ကမ္ဘာ့သတင်း

တတိယကမ္ဘာစစ်အတွက် စတင်အုတ်မြစ်ချနေသော ရုရှားအစီအစဉ်များ ထွက်ပေါ်လာပြီးနောက် ဖင်လန်က နျူကလီးယားလက်နက် မပိုင်ဆိုင်ရဥပဒေကို ဖျက်သိမ်း

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ ဖင်လန် ဥပဒေပြုအမတ်များသည် ကာလရှည်ကြား ကျင့်သုံးထားခဲ့သော နျူကလီးယားလက်နက် မပိုင်ဆိုင်ရဟု ပိတ်ပင်ထားသည့် ဥပဒေကို ဇွန် ၁၇ ရက်တွင် မဲပေးပြီး ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ဖင်လန်သည် ရုရှားနှင့် မိုင်ပေါင်း ၈၁၀ ရှည်သည့် နယ်စပ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်ကာ ၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှား အလုံးစုံကျူးကျော်စစ်ဆင်နွှဲပြီးနောက် ကာလရှည် လက်ခံကျင့်သုံးခဲ့သည့် စစ်ရေးကြားနေနိုင်ငံဆိုသော မူကိုလည်း ပယ်ဖျက်ခဲ့သည်။ ယခုလို နျူကလီးယားလက်နက်မပိုင်ဆိုင်ရဥပဒေကို ထပ်မံဖျက်သိမ်းမှုသည် ချက်ချင်း နျူကလီးယားလက်နက်များကို လက်ခံထားရှိမည် မဟုတ်သော်လည်း မရေရာသော လုံခြုံရေးပတ်ဝန်းကျင် အသွင်အပြင်ကြောင့်သာ အဟန့်အတားအဖြစ် ပြောင်းလဲ ကျင့်သုံးလိုက်ရခြင်းဖြစ်ကြောင်း ဖင်လန်အစိုးရက ထုတ်ပြန်သွားခဲ့သည်။ သို့သော်

မဲခေါင်၊ ဇွန် ၁၈

ဖင်လန် ဥပဒေပြုအမတ်များသည် ကာလရှည်ကြား ကျင့်သုံးထားခဲ့သော နျူကလီးယားလက်နက် မပိုင်ဆိုင်ရဟု ပိတ်ပင်ထားသည့် ဥပဒေကို ဇွန် ၁၇ ရက်တွင် မဲပေးပြီး ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ဖင်လန်သည် ရုရှားနှင့် မိုင်ပေါင်း ၈၁၀ ရှည်သည့် နယ်စပ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်ကာ ၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှား အလုံးစုံကျူးကျော်စစ်ဆင်နွှဲပြီးနောက် ကာလရှည် လက်ခံကျင့်သုံးခဲ့သည့် စစ်ရေးကြားနေနိုင်ငံဆိုသော မူကိုလည်း ပယ်ဖျက်ခဲ့သည်။

ယခုလို နျူကလီးယားလက်နက်မပိုင်ဆိုင်ရဥပဒေကို ထပ်မံဖျက်သိမ်းမှုသည် ချက်ချင်း နျူကလီးယားလက်နက်များကို လက်ခံထားရှိမည် မဟုတ်သော်လည်း မရေရာသော လုံခြုံရေးပတ်ဝန်းကျင် အသွင်အပြင်ကြောင့်သာ အဟန့်အတားအဖြစ် ပြောင်းလဲ ကျင့်သုံးလိုက်ရခြင်းဖြစ်ကြောင်း ဖင်လန်အစိုးရက ထုတ်ပြန်သွားခဲ့သည်။

သို့သော် နျူကလီးယားလက်နက် မပိုင်ဆိုင်ရ ဥပဒေ ဖျက်သိမ်းလိုက်ခြင်းကြောင့် ဖင်လန်သည် လိုအပ်လာလျှင် နျူကလီးယားလက်နက်များကို တင်သွင်းခွင့်၊ သယ်ယူပို့ဆောင်ခွင့်၊ ထောက်ပံ့ခွင့်၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်များ ချက်ချင်းရယူနိုင်တော့မည်ဖြစ်သည်။

ဖင်လန်၏ ယခုလုပ်ရပ်ကြောင့် ပူတင်သည် တုန်လှုပ်သွားရပြီး ဖင်လန်သည် ရုရှားနယ်မြေများကိုပင် ချဲ့ထွင် ရယူလိုနေသည့် သဘောဆောင်ကြောင်း Nexta TV သို့ပြောကြားသွားခဲ့သည်။

