ကမ္ဘာ့သတင်း

ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း မော်စကိုမြို့ကို ယူကရိန်း အကြီးမားဆုံး တိုက်ခိုက်

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ ရုရှား၏ အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း မော်စကိုမြို့သည် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရုရှားမြို့တော်တစ်ဝိုက်ရှိ ပစ်မှတ်များကို ဒရုန်းအစင်းရေ ၂၀၀ နီးပါးထိမှန်ခဲ့သဖြင့် ကောင်းကင်ယံသို့ ထူထဲသော မီးခိုးလုံးကြီးများ လွင့်ပျံတက်ခဲ့သည်။ မော်စကိုဒေသအတွင်း လူပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဗျော့ဗ်၏ ပြောကြားချက်အရ သိရသည်။ ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယူကရိန်းဒရုန်း အစင်းရေ ၁၀၀၀ နီးပါးနှင့် ခရုစ်ဒုံးကျည်၄ စင်းတို့ကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ ရုရှားတောင်ပိုင်း ရော့စတော့ဗ် ဒေသရှိ ရေနံသိုလှောင်ရုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး

မဲခေါင်၊ ဇွန် ၁၈

ရုရှား၏ အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း မော်စကိုမြို့သည် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရုရှားမြို့တော်တစ်ဝိုက်ရှိ ပစ်မှတ်များကို ဒရုန်းအစင်းရေ ၂၀၀ နီးပါးထိမှန်ခဲ့သဖြင့် ကောင်းကင်ယံသို့ ထူထဲသော မီးခိုးလုံးကြီးများ လွင့်ပျံတက်ခဲ့သည်။

မော်စကိုဒေသအတွင်း လူပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဗျော့ဗ်၏ ပြောကြားချက်အရ သိရသည်။

၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယူကရိန်းဒရုန်း အစင်းရေ ၁၀၀၀ နီးပါးနှင့် ခရုစ်ဒုံးကျည်၄ စင်းတို့ကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ရုရှားတောင်ပိုင်း ရော့စတော့ဗ် ဒေသရှိ ရေနံသိုလှောင်ရုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး လူတစ်ဦး သေဆုံးခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ကိဗ်အနေဖြင့် မော်စကိုဒေသကို တာဝေးပစ်ပိတ်ဆို့အရေးယူမှုများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ ရုရှားအနေနဲ့ သံတမန်ရေးရာမှာ လိုအပ်တဲ့ ခြေလှမ်းတွေကို လှမ်းရပါမယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းအကြီးအကျယ် ဒရုန်းတိုက်ခိုက်မှုမှာ လွန်ခဲ့သည့် သီတင်းပတ်က ကိဗ်မြို့ရှိ ထင်ရှားသော ဘာသာရေးအထွတ်အမြတ်နေရာတစ်ခုကို မီးလောင်ကျွမ်းစေခဲ့သည့် ရုရှား၏တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ဒီစစ်ပွဲကို မလိုချင်ပါဘူး၊ ဘယ်တုန်းကမှလည်း မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ ယူကရိန်းသာ မီးလောင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ မော်စကိုလည်း မီးလောင်ရလိမ့်မယ်”ဟု ဇီလန်းစကီးက ပြောကြားသည်။

မော်စကို အရှေ့တောင်ပိုင်းရှိ ကာပေါ့ညာ ရေနံချက်စက်ရုံသည် ယခုလအတွင်း တတိယအကြိမ်မြောက်အဖြစ် လည်းကောင်း၊ ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် လည်းကောင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကာ ကောင်းကင်ယံတစ်ခုလုံး မီးခိုးလုံးကြီးများဖြင့် မည်းမှောင်သွားခဲ့သည်။

ပြင်းထန်သော ပေါက်ကွဲမှုအရှိန်ကြောင့် ရေနံသိုလှောင်ကန် အကြီးစားတစ်ခု၏ အဖုံးမှာ လေထဲသို့ မီတာပေါင်းများစွာ လွင့်ထွက်သွားခဲ့ပုံကို ဗီဒီယိုမှတ်တမ်း အမြောက်အမြားတွင် တွေ့ရှိခဲ့ရသည်။

အနီးအနားရှိ ဈေးဝယ်စင်တာတစ်ခုတွင်လည်း ဒရုန်းအပျက်အစီးများ အဆောက်အအုံပေါ်သို့ ကျရောက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး၊ လူနေအထပ်မြင့်အဆောက်အအုံ အချို့မှ လူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

မော်စကိုမြို့ရှိ လေဆိပ်ကြီး ၄ ခုကိုလည်း ယာယီပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ်ပေါင်း ၅၀၀ ကျော် ဖျက်သိမ်းခြင်း သို့မဟုတ် နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ရုရှားတစ်ဝန်းရှိ ဒေသခံအာဏာပိုင်များက ဒရုန်းတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှု ရုပ်သံနှင့် ဓာတ်ပုံများကို ဖြန့်ဝေခြင်းမပြုရန် ပိတ်ပင်ထားသော်လည်း ကောင်းကင်ယံ၌ နေ့ခင်းကြောင်တောင် ဒရုန်းများ ပျံသန်းနေပုံနှင့် မော်စကိုမြို့ဆင်ခြေဖုံးရှိ စက်မှုဇုန်များအထက်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားနေပုံတို့ကို ပြသသည့် ဗီဒီယိုမှတ်တမ်းပေါင်းများစွာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

