နိုင်ငံတကာသတင်း

ပေကျင်း၏ အမြင့်ဆုံး မိုးမျှော်တိုက်ကို လေယာဉ်ငယ် ဝင်တိုက်

မဲခေါင် 27 Jun - 2026
မဲခေါင်၊ ဇွန် ၂၇ ယမန်နေ့တွင် ပေကျင်းမြို့၏ အမြင့်ဆုံး Citic Tower မိုးမျှော်တိုက်ကို လေယာဉ်ငယ်တစ်စင်း ဝင်တိုက်ခဲ့ပြီး အဆောက်အအုံမှ အပျက်အစီးများနှင့် လေယာဉ်အစိတ်အပိုင်းများ အောက်ရှိ လမ်းမများပေါ်သို့ ပြုတ်ကျခဲ့သဖြင့် လူအများ ထွက်ပြေးခဲ့ကြရသည်။ လူမှုကွန်ရက်တွင် မျှဝေထားပြီး The New York Times က အတည်ပြုထားသော ဗီဒီယိုများတွင် မိုးမျှော်တိုက်မှ အပျက်အစီးများ ပြုတ်ကျနေသည်ကို မြင်တွေ့ရပြီး လူများက ဘေးလွတ်ရာသို့ ပြေးနေကြသည်ကိုလည်း တွေ့ရသည်။ ဗီဒီယိုများတွင် ပြတင်းပေါက်များ ပျက်စီးနေခြင်းနှင့် လေယာဉ်ငယ်တစ်စင်း၏ အမြီးပိုင်းဟု ယူဆရသော အစိတ်အပိုင်းများ အပါအဝင် အပျက်အစီးများသည် အထပ်ပေါင်းများစွာမှ လမ်းမပေါ်သို့ ပြုတ်ကျနေသည်ကို ဖော်ပြထားသည်။ ထိုအဆောက်အအုံသည်

မဲခေါင်၊ ဇွန် ၂၇

ယမန်နေ့တွင် ပေကျင်းမြို့၏ အမြင့်ဆုံး Citic Tower မိုးမျှော်တိုက်ကို လေယာဉ်ငယ်တစ်စင်း ဝင်တိုက်ခဲ့ပြီး အဆောက်အအုံမှ အပျက်အစီးများနှင့် လေယာဉ်အစိတ်အပိုင်းများ အောက်ရှိ လမ်းမများပေါ်သို့ ပြုတ်ကျခဲ့သဖြင့် လူအများ ထွက်ပြေးခဲ့ကြရသည်။

လူမှုကွန်ရက်တွင် မျှဝေထားပြီး The New York Times က အတည်ပြုထားသော ဗီဒီယိုများတွင် မိုးမျှော်တိုက်မှ အပျက်အစီးများ ပြုတ်ကျနေသည်ကို မြင်တွေ့ရပြီး လူများက ဘေးလွတ်ရာသို့ ပြေးနေကြသည်ကိုလည်း တွေ့ရသည်။

ဗီဒီယိုများတွင် ပြတင်းပေါက်များ ပျက်စီးနေခြင်းနှင့် လေယာဉ်ငယ်တစ်စင်း၏ အမြီးပိုင်းဟု ယူဆရသော အစိတ်အပိုင်းများ အပါအဝင် အပျက်အစီးများသည် အထပ်ပေါင်းများစွာမှ လမ်းမပေါ်သို့ ပြုတ်ကျနေသည်ကို ဖော်ပြထားသည်။

ထိုအဆောက်အအုံသည် မြို့တော်၏ လူစည်ကားသော စီးပွားရေးဗဟိုဌာနတွင် တည်ရှိပြီး၊ ညနေခင်း ရုံးဆင်းချိန်တွင် ကားများဖြင့် ပြည့်ကျပ်နေခဲ့သည်။

ထိခိုက်ဒဏ်ရာရသူ အရေအတွက် သို့မဟုတ် ရှိ၊ မရှိကို ချက်ချင်း မသိရသေးဘဲ လေယာဉ်မောင်းသူ၏ တည်နေရာနှင့် အထောက်အထားလည်း မသိရသေးကြောင်း သိရသည်။

ဆိုရှယ်မီဒီယာတွင် တင်ထားသော ဓာတ်ပုံများအရ အခင်းဖြစ်ရာနေရာတွင် တွေ့ရသည့် လေယာဉ်အစိတ်အပိုင်းများသည် ထိုင်ခုံအနည်းငယ်သာပါသော အပေါ့စား လေယာဉ်အမျိုးအစား ဖြစ်နိုင်ကြောင်း ဖော်ပြထားပြီး၊ ထိုလေယာဉ်သည် ဒေသတွင်း လေယာဉ်မောင်းသင်တန်းပေးသည့် Shuangyue General Aviation လေကြောင်းကုမ္ပဏီတွင် မှတ်ပုံတင်ထားသည်။

ယင်းနှင့်ပတ်သက်၍ ကုမ္ပဏီသို့ ဖုန်းဆက် အတည်ပြုသော်လည်း မဖြေကြားခဲ့ပေ။

FlightRadar လေယာဉ်ခြေရာခံဝက်ဘ်ဆိုက်မှ ဒေတာများအရ လေယာဉ်သည် ပေကျင်းအရှေ့ပိုင်း၊ ပင်ကုခရိုင် ရှိ လေယာဉ်ကွင်းတစ်ခုမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့နောက် လေယာဉ်သည် အနီးပတ်ဝန်းကျင်တွင် လှည့်ပတ်ပျံသန်းပြီးနောက် မြို့လယ် အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