“နေတိုးအဖွဲ့ထဲ ဖင်လန် ဘာ့ကြောင့် ဝင်ခဲ့တာလဲ။ ဖင်လန်နဲ့ နယ်မြေဆိုင်ရာ အငြင်းပွားမှုရော ရှိခဲ့ဖူးလို့လား။ မရှိပါ။ အားလုံးက တည်ငြိမ်နေခဲ့တာ ကြာလှပါပြီ။ သူတို့ဘာကြောင့် နေတိုးအဖွဲ့ထဲ ဝင်ခဲ့ရတာလဲ။ တည်ငြိမ်ပြီးသား အရာအားလုံး ပြိုလဲအောင်ဆိုတဲ့ မျှော်လင့်ချက်နောက်မှာ သူတို့တတ်နိုင်ရင် ချဲ့ထွင်ရယူဖို့အထိပါ လုပ်လာလိမ့်မယ်။ ဆက်စထရာမြစ်တစ်လျှောက် သူတို့ နယ်စပ်တည်ဆောက်မှုတွေ လုပ်ဆောင်နေခဲ့ပါပြီ” ဟု ပူတင်က ပြောဆိုခဲ့သည်။

ဖင်လန်၏ ယခုလို ဥပဒေပြင်ဆင်မှုသည် ရုရှားဘက်က နေတိုးနိုင်ငံများနှင့် ဆက်စပ်နေသည့် နယ်စပ်တစ်လျှောက် တတိယကမ္ဘာစစ်အတွက် စတင်တည်ဆောက်နေသော စီမံကိန်းများအကြောင်း သတင်း ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာတွင် ဖြစ်တည်လာခြင်းဖြစ်သည်။

ဒိန်းမတ်အမျိုးသားရုပ်သံက ပြီးခဲ့သည့် ၂ နှစ်အတွင်း ရုရှားသည် နယ်စပ်များတွင် တပ်စခန်းအသစ်များ၊ ဂိုထောင်များနှင့် တပ်မတော်ယာဉ်များထားရှိသည့် အဆောက်အအုံများကို တည်ဆောက်နေခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများကို ဖော်ထုတ် တင်ပြခဲ့သည်။

Spooks မီဒီယာကလည်း ရုရှားသည် ဖင်လန်၊ ဒိန်းမတ်တို့နှင့် နယ်စပ်အနီး မာမန့်ခ်စ်ဒေသတွင် အိမ်နီးချင်းနိုင်ငံများအား တိုက်ခိုက်ရန် လက်လှမ်းမီသော အခြေခံစစ်အဆောက်အအုံများ ဆောက်လုပ်ထားရာတွင် နောက်ထပ် စစ်သည် ၁၇၀၀၀ ထပ်ထားနိုင်သည့် အခြေအနေရောက်နေပြီဟု ဖော်ပြသလို အက်စတိုးနီးယားနှင့် နယ်စပ်တွင်လည်း စစ်မော်တော်ယာဉ်များစွာ အထိုင်ချတပ်စခန်းသစ်တည်ဆောက်ထားသည်ဟု ဖော်ပြသွားခဲ့သည်။

ရုရှားဘက်ကမူ နေတိုးအဖွဲ့ဝင်နိုင်ငံများအား တိုက်ခိုက်လိုသည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆန်ထားသော်လည်း ဗြိတိန်ထောက်လှမ်းရေးအရာရှိဟောင်း ဖိလစ်အင်ဂရမ်က ယခုလို ရုရှား၏ နယ်စပ်များတွင် စစ်စခန်းသစ်များ တည်ဆောက်နေမှုမှာ ကာလရှည် စစ်ရေးကစားပွဲအတွက် ရည်ရွယ်ကြောင်း၊ ပြင်ဆင်ရသည့် အချက် ၂ ချက် ရှိနိုင်ပြီး တစ်ချက်မှာ အလွန်ရှည်လျားသည် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် နေရာများတွင် ခြိမ်းခြောက်နိုင်သည့် တကယ့်စွမ်းရည်ကို ပြသရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သလို နေတိုး၏ တိုးချဲ့လာမှုကို ဟန့်တားနိုင်ရေးအတွက် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ဒုတိယတစ်ချက်မှာမူ ယူကရိန်းစစ်ပွဲပြီးဆုံးခဲ့လျှင် ပူတင်သည် နေတိုးနယ်စပ်များကို အမှန်တကယ် ခြိမ်းခြောက်နိုင်ကြောင်း အမြန် လက်နက်တပ်ဆင်ပေးပြီး ဖြန့်ကြက်နိုင်စွမ်းကို ပြသရန် ရည်ရွယ်ပုံရကြောင်း၊ သို့သော် ပူတင်သည် လက်ရှိတွင် တတိယကမ္ဘာစစ်ကို ဖန်တီးနိုင်သည့် စီမံခန့်ခွဲနိုင်စွမ်း မရှိသေးဘဲ ဒုတိယ စစ်အေးတိုက်ပွဲအတွက် ပြင်ဆင်မှုအဆင့်လောက်တွင်သာ ရှိနေသေးသည်ဟု သုံးသပ် ပြောကြားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#တတိယကမ္ဘာစစ်
#ရုရှားအစီအစဉ်
#ဖင်လန်
#နျူကလီးယားလက်နက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now