နေ့စဥ်သတင်း

ဟိုပုံးတွင် ရဲဖမ်းသွားသည့် လူငယ်တစ်ဦး တစ်လနီးပါး ပျောက်ဆုံးနေ

မဲခေါင် 18 May - 2026
မဲခေါင်၊ မေ ၁၈ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသော်လည်း ယခုအချိန်ထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသေးဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ မိသားစုဝင်များ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်တွင် ဟိုပုံးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်ရပ်နယ်မြေ (၁) ရှိ ၎င်းတို့၏ နေအိမ်သို့ လာရောက်ကာ အစ်ကိုနှင့် ညီဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ယင်းနောက် အစ်ကိုဖြစ်သူအား ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး ညီဖြစ်သူ ခွန်ကျော်ရဲနိုင် (ခ) ခွန်လှကျော်ကိုမူ ဖမ်းဆီးသည့်ညတွင်ပင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသော်လည်း ယခုအချိန်ထိ နေအိမ်သို့ ပြန်မရောက်လာသေးကြောင်း မိသားစုများနှင့် နီးစပ်သူက

မဲခေါင်၊ မေ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသော်လည်း ယခုအချိန်ထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသေးဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မိသားစုဝင်များ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်တွင် ဟိုပုံးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်ရပ်နယ်မြေ (၁) ရှိ ၎င်းတို့၏ နေအိမ်သို့ လာရောက်ကာ အစ်ကိုနှင့် ညီဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းနောက် အစ်ကိုဖြစ်သူအား ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး ညီဖြစ်သူ ခွန်ကျော်ရဲနိုင် (ခ) ခွန်လှကျော်ကိုမူ ဖမ်းဆီးသည့်ညတွင်ပင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသော်လည်း ယခုအချိန်ထိ နေအိမ်သို့ ပြန်မရောက်လာသေးကြောင်း မိသားစုများနှင့် နီးစပ်သူက ဆိုသည်။

“မောင်လေးကို ပြန်လွှတ်ပေးတယ်လို့ သိရပေမယ့် အခုထိ အိမ်ပြန်မရောက်သေးသလို ဖုန်းအဆက်အသွယ်လည်း မရသေးပါဘူး။ ပြန်လွှတ်ပေးလိုက်တယ် ဆိုပေမယ့် လူက အခုထိ အိမ်မပြန်ရောက်သေးတာ မိသားစုအတွက် ပိုပြီးစိုးရိမ်စရာဖြစ်နေတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် လက်ရှိတွင် မိသားစုဝင်များက ပျောက် ဆုံးနေသည့် လူငယ်အား တွေ့ရှိပါက သတင်းပေးအကြောင်းကြားပေးရန် လူမှုကွန်ရက်မှတစ်ဆင့် အကူအညီ တောင်းခံထားသည်။

ထို့ပြင် ဟိုပုံးဒေသခံရှိ လူငယ်များအား စစ်ကောင်စီတပ်နှင့် PNO နှင့် ဆက်စပ်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် ခြိမ်းခြောက်မှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု မြို့ခံများက ဆိုသည်။

#MeKongNews
#ဟိုပုံး
#ရဲဖမ်း
#လူငယ်တစ်ဦး
#ပျောက်ဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now