ကမ္ဘာ့သတင်း

အမေရိကန် B-52 ဗုံးကြဲလေယာဉ် ပျက်ကျမီးလောင်၊ လိုက်ပါသူ ၈ ဦးသေဆုံး

မဲခေါင် 16 Jun - 2026
မဲခေါင်၊ ဇွန် ၁၆ အမေရိကန်လေတပ်မှ B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စီးသည် ယမန်နေ့က ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဂျာဗီသဲကန္တရ၊ အက်ဒဝပ်လေတပ်စခန်းမှ ပျံတက်စဉ် ပျက်ကျပြီး မီးလောင်ကျွမ်းကာ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ၈ ဦး စလုံး သေဆုံးခဲ့ကြောင်း လေတပ်အရာရှိများက ပြောကြားကြသည်။ နျူကလီးယားနှင့် သမားရိုးကျဗုံးများကိုပါ သယ်ဆောင်နိုင်သော အင်ဂျင် ၈ လုံးပါ ဂျက်စွမ်းအားသုံး ဗုံးကြဲလေယာဉ်သည် ပုံမှန် စမ်းသပ်ပျံသန်းသည့် မစ်ရှင်အတွင်း လေတပ်စခန်းမှထွက်ခွာ၍ မြေပြင်မှအတက်တွင် ပြေးလမ်းပေါ် ပျက်ကျခဲ့သည်ဟု လေတပ်ဗိုလ်မှူးကြီး ဂျိမ်းစ်ဟေရက်စ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ မတော်တဆမှု ဖြစ်ဖြစ်ပြီးချင်းတွင် လေယာဉ်ပျက်ကျရာနေရာမှ မီးခိုးလုံးကြီးများ တက်လာသည်ကို မိုင်နှင့်ချီသော အကွာအဝေးမှ လှမ်းမြင်ရကြောင်း သိရသည်။

မဲခေါင်၊ ဇွန် ၁၆

အမေရိကန်လေတပ်မှ B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စီးသည် ယမန်နေ့က ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဂျာဗီသဲကန္တရ၊ အက်ဒဝပ်လေတပ်စခန်းမှ ပျံတက်စဉ် ပျက်ကျပြီး မီးလောင်ကျွမ်းကာ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ၈ ဦး စလုံး သေဆုံးခဲ့ကြောင်း လေတပ်အရာရှိများက ပြောကြားကြသည်။

နျူကလီးယားနှင့် သမားရိုးကျဗုံးများကိုပါ သယ်ဆောင်နိုင်သော အင်ဂျင် ၈ လုံးပါ ဂျက်စွမ်းအားသုံး ဗုံးကြဲလေယာဉ်သည် ပုံမှန် စမ်းသပ်ပျံသန်းသည့် မစ်ရှင်အတွင်း လေတပ်စခန်းမှထွက်ခွာ၍ မြေပြင်မှအတက်တွင် ပြေးလမ်းပေါ် ပျက်ကျခဲ့သည်ဟု လေတပ်ဗိုလ်မှူးကြီး ဂျိမ်းစ်ဟေရက်စ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မတော်တဆမှု ဖြစ်ဖြစ်ပြီးချင်းတွင် လေယာဉ်ပျက်ကျရာနေရာမှ မီးခိုးလုံးကြီးများ တက်လာသည်ကို မိုင်နှင့်ချီသော အကွာအဝေးမှ လှမ်းမြင်ရကြောင်း သိရသည်။

လေယာဉ်ပေါ်၌ အစိုးရအရာရှိအရပ်သားများ၊ အစိုးရကန်ထရိုက်တာများ၊ ယူနီဖောင်းဝတ် စစ်သားများ လိုက်ပါခဲ့ကြောင်း ပြောခွင့်ရသူက ဆိုသည်။

၎င်းတို့၏ ဝန်ထမ်း ၂ ဦး လည်း သေဆုံးခဲ့ကြောင်း ၎င်းလေယာဉ်များကို ပုံစံထုတ်၊ တည်ဆောက်ခဲ့သည့် ဘိုးရင်းကုမ္ပဏီက ပြောသည်။

ယင်းခရီးစဉ်သည် ရေဒါခေတ်မီဆန်းသစ်ရေးအစီအစဉ်တစ်ခုအတွက် ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပျက်ကျရသည့်အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီး ဟေးရက်စ်က ပြောကြားသည်။

မိုဂျာဗီသဲကန္တာရ မှ ရေခန်းခြောက်နေသော ရေကန်တစ်ခု၏ ကြမ်းပြင်ပေါ်တွင် ၁၉၃၀ ခန့်က တည်ဆောက်ခဲ့ပြီး စတုရန်းမိုင်ပေါင်း ၄၈၁ မိုင် ကျယ်ဝန်းသော စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်သည့် အက်ဒဝပ်လေတပ်စခန်းသည် အမေရိကန်လေတပ်တွင် အကြီးမားဆုံး လေယာဉ်ကွင်းဖြစ်ကြောင်း သိရသည်။

အသံထက်မမြန်သော်လည်း တာဝေးပျံသန်းနိုင်သော B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးများသည် လက်နက်နှင့် ထောက်ပံ့‌ရေးပစ္စည်း တန် ၃၀ ကျော် တင်ဆောင်နိုင်ပြီး အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တပ်ဖွဲ့တွင် အမာခံများအဖြစ် ကြာရှည်စွာ ရပ်တည်ခဲ့သည်။

အေးကျော််
Ref:Reuters
#MeKongNews
#အမေရိကန်
#B-52
#ဗုံးကြဲလေယာဉ်
#ပျက်ကျမီးလောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now