မဲခေါင်၊ ဧပြီ ၂၂
ဆွေးနွေးမှုများအတွက် အချိန်ပိုပေးရန် အီရန်နှင့် အပစ်အခတ် ရပ်စဲထားမှုကို အချိန်အကန့်အသတ်မရှိ သက်တမ်းတိုးလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
ယခုဖြစ်ရပ်သည် အီရန်နိုင်ငံမှ ဓာတ်အားပေးစက်ရုံများနှင့် အရပ်သား အခြေခံအဆောက်အအုံများကို ဗုံးကြဲဖျက်ဆီးပစ်မည်ဟု ထရမ့်က အကြိမ်ကြိမ်ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နောက်ပြန်ဆုတ်သော ၎င်း၏ နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်သည်။
သို့သော် အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုများကို ဆက်ထားမည်ဟု ၎င်းက ဆက်ပြောသည်။
ပဋိပက္ခအား အဆုံးသတ်နိုင်ရန် တစ်စုတစ်စည်းတည်းရှိသည့် အဆိုပြုချက်ကို အီရန်က တင်ပြနိုင်သည်အထိ အပစ်ရပ်မှုကို သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ထရမ့်က လူမှုမီဒီယာပေါ်တွင် ရေးသားသည်။
အီရန်အပေါ် ပိတ်ဆို့မှုကို ဆက်လက်ထားရှိရန် စစ်ဘက်က ညွှန်ကြားထားသည်ဟုလည်း ၎င်းကဆက်ပြောသည်။
ယခင်က ၎င်းကြေညာထားသည့် သီတင်း ၂ ပတ် အပစ်ရပ်မှု ကုန်ဆုံးရန် နာရီပိုင်းအလိုတွင် ထရန့်၏ ကြေညာချက် ထွက်လာခြင်းဖြစ်ကာ အီရန်အစိုးရအတွင်း မသင့်မြတ်မှုများကြောင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ရသည့် ပုံစံမျိုး ထရမ့်က ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ အီရန်နှင့် အစ္စရေးတို့ထံမှ မည်သည့်မှတ်ချက်မှ ထွက်ပေါ်မလာသေးကြောင်း သိရသည်။
ထိုအတောအတွင်းမှာပင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်သည် ပါကစ္စတန်သို့ သွားရောက်မည် မဟုတ်သေးကြောင်းနှင့် လူချင်းတွေ့ဆုံမည့် အစည်းအဝေးအသစ်များနှင့် ပတ်သက်၍ ကြေညာသွားမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ပြောကြားသည်။
ထရမ့်၏ အပစ်ရပ်ကြောင်း ကြေညာချက်ကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ် ရှာရစ်ဖ် တို့က ကြိုဆိုခဲ့ကြသည်။
အေးကျော်
Ref: Agencies
#MeKongNews
#အီရန်
#ခြိမ်းခြောက်
#အပစ်ရပ်မှု
#ထရမ့်
#သက်တမ်းတိုး








