နေ့စဥ်သတင်း

မြောက်ပိုင်းအဖွဲ့များကို တရုတ် ခေါ်တွေ့ပြီးနောက် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ မြောက်ပိုင်းအဖွဲ့များကို တရုတ်ခေါ်တွေ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့ – MNDAA က သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးပြီး ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ -FPNCC အဖွဲ့ဝင်များကို တရုတ်က ခေါ်ယူဆွေ့ဆုံပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ “ကိုးကန့်ကိုယ်တိုင်ကတော့ ပြန်ဆုတ်မယ်လို့ ထုတ်ပြောတာ မကြားသေးဘူး။ ဒါပေမယ့် သူနဲ့ထိစပ်တဲ့ အဖွဲ့တွေကနေ သိန္နီကနေ ကိုးကန့် ပြန်ဆုတ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က ခေါ်တွေ့ပြီးတဲ့နောက် အခုလိုသတင်းထွက်တာဖြစ်ပါတယ်”ဟု FPNCC နှင့် နီးစပ်သည့်

မဲခေါင်၊ ဇူလိုင် ၁၅

မြောက်ပိုင်းအဖွဲ့များကို တရုတ်ခေါ်တွေ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့ – MNDAA က သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးပြီး ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ -FPNCC အဖွဲ့ဝင်များကို တရုတ်က ခေါ်ယူဆွေ့ဆုံပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

“ကိုးကန့်ကိုယ်တိုင်ကတော့ ပြန်ဆုတ်မယ်လို့ ထုတ်ပြောတာ မကြားသေးဘူး။ ဒါပေမယ့် သူနဲ့ထိစပ်တဲ့ အဖွဲ့တွေကနေ သိန္နီကနေ ကိုးကန့် ပြန်ဆုတ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က ခေါ်တွေ့ပြီးတဲ့နောက် အခုလိုသတင်းထွက်တာဖြစ်ပါတယ်”ဟု FPNCC နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအစတွင် တရုတ်ကွန်မြစ်နစ်ပါတီ ၁၀၅ နှစ်ပြည့်သို့ AA မှ လွဲပြီး ကျန်သည့် FPNCC အဖွဲ့ဝင်များအားလုံးကို တရုတ်က ကူမင်းသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး အချို့အဖွဲ့များကို တဖွဲ့ချင်းစီ ပြောဆိုဆွေးနွေးခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုတွေ့ဆုံမှုအတွင်း စစ်ကောင်စီ၏ ငြိမ်းချမ်းလုပ်ငန်းစဉ်ကိစ္စတွင် ပါဝင်ကြရန် တရုတ်က ပြောဆိုခဲ့သည်ဟုလည်း FPNCC နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ထိုသို့ တွေ့ဆုံပြီးနောက် ကိုးကန့်တပ်ဖွဲ့က သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်အပ်မည်ဟု သတင်းထွက်ပေါ်နေခြင်း ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ကမူ တစ်စုံတစ်ရာ တရားဝင်ပြောဆိုခြင်း မရှိသေးပေ။

ထို့ပြင် သိန္နမြို့ပေါ်တွင်လည်း ကိုးကန့်တပ်ဖွဲ့ အုပ်ချုပ်ရေး ပုံမှန်လည်ပတ်နေလျက်ရှိပြီး တပ်ဆုတ်မည့် အရိပ်အယောင် မတွေ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အခုထိတော့ ပုံမှန်လည်ပတ်နေတာပဲဗျ။ ပြီးခဲ့တဲ့ပတ်ကမှ အစည်းအဝေးခေါ်ပြီး ဒုတိယ ၆ လပတ်မှာ ဘာတွေ ဆက်လုပ်မယ်ဆိုတာကို ပြောသေးတယ်ဗျ”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ဇူလိုင် ၁၄ ရက်တွင်မူ ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီက လားရှိုးတွင် တွေ့ဆုံကြပြီး စစ်သုံးပန့် ၄၀ ကျော်ကိုလည်း ကိုးကန့်တပ်ဖွဲ့က ထပ်မံလွတ်ပေးခဲ့သည်။

ကိုးကန့်တပ်ဖွဲ့သည် သိန္နီမြို့ကို ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း သိန္နီမြို့နယ်အတွင်းတွင် တရုတ်လုပ်ငန်းရှင် အများအပြားကို ခေါ်သွင်းကာ စီမံကိန်းများ ဖော်ဆောင်လျက်ရှိသည်။

#MeKongNews
#မြောက်ပိုင်းအဖွဲ့များ
#တရုတ်
#သိန္နီမြို့
#ကိုးကန့်တပ်ဖွဲ့
#ဆုတ်ခွာမည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now