မဲခေါင်၊ ဇူလိုင် ၁၀
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်၊ ကျိုင်းပင်းကျေးရွာအနီး နမ့်ခတ်ချောင်းရေမြင့်တက်မှုကြောင့် ကျိုင်းပင်းတံတားရေကျော်မှုဖြစ်ပွားနေကြောင်း မီးသတ်တပ်ဖွဲ့က ယနေ့ (ဇူလိုင် ၁၀) တွင် သတင်းထုတ်ပြန်သည်။
ကျိုင်းတုံ-မိုင်းခတ်သွား ကားလမ်းမ မိုင်တိုင်အမှတ် (၄၆/၃) နှင့် (၄၆/၄) ကြားတွင် ရေကျော်မှုဖြစ်ပွားနေသဖြင့် ယာဥ်များ အန္တရာယ်မရှိနိုင်ရေးသတိပြုနိုင်စေရန် ခရီးသွားပြည်သူများ သွားလာရလွယ်ကူစေရေးအတွက် ကူညီဆောင်ရွက်ပေးနေသည်ဟုဆိုသည်။
“ဝ”တပ်ဖွဲ့ (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပေါက်မြို့၌လည်း တောင်ကျရေများကြောင့် ရေကြီးမှုများဖြစ်ပေါ်နေသည်။
#MeKongNews
#မိုင်းခတ်
#ရှမ်းရှေ့
#ရေကြီးရေလျှံ
#ကျိုင်းပင်းတံတား
#မီးသတ်တပ်ဖွဲ့








