ကမ္ဘာ့သတင်း

ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးသော်လည်း အီရန် မကောင်းလျှင် ငရဲမိုးအားလုံး ရွာမည်ဟု ထရမ့် ခြိမ်းခြောက်၊ အီရန်ဘက်ကလည်း ဒုံးကျည်ခလုတ်ပေါ် လက်တင်ထားဆဲဟု တုံ့ပြန်

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ ဇွန် ၁၇ ရက်က ပဲရစ်သို့ G7 ထိပ်သီးအစည်းအဝေးပွဲသို့ ရောက်ရှိနေစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြင်သစ်သမ္မတ မက်ခရွန်ရှေ့မှောက်၌ အီရန်နှင့် ကနဦး ရက် ၆၀ အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာကို ဗာဆိုင်းနန်းတော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အီရန်သမ္မတ ပီဇက်ခီယန်ဘက်ကလည်း လက်မှတ်ရေးထိုးလိုက်သဖြင့် ချက်ချင်းအပစ်ရပ်မှု အကြုံးဝင်သွားသော်လည်း နှစ်ဖက်စလုံးမှ အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ဇွန် ၁၉ ရက်မှ ဆွစ်ဇာလန်တွင် အဆိုပါ ရက် ၆၀ အပစ်ရပ်စာချုပ်ကို အတည်လက်မှတ်ရေးထိုးပွဲ ကျင်းပမည် ဖြစ်ရာ လက်ရှိတွင် အကြိုသဘောတူမှုစာချုပ်သော်လည်း ထရမ့်ဘက်က လက်ရှိစာချုပ်မှာ အဆုံးသတ် စာချုပ် မဟုတ်သေးသည့်အတွက် အီရန်၏

မဲခေါင်၊ ဇွန် ၁၈

ဇွန် ၁၇ ရက်က ပဲရစ်သို့ G7 ထိပ်သီးအစည်းအဝေးပွဲသို့ ရောက်ရှိနေစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြင်သစ်သမ္မတ မက်ခရွန်ရှေ့မှောက်၌ အီရန်နှင့် ကနဦး ရက် ၆၀ အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာကို ဗာဆိုင်းနန်းတော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အီရန်သမ္မတ ပီဇက်ခီယန်ဘက်ကလည်း လက်မှတ်ရေးထိုးလိုက်သဖြင့် ချက်ချင်းအပစ်ရပ်မှု အကြုံးဝင်သွားသော်လည်း နှစ်ဖက်စလုံးမှ အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ဇွန် ၁၉ ရက်မှ ဆွစ်ဇာလန်တွင် အဆိုပါ ရက် ၆၀ အပစ်ရပ်စာချုပ်ကို အတည်လက်မှတ်ရေးထိုးပွဲ ကျင်းပမည် ဖြစ်ရာ လက်ရှိတွင် အကြိုသဘောတူမှုစာချုပ်သော်လည်း ထရမ့်ဘက်က လက်ရှိစာချုပ်မှာ အဆုံးသတ် စာချုပ် မဟုတ်သေးသည့်အတွက် အီရန်၏ အပြုအမူများ နည်းလမ်း မကျပါက ဗုံးကြဲပြီး ငရဲမိုးများ အကုန် ရွာသွန်းစေရမည်ဟု ကြိမ်းမောင်းခဲ့သလို တီဟီရန်၏ ဒုံးကျည်များသည် ဆွေးနွေးနေမည် မဟုတ်ဘဲ ပစ်ခတ်ဖို့ သက်သက်သာ ဖြစ်ကြောင်းနှင့် အီရန်လက်ချောင်းများက မောင်းခလုတ်ပေါ် တင်ထားဆဲဟု အီရန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဘက်ခါ ဂါလီဖက်ကလည်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ပြန်လည် ခြိမ်းခြောက် ပြောကြားသွားခဲ့သည်။

အချက် ၁၄ ချက်ပါ သဘောတူညီချက်တွင် အမေရိကန်နှင့် မဟာမိတ်တို့ဘက်မှ အီရန်အား တိုက်ခိုက်ခဲ့မှုအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရေး ဒေါ်လာ ၃၀၀ ဘီလီယံပေးသွားမည်ဟု ကတိပြု ထားပြီး အီရန်စီးပွားရေး ပြန်လည် ဖွံ့ဖြိုးလာစေရန် အမေရိကန်ဘက်မှ ပိတ်ဆို့အရေးယူမှုများ ဖျက်သိမ်းပေးမည်ဆိုသည့် အချက်များလည်း ပါဝင်ကြောင်း Axios မီဒီယာက ဖော်ပြခဲ့သည်။