ထိုပျက်ကျမှုသည် မတော်တဆလား သို့မဟုတ် ရည်ရွယ်ချက်ရှိရှိလား ဆိုသည်မှာ မရှင်းလင်းသေးပေ။

လေယာဉ်မောင်းသူသည် မြို့လယ်သို့ အဟန့်အတားမရှိ မည်သို့ ဝင်ရောက်နိုင်ခဲ့သနည်းဆိုသည်လည်း မသိရသေးပေ။

တရုတ်နိုင်ငံ လေကြောင်းအာဏာပိုင်အဖွဲ့နှင့် ပေကျင်းရှိ နီးစပ်ရာ ရဲစခန်းများကို The New York Times က ဆက်သွယ်သော်လည်း ဖုန်းမဖြေကြားခဲ့ကြောင်း သိရသည်။

“ဒီလေယာဉ်ကို ပေကျင်းအရှေ့ဘက်မှာ လေယာဉ်မောင်းသင်တန်းအတွက် ပုံမှန်အသုံးပြုတယ်” FlightRadar ပြောရေးဆိုခွင့်ရှိသူ အီယန် ပက်ချနစ်ခ်က ဟု ပြောကြားခဲ့သည်။

ယခုလေယာဉ်ပျံသန်းမှုသည် ထိုပုံမှန်အသုံးပြုမှုနှင့် မတူညီသည့် ထူးခြားသည့် လှုပ်ရှားမှု ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောခဲ့သည်။

ယင်းမိုးမျှော်တိုက်ကို Citic Tower ဟုခေါ်ပြီး China Zun ဟုလည်း သိကြသည်။

၎င်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံးအစိုးရပိုင် ဘဏ္ဍာရေးအုပ်စုများထဲမှ တစ်ခုဖြစ်သည့် Citic Group ၏ ရုံးချုပ်ဖြစ်သည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်တွင် ၎င်းနှင့် မိတ်ဆွေများ လမ်းလျှောက်နေစဉ် လေယာဉ်တစ်စင်းသည် အဆောက်အအုံကို ဝင်တိုက်ခဲ့သည်ကို မြင်ခဲ့ရကြောင်း အနီးရှိ Gym တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ခေါင်းထိခိုက်ဒဏ်ရာ ရရှိထားသော အမျိုးသမီးတစ်ဦးကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် အနီးရှိ စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးကလည်း ထိုအချိန်ခန့်တွင် ကျယ်လောင်သည့် အသံတစ်ခု ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက်သော အချက်အလက်များကို ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း၊ တရုတ်အစိုးရအာဏာပိုင်များက သတင်းအပေါ် အထူးသတိထားနေသည့် လက္ခဏာအဖြစ်၊ ပျက်ကျမှုနှင့် အဆောက်အအုံနှင့် ပတ်သက်သော ဆိုရှယ်မီဒီယာပို့စ်များကို အွန်လိုင်းတွင် ဖယ်ရှား ကန့်သတ်ထားကြောင်း သိရသည်။

အထင်ကရဖြစ်သော ယင်းမိုးမျှော်တိုက်ကို ၂၀၁၈ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီး မြို့အနှံ့မှ မြင်တွေ့နိုင်သည်။

၎င်းသည် ပေကျင်းမြို့၏ နောက်ထပ်ထင်ရှားသော ဗိသုကာ အဆောက်အအုံတစ်ခု ဖြစ်သည့် တရုတ်ဗဟိုရုပ်မြင်သံကြားဌာန CCTV ရုံးချုပ်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး သောကြာနေ့ညတွင် ထိုနေရာ၌ ရဲကား ၂၀ နီးပါး ရပ်ထားသည်ကို တွေ့ရသည်။

အနီးအနားတွင် နေထိုင်သူ ဝမ်ဆိုသူကလည်း ညနေ ၆ နာရီမတိုင်မီ ခန့်တွင် လမ်းမပေါ်မှ ကျယ်လောင်သံများ ကြားရပြီး မိုးမျှော်တိုက်ဘက်သို့ သွားကြည့်ခဲ့ရာ အဆောက်အအုံဘေးတွင် အပေါက်တစ်ခုကို တွေ့ခဲ့ရပြီး ယင်းနေရာတွင် ခဏတာ မီးလောင်နေခဲ့ကြောင်း ပြောသည်။

ထို့ပြင် အဆောက်အအုံ အောက်ခြေတွင် မီးလောင်နေသော လေယာဉ် အပျက်အစီးများကိုလည်း တွေ့ခဲ့ရကြောင်း၊ သို့သော် ရဲတပ်ဖွဲ့က ကြည့်ရှုနေသူများကို အမြန်ထွက်ခွာခိုင်းခဲ့သဖြင့် ထိခိုက်သေဆုံးမှုရှိ၊ မရှိ မသိနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Ref: The New York Times
#MeKongNews
#ပေကျင်း
#အမြင့်ဆုံး
#မိုးမျှော်တိုက်
#လေယာဉ်ငယ်
#ဝင်တိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now