းဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလောတွင် မိုင်းရှူးတောင်ပေါ် ရတနာမြေ ဝမ်ကန်ဒေသတွင် လမ်းပေါ်တွေ့ရှိသည့် အမျိုးသားမှန်သမျှကို ရမ်းသန်းဖမ်းဆီးလျက်ရှိရာ မိုင်းရှူးတောင်ပေါ်မှ လူငယ် ၇ ဦး ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် မိုင်းရှူးမြို့ပေါ်နှင့် တောင်ပေါ် ရတနာမြေဒေသတို့၌ စစ်ကောင်စီ ပူးပေါင်းအဖွဲ့များ၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ်အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့တွင်း စီးပွားရေးနှင့် ဒေသခံများ၏ နေ့စဉ်လူမှုဘဝများ စိုးရိမ်ထိတ်လန့်မှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

#MeKongNews
#မိုင်းရှူး
#မိုင်းရှူးရတနာမြေ
#ပေါ်တာဆွဲ
#ထွေအုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now