ဒေါ်နယ်ထရမ့်က အီရန်အတွက် ပေးရမည့်ငွေများသည် အမေရိကန်ပြည်သူ့အခွန်ထမ်းများ၏ ငွေနှင့် လုံး၀မသက်ဆိုင်ရဟုလည်း ကတိပြု ပြောဆိုခဲ့သည်။

အီရန်ဘက်က နျူကလီးယားလက်နက် လုံး၀မပိုင်ဆိုင်ရေးကို လက်ခံလိုက်သည်ဟု သိရသလို ဟော်မုဇ်ရေလက် ကြားပြန်ဖွင့်ပေးပြီး ရက် ၆၀ အတွင်း အီရန်၏ ရေနံနှင့် ဆက်စပ်ကုန်သွယ်မှုများကိုလည်း လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရမည်ဖြစ်ကာ ရက် ၃၀ အတွင်း ဟော်မုဇ်ရေလက်ကြားအခြေအနေသည် စစ်ပွဲမစမီကအတိုင်း ဖြစ်ရမည်၊ လက်ဘနွန်အတွင်း ဝင်တိုက်နေသော အစ္စရေးတပ်များလည်း ပြန်လည်ဆုတ်ခွာပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအတွင်း တိုက်ခိုက်မှု မရှိစေရဟု သဘောတူခဲ့ကြောင်း သိရသည်။

လက်ဘနွန် အတွင်း အီရန်ထောက်ပံ့ ဟစ်ဇ်ဘိုလာတပ်များနှင့် တိုက်ခိုက်နေသည့် အစ္စရေးအနေဖြင့် မိမိတို့ အမေရိကန် အကာအကွယ် မပေးထားလျှင် နိုင်ငံမရှိတော့သည်မှာ ကြာပြီဖြစ်ကြောင်းလည်း ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို သဘောတူညီချက် အတိုင်းလိုက်နာရန် သတိပေးစကား ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်၏ အချက် ၁၄ ချက်တွင် ပါဝင်လာမည့် ငြိမ်းချမ်းရေးသဘောတူညီချက်များမှာ

(၁) အမြဲတမ်းအပစ်အခတ်ရပ်စဲရေးသည် လက်ဘနွန်အပါ စစ်မျက်နှာအားလုံးပါဝင်ရန်
(၂) အမေရိကန်နှင့် အီရန်တို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်
(၃) အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကို ရက် ၃၀ အတွင်း ဖယ်ရှားပေးရန်
(၄) အီရန်က ဟော်မုဇ်ရေလက်ကြားကို ရက်ပေါင်း ၆၀ အတွင်း ကုန်တင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်း သွားလာနိုင်စေရေးအတွက် သေချာစေရန်
(၅) အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် အီရန်အတွက် အနည်းဆုံး ဒေါ်လာ ၃၀၀ ဘီလီယံ တန်ဖိုးရှိသော ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ပေးအပ်ရန်
(၆) အီရန်အပေါ် ရေနံနှင့် စွမ်းအင်ထုတ်ကုန်များ ပိတ်ဆို့အရေးယူမှု ရပ်ဆိုင်းရန်
(၇) အီရန်ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့မှုအတွက် အမေရိကန်က ကင်းလွတ်ခွင့်များ ထုတ်ပေးရန်
(၈) အမေရိကန့်ဘက်က အီရန်၏ ရန်ပုံငွေနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းမှုများအား ရပ်ဆိုင်းရန်
(၉) နျူကလီးယားလက်နက်များ မထုတ်လုပ်ရန် အီရန်ဘက်မှ ကတိကဝတ်ကို ထပ်မံအတည်ပြုရန်
(၁၀) အမေရိကန် – အီရန် နောက်ထပ်ဆွေးနွေးပွဲများအား ရက်ပေါင်း ၆၀ အတွင်းအပြီးလုပ်ဆောင်ပြီး နောက်ဆုံးသဘောတူညီချက် ရယူရန်
(၁၁) နှစ်နိုင်ငံစလုံးသည် နောက်ဆုံးသဘောတူညီချက်မရမချင်း လက်ရှိအခြေအနေကို ထိန်းသိမ်းထားရန်
(၁၂) အီရန်နှင့် အမေရိကန်တို့သည် ငြိမ်းချမ်းရေးသဘောတူညီချက် အောင်မြင်စွာ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ကြရန်
(၁၃)နောက်ဆုံး သဘောတူညီချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ စည်းနှောင်မှုအောက်တွင် အတည်ပြု ချုပ်ဆိုရန်တို့ ဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ငြိမ်းချမ်းရေး
#အီရန်
#ထရမ့်
#ခြိမ်းခြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now