ကမ္ဘာ့သတင်း

ပူတင်ကို ဝေဖန်သော ရုရှားအနုပညာရှင် ပိုလန်တွင် ပစ်သတ်ခံရ

မဲခေါင် 17 Jun - 2026
မဲခေါင်၊ ဇွန် ၁၇ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဝေဖန်လေ့ရှိသူ အသက် ၄၄ နှစ်အရွယ် ရုရှားအနုပညာရှင် ရောဘတ်ကူဇော့နော့ဗ်သည် ပိုလန်နိုင်ငံအရှေ့ပိုင်း ဘီယာလာပေါ့လက်စကာမြို့မှ ၎င်း၏ နေအိမ်အနီးတွင် အနီးကပ်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း ပိုလန်အစိုးရရှေ့နေများက ပြောကြားကြသည်။ တနင်္လာနေ့က သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် အသက် ၃၇ နှင့် ၃၃ နှစ်အရွယ် ဘီလာရုစ်နိုင်ငံသား ၂ ဦးကို ဘီလာရုစ်ကောင်စစ်ဝန်ရုံးအနီးတွင် ဖမ်းဆီးခဲ့ကြောင်း ရှေ့နေများက ပြောကြားကြသည်။ ကလောင်နာမည် ဆမ်ယွန်စကရီပက်စကီး အသုံးပြုသော အနုပညာရှင်က ၎င်း၏ အနုပညာလက်ရာများမှတစ်ဆင့် ရုရှားအာဏာပိုင်များ၏ လက်ရှိမူဝါဒများကို ဝေဖန်လေ့ရှိသည်ဟု အစိုးရရှေ့နေများက ပြောကြားကြသည်။ ၎င်းသည် ရုရှားသမ္မတ ပူတင်၊ ချေချင်းညာခေါင်းဆောင် ကာဒီရော့ဗ်

မဲခေါင်၊ ဇွန် ၁၇

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဝေဖန်လေ့ရှိသူ အသက် ၄၄ နှစ်အရွယ် ရုရှားအနုပညာရှင် ရောဘတ်ကူဇော့နော့ဗ်သည် ပိုလန်နိုင်ငံအရှေ့ပိုင်း ဘီယာလာပေါ့လက်စကာမြို့မှ ၎င်း၏ နေအိမ်အနီးတွင် အနီးကပ်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း ပိုလန်အစိုးရရှေ့နေများက ပြောကြားကြသည်။

တနင်္လာနေ့က သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် အသက် ၃၇ နှင့် ၃၃ နှစ်အရွယ် ဘီလာရုစ်နိုင်ငံသား ၂ ဦးကို ဘီလာရုစ်ကောင်စစ်ဝန်ရုံးအနီးတွင် ဖမ်းဆီးခဲ့ကြောင်း ရှေ့နေများက ပြောကြားကြသည်။

ကလောင်နာမည် ဆမ်ယွန်စကရီပက်စကီး အသုံးပြုသော အနုပညာရှင်က ၎င်း၏ အနုပညာလက်ရာများမှတစ်ဆင့် ရုရှားအာဏာပိုင်များ၏ လက်ရှိမူဝါဒများကို ဝေဖန်လေ့ရှိသည်ဟု အစိုးရရှေ့နေများက ပြောကြားကြသည်။

၎င်းသည် ရုရှားသမ္မတ ပူတင်၊ ချေချင်းညာခေါင်းဆောင် ကာဒီရော့ဗ် နှင့် အခြားရုရှားအရာရှိကြီးများ၏ ပုံပျက်ပန်းပျက် ပုံများ ရေးဆွဲခဲ့ကာ ပုံတစ်ပုံတွင် ဆိုဗီယက်အာဏာရှင်ဟောင်း ဂျိုးဆက်ဖ်စတာလင်၏ လက်ထဲတွင် ပွေ့ချီခံထားရသည့်ကလေးငယ်အဖြစ် ပူတင်ကို ပုံ‌ဖော်ခဲ့သည်။

ရုရှားက လွတ်လပ်သော အချုပ်အခြာပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည့် ဇွန် ၁၂ ရက် ရုရှားနိုင်ငံနေ့တွင်လည်း ၎င်းက ဘာလင်မြို့၌ ရှိနေစဉ် ရုရှားအလံကို အမှိုက်ပုံးတစ်ခုထဲသို့ ပစ်ထည့်နေသော ဗီဒီယိုကို ရောဘတ်ကူဇော့နော့ဗ်က တနင်္ဂနွေနေ့တွင် အွန်လိုင်းပေါ်တင်ခဲ့သည်။

၎င်း၏ နေအိမ်အနီးတွင် မည်သူမည်ဝါမှန်းမသိသူတစ်ဦးက ရုရှား အနုပညာရှင်နားကပ်ကာ သေနတ်ဖြင့် ၂ ချက်ဆင့်ပစ်ခတ်ခဲ့ပြီး ထို့နောက် ၃ ကြိမ်ထပ်မံပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း နှင့် ၎င်းသည် ဦးခေါင်း၊ ရင်ဘတ်နှင့် နောက်ကျောတို့ကို ထိမှန်သော ဒဏ်ရာများကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရှေ့နေများက ပြောကြားကြသည်။

ရုရှားအနုပညာရှင်သေဆုံးခြင်းမှာ မော်စကိုလက်ချက်ဖြစ်ကြောင်း ပိုလန် အစိုးရရှေ့နေများက ပြောကြားခြင်းမရှိခဲ့ဘဲ ပိုလန်ပြည်တွင်းလုံခြုံ‌ရေးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ကြောင်း အေပီသတင်းက ဖော်ပြသည်။

အေးကျော််
Ref:AP
#MeKongNews
#ပူတင်
#ရုရှားအနုပညာရှင်
#ပိုလန်
#ပစ်သတ်ခံရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ကံသာရပ် ယမ်းမီးလောင်မှုတွင် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆေးကုသမှုခံယူနေသူများအနက် တစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယခု အောက်တိုဘာလ ၁၆ရက်နေ့၌ တာချီလိတ်မြို့၊ အာခါဈေးအနီးတဝိုက်တွင် ကား ၂စီးဖြင့် ပေါ်တာဆွဲသွားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now