မော်စကိုက ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် စတင်ခဲ့သည်မှာ ၄ နှစ်ခွဲ ရှိလာခဲ့ပြီဖြစ်သော်လည်း၊ ယူကရိန်းရှေ့တန်းစစ်မျက်နှာမှ အပြန်အလှန် အင်အားပြုန်းတီးစေသည့် စစ်ပွဲမှာမူ သာမန် ရုရှားပြည်သူ အများစု၏ မျက်စိအောက်မှ ကွယ်ပျောက်ကာ ဆက်လက် အရှိန်ပြင်းနေဆဲ ဖြစ်သည်။

မော်စကိုနှင့် စိန့်ပီတာစဘတ်အပါအဝင် ရုရှားတစ်နိုင်ငံလုံးရှိ ပစ်မှတ်များအပေါ် ကိဗ်၏ တာဝေးပစ် တိုက်ခိုက်မှုများသည် ရုရှားပြည်သူများထံ “စစ်ပွဲကို အိမ်တိုင်ရာရောက် သယ်ဆောင်လာပေးရန်” ဟူသော ဇီလန်းစကီး၏ ရည်မှန်းချက်ကို ပြသနေခြင်း ဖြစ်သည်။

ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ခန့် ကွာဝေးသော မော်စကိုမြို့အပေါ် ဒရုန်းဖြင့် တိုက်ခိုက်မှုများသည် ကိဗ်အစိုးရ၏ တာဝေးပစ်နိုင်စွမ်းရည် တိုးတက်လာသည်နှင့်အမျှ ပိုမိုစိပ်လာခဲ့သည်။

ယူကရိန်း၏ ပထမဆုံး အောင်မြင်သော ဒရုန်းတိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ် နွေဦးရာသီတွင် ရုရှားမြို့တော်သို့ ရောက်ရှိခဲ့သော်လည်း ယင်းမှာ ရံဖန်ရံခါသာဖြစ်ပြီး ဒရုန်းအစင်းရေ အနည်းငယ်သာ ပါဝင်ခဲ့သည်။

ထိုအချိန်မှစ၍ မော်စကိုမြို့တစ်ဝိုက်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အကြီးအကျယ် တပ်ဆင်ခဲ့သော်လည်း ယူကရိန်းက ၎င်း၏တိုက်ခိုက်မှုများတွင် အသုံးပြုသည့် ဒရုန်းအရေအတွက်မှာလည်း ဆထက်ထမ်းပိုး တိုးပွားလာခဲ့ရာ အချို့သောဒရုန်းများသည် ယင်းလေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖောက်ထွက်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားဘက်ကလည်း ယူကရိန်းနိုင်ငံအတွင်းသို့ ညတွင်းချင်း ဒရုန်းအစင်းရေ ၂၀၀ ကျော်နှင့် တိုက်ချင်းပစ်ဒုံးကျည် အများအပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိဗ်အစိုးရက ပြောကြားခဲ့သည်။

ရုရှားအလယ်ပိုင်း ကာဇန်မြို့တွင် အရှေ့တောင်အာရှ ခေါင်းဆောင်များကို လက်ခံကာ ထိပ်သီးအစည်းအဝေး ကျင်းပပေးနေသည့် ဗလာဒီမာပူတင်ကမူ ရုရှားမြို့တော်အပေါ် အကြီးအကျယ် တိုက်ခိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

“ဒီမနက်ခင်းမှာ မော်စကိုမြို့ခံတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ ဘာတွေဖြစ်နေတာလဲ ဆိုတာပါပဲ။ ကျနော် ဖြေပေးနိုင်ပါတယ်။ ခင်ဗျားတို့နိုင်ငံက ကျနော်တို့နိုင်ငံအပေါ် ကျူးကျော်စစ်ကို စတင်ခဲ့တာပါ။ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့ ပြည်သူတွေကို သတ်ဖြတ်နေခဲ့တာပါ” ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

“အခု ဘာတွေဖြစ်နေလဲဆိုတာ သိပြီဆိုရင်တော့ စစ်ပွဲကို ဘယ်တော့အဆုံးသတ်ဖို့ စီစဉ်ထားလဲဆိုတာ ပူတင်ကိုပဲ သွားမေးလိုက်ကြပါ”ဟု ၎င်းက ဆက်လက် ရေးသားခဲ့သည်။

Ref:BBC
#MeKongNews
#ရုရှားကျူးကျော်စစ်
#မော်စကိုမြို့
#ယူကရိန်း
#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now