ကမ္ဘာ့သတင်း

အီရန်စစ်ပွဲအတွက် ဒေါ်လာ ၂၅ ဘီလီယံ ကုန်သွားပြီဟု ပင်တဂွန် ဖွင့်ဟ

မဲခေါင် 30 Apr - 2026
မဲခေါင်၊ ဧပြီ ၃၀ အီရန်စစ်ပွဲတွင် လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျသွားခဲ့ပြီ ဖြစ်ကြောင်း ပဋိပက္ခနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်သော စစ်စရိတ်ခန့်မှန်းချက်တွင် ပင်တဂွန်အရာရှိကြီးတစ်ဦးက ပြောကြားသည်။ ဒေါ်နယ်ထရမ့်၏ ရီပတ်ဘလီကန်များက အောက်လွှတ်တော် လူများစုနေရာကို ဆက်လက်ထိန်းသိမ်းရန် ရုန်းကန်ရဖွယ်ရှိသော သက်တမ်းဝက် ရွေးကောက်ပွဲများ ကျင်းပရန် ၆ လ ခန့်သာ လိုတော့ချိန်တွင် လူကြိုက်မများသော စစ်ပွဲကို ကုန်ကျစရိတ် နှင့် ပြည်သူလူထုအပေါ် သက်ရောက်မှုများအား ချိတ်ဆက်ရန် ကြိုးပမ်းနေသည့် ဒီမိုကရက်များက လူထုစစ်တမ်းများတွင် အသာစီးရနေသည်။ စစ်ပွဲ၏ ကုန်ကျစရိတ် အများစုကို လက်နက်ခဲယမ်းများအတွက် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စာရင်းအင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲသူအဖြစ်

မဲခေါင်၊ ဧပြီ ၃၀

အီရန်စစ်ပွဲတွင် လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျသွားခဲ့ပြီ ဖြစ်ကြောင်း ပဋိပက္ခနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်သော စစ်စရိတ်ခန့်မှန်းချက်တွင် ပင်တဂွန်အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ဒေါ်နယ်ထရမ့်၏ ရီပတ်ဘလီကန်များက အောက်လွှတ်တော် လူများစုနေရာကို ဆက်လက်ထိန်းသိမ်းရန် ရုန်းကန်ရဖွယ်ရှိသော သက်တမ်းဝက် ရွေးကောက်ပွဲများ ကျင်းပရန် ၆ လ ခန့်သာ လိုတော့ချိန်တွင် လူကြိုက်မများသော စစ်ပွဲကို ကုန်ကျစရိတ် နှင့် ပြည်သူလူထုအပေါ် သက်ရောက်မှုများအား ချိတ်ဆက်ရန် ကြိုးပမ်းနေသည့် ဒီမိုကရက်များက လူထုစစ်တမ်းများတွင် အသာစီးရနေသည်။

စစ်ပွဲ၏ ကုန်ကျစရိတ် အများစုကို လက်နက်ခဲယမ်းများအတွက် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စာရင်းအင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲသူအဖြစ် တာဝန်ယူထားသည့် ဂျူးလ်ဟတ်စ်က အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ရေးရာကော်မတီအား ပြောကြားသည်။

ကုန်ကျစရိတ် ခန့်မှန်းချက်တွင် ပါဝင်သည့် အကြောင်းအရာများကို ဟတ်စ်က အသေးစိတ် မပြောခဲ့သလို ပဋိပက္ခအတွင်း ပျက်စီးခဲ့သည့် အရှေ့အလယ်ပိုင်းမှ အခြေစိုက်စခန်းများ ပြန်လည်ပြုပြင်စရိတ်ကို ထည့်တွက်ထားခြင်း ရှိ၊ မရှိ ကိုလည်း ၎င်းက မပြောခဲ့ပေ။

“အဲဒီမေးခွန်းကို ခင်ဗျားလာဖြေတာ ကျနော်တို့ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမေးခွန်းကို ကျနော်တို့ မေးနေတာ ကြာလှပြီ။ ဘယ်သူမှ လာမဖြေကြလို့ပဲ” ဟု အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီမှ ထိပ်တန်း ဒီမိုကရက်အမတ် အဒမ်စမစ်က ဟတ်စ်အား ပြောကြားသည်။

ဒေါ်လာ ၂၅ ဘီလီယံ ဘတ်ဂျက်သည် အမေရိကန်အာကာသအေဂျင်စီ နာဆာ၏ ယခုနှစ် တစ်နှစ်လုံးစာ ဘတ်ဂျက်နှင့် ညီမျှကြောင်း သိရသည်။

သို့သော် ပင်တဂွန်က ဒေါ်လာ ၂၅ ဘီလီယံ ခန့်မှန်းချက်အား မည်သို့ တွက်ချက်ခဲ့သည်ဆိုခြင်းမှာ မရှင်းလင်းပေ။

အကြောင်းမှာ စစ်ပွဲ၏ ပထမ ၆ ရက် ကုန်ကျစရိတ်တစ်ခုတည်းပင် ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံ ရှိကြောင်း ထရမ့်အစိုးရက ပြီးခဲ့သည့်လအတွင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့၍ ဖြစ်သည်။

အီရန်အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမရှိစေရေး အမေရိကန်၏ ရည်မှန်းချက်ကို ထောက်ရှုပါက ယင်းကုန်ကျစရိတ်မှာ ထိုက်တန်မှုရှိကြောင်း ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က လွှတ်တော်အမတ်များအား ပြောသည်။

အေးကျော်
Ref: Reuters
#MeKongNews
#အီရန်စစ်ပွဲ
#ဒေါ်လာ
#ပင်တဂွန်
#ဖွင့်ဟ